စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာ့ပန်းချီ အနုပညာရဲ့ အံသြဖွယ် အလှတရားများ


 ဒီပန်းချီကားလေးဟာ မြန်မာရဲ့ ဂုဏ်ထူးဆောင်ကျုံးပတ်လည်ဝိုင်းနေတဲ့ မန္တလေးမြို့ကို ကိုယ်စားပြုတဲ့ ပန်းချီကား တစ်ခုဖြစ်ပါတယ်။

ဝါးဓနိဖြင့် အိပ်ကပ်နံရံလုပ်နေကြတဲ့ မိသားစုပုံ ပန်းချီကားတစ်ခုဖြစ်ပါတယ်။

ဒီပန်းချီကားမှာ မြန်မာ့လက်မှုပညာရပ်ကို ဖော်ကျူးထားမှုကိုတွေ့မြင်ရပါတယ်။

တောရွာဓလေ့နွားရေဆေးနေတဲ့ မြင်ကွင်းတစ်ခုဖြစ်ပါတယ်။ အင်မတန် အေးချမ်းပျော်ရွှင်ဖွယ်မြင်ကွင်းလေးတစ်ခုဖြစ်ပါတယ်။


ထန်းပင်တန်းမှာ ရဟန်းသံဃာတို့ ခရီးသွားနေသည့်ပုံလေးတစ်ပုံဖြစ်ပါတယ်။ ကြည်ညိုလေးစားဖွယ်ပုံလေးတစ်ပုံဖြစ်ပါတယ်။

ညနေခင်းရေခပ်ဆင်းနေကြတဲ့လုံမပျိုတစ်စုပုံလေးဖြစ်ပါတယ်။ အညာဒေသတွေမှာ လုပ်လေ့လုပ်ထရှိတဲ့ ဓလေ့ကို ဖော်ကျူးထားတဲ့ပုံတစ်ပုံလည်းဖြစ်ပါတယ်။

ကျွန်တော်ကတော့ ဒီပုံလေးကို ၀မ်းဆာရှာဖွေနေရပေမဲ့ သားသမီးကို ချစ်ခင်မြတ်နိုးတဲ့ မိခင်မေတ္တာကို ဖော်ကျူးတဲ့ ပန်းချီကားတစ်ခုလို့မြင်ပါတယ်။

မိတ်ဆွေတို့ကရော ဘယ်လိုမြင်သလဲတော့မသိဘူးဟီး။


ဒီပုံလေးကတော့ အထူးပြောစရာမလိုတဲ့ပုံလေးတစ်ခုဖြစ်ပါတယ်။ ရှေးယခင်က မြန်မာလူမျိုးတို့က ညနေအချိန်တွေမှာ ဒီလိုမျိုး ၀ိုင်းခြင်းခတ်ကြတဲ့ပုံတစ်ပုံဖြစ်ပါတယ်။

အင်မတန်ဂုဏ်ယူစရာကောင်းတဲ့ ပုံတစ်ပုံလည်းဖြစ်ပါတယ်။

ဒီပုံကတော့ အထူးပြောစရာလိုမယ်မထင်ဘူးနော် အဟိ ကောင်မလေးတွေကို ယောင်္ကျားလေးတစ်ယောက်က

ပန်းလက်ဆောင်ပေးရင် အဲဒီယောင်္ကျားလေးက မိန်းကလေးအပေါ်မှာ အရှုံးပေးတယ်လို့ အဓိပ္ပာယ်သက်ရောက်တယ်ဗျ။

ဘာလဲဆိုတော့ ချစ်ခွင့်ပန်တဲ့သဘောပေါ့ဗျာ။ ဒီလိုဓလေ့မျိုးက ဓနုဒေသမှာ ရှိတယ်လို့တော့ ကြားဖူးတယ် ကိုယ်တိုင်တော့ အခုထိ မမြင်ဖူးသေးဘူးဗျ


ဒီပုံလေးက မြန်မာ့ရိုးရာ ပုသိမ်ထီးယက်လုပ်နေတဲ့ပုံလေးဖြစ်ပါတယ်။ မြန်မာမှု မြန်မာဟန်အပြည့်ပါရှိတဲ့ပုံတစ်ပုံလည်းဖြစ်ပါတယ်။
ဒီပုံလေးကအရမ်းကို အဓိပ္ပာယ်ရှိတဲ့ပုံလေးတစ်ပုံဖြစ်ပါတယ်။ လယ်စောင့်တဲ့မှာရှိတဲ့ ကလေးတွေဟာ ညနေအချိန်တွေမှာ ဒီလိုမျိုး စုဝေးပြီး

ကစားသူကစား စာကြည့်တဲ့စာကြည့်တတ်တဲ့ ဓလေ့ရှိတယ်တဲ့ဗျ။
အဟဲ ဒီပုံကတော့ ဘာလုပ်နေမှန်ကျွန်တော်လည်းမသိဘူး စာအုပ်ထဲမှာ မပါလို့ အဟိ သိတဲ့လူရှိရင်ပြောပြခဲ့အုံးနော်
တန်ဖိုးရှိတဲ့ မြန်မာပန်းချီကားအနုပညာလက်ရာတွေကို ရှာဖွေစုဆောင်း တင်ပြပေးလိုက်ပါတယ်။

အင်မတန်သာယာလှပကြည်နူးဖွယ်ကောင်းတဲ့ မြန်မာ့အနုပညာလက်ရာ ပန်းချီကားတွေကိုကြည့်ရင်းနဲ့ မြန်မာပန်းချီလောကကို

ကောင်းချီပေးနိုင်ကြပါစေလို့ ဆုတောင်းရင်းနဲ့

ခင်မင်လေးစားလျက်

ပြည့်စုံ

1 comment:

  1. အမျိုးသမီးနှစ်ယောက် ချောင်းစပ်က သဲပြင်မှာ အုန်းမုတ်ခွက်နှင့် ရေခပ်နေတာဖြစ်ပါတယ် ....သဲသောင်စပ်မှာ လက်နှင့်ယက်ပြီးသဲတွင်းလေး တူးထားတော့ ရေစစ်ထားသလို ဖြစ်ပြီး ရေကြည်လေးတွေစုနေတတ်ပါတယ်..ချောင်းရေက အမှိုက်သရိုက်ပါတတ်တော့ အဲ့ဒိလို လက်ယက်တွင်းလေးတွေ တူးပြီး ရေခပ်ခဲ့ကြတဲ့ အထဲမှာ ကျွန်တော့် မေမေလည်း တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပါတယ်.....ရေကကြည်ပြီး သန့်စင်က ချိုလှပါတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...