စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...
ဆုတောင်းပြောင်းလို့  ကောင်းတဲ့ ဘုရင်
    စိတ်ခံစားမှု့ ပြင်းထန်တာတို့    အလေ့ အကျင့် များခဲ့ တာတို့ ရှိခဲ့ တဲ့  အကြောင်းအရာတွေဆို
ဘယ်လောက်ပင် နှစ်တွေကြာပါစေ လူတော်တော်များဟာ မှတ်မိနေတတ်ကြတယ် ..၊
ကျွန်တော် ခပ်ငယ်ငယ် မူလတန်းကျောင်းသားဘဝ (၈)လေးလုံး အရေးခင်းက ဟစ်အော်သံတစ်ပိုင်းတစ်စ
(ယ္ခု  ကျွန်တော် အသက် က၃၀ကျော်ပါပြီ) ပြန်လည်စဉ်းစာမိတယ်..............
 ( ဘဲဥတစ်လုံး နှစ်ကျပ်ခွဲ  စိန်လွင် ခေါင်းကိုခွဲ၊  ဆန်တစ်ပြည် တစ်ဆယ့် ငါးကျပ် စိန်လွင်ခေါင်းကိုဖြတ်)
အော်ဟစ်ဆူညံသံတွေ ကလေးဘဝ ဘာမှတော့ မသိခဲ့ စိတ်ထဲမှာတော့ ထူးဆန်းလို့ လား ကြောက်စိတ်လားမပြောတတ်  မှတ်မိလောက်တဲ့ အထိခံစားခဲ့ မိလို့ တရေးရေး တစ်ပိုင်းတစ်စ ယ္ခုထိမှတ်မိနေတယ်  လက်ရှိကုန်ဈေးနှုန်းနဲ့ တော့ လားလားမှနှိုင်းယှဉ်လို့ မရ အရေးခင်းမှာ ဘာကိုလိုချင်လို့  ဘာတွေတောင်းဆိုခဲ့ ကြလဲ
အခုရော ဘယ်လိုလည်း  တွေးမိတယ်...၊
             ဂေါတမ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း၄၀၀လောက် အကြာ ခရစ်တော် မပေါ်မှီ နှစ်ပေါင်း၂၀၀လောက်စောတဲ့ ကာလလောက်က  (ခရစ်တော်သည်ဂေါတမမြတ်စွာနောက်နှစ်ပေါင်း၆၀၀ကျော်
နောက်ကျသည်)ဖြစ်ရပ်မှန်လေး တစ်ခု ဖတ်ဖူးတယ်    ရောမနဲ့ ခေါမ ယ္ခု အီတလီနဲ့ ဂရိပေါ့ စစ်တိုက်နယ်လုမှု့ တွေအပြန်အလှန်နဲ့ သူတပြန် ကိုယ်တလှည့် သိမ်းပိုက်ခဲ့ တဲ့ နေရာလေးတစ်နေရာဖြစ်တဲ့ မြေထဲပင်လယ်
အလွန်ကြမ်းကြုတ်ရက်စက်တဲ့ ဘုရင်ကြားသွားတယ် ဘုရင် ကလည်း တစ်ဦးထဲအရပ်သားအသွင် ရုပ်ဖျက်
ပြီး တိုင်းပြည်မှာ ဘာတွေ ဘယ်လို ဘယ်သူတွေ ပုန်ကန်ဖို့ အကြံအစည်ရှိတယ်ဆိုသိရအောင် စနည်းနာ
တဲ့ သဘောနဲ့ ထောက်လှမ်းစုံစမ်းမှု့ မကြာခဏထွက်ရင်း အဖွာအိုရဲ့ ဆုတောင်းကိုတိုက်တိုက်ဆိုင်ဆိုင်
ကြားလိုက်ရတဲ့ နေ့ ပေါ့ ဘုရင်ကြီးက  အဖွာအိုနားကပ်သွားပြီးမေးတယ်  အဖွားဒီလောက်ကြမ်းတမ်းရက်စက်တဲ့ 
ဘုရင်ကို ငါတို့ ဘုရင်ကြီး ကျန်းမာပါစေ သက်တော်ရာကျော်ရှည်ပါစေလို့   ဘာကြောင့် ဆုတောင်းတာလဲလို့ မေးတော့ တာပေါ့   ဒီ အခါ အဖွားအိုက  ဟဲ့ မောင်ရင် ငါ အပျိုဖေါ်ဝင်စ
အရွယ်ထဲက ဒီနတ်ကွန်းလေးမှာဆုတောင်းလာတာ ရက်စက်ကြမ်းကြုတ်တဲ့ ဘုရင် မြန်မြန်သေပါစေ
ဆိုပြီးဆုတောင်းခဲ့ တာ ဆုတောင်းပြည့် လို့ ပထမ ဘုရင်နန်းကျ နောက်တစ်ပါးတက်ပိုပြီးကြမ်းကြုတ်ရက်စက်နဲ့ 
ငါ အခုအသက်အရွယ်ေ၇ာက်တဲ့ အထိ ပိုလို့ ပိုလို့ ရက်စက်တဲ့ ဘုရင်တွေသာတွေ့ လာတယ်ဒါကြောင့် 
ဒီဘုရင်မြန်မြန်သေဆုံးဖို့ ဆုတောင်းရင် ပိုဆိုးတဲ့ နောက်ဘုရင်မြန်မြန်ပေါ်လာမှာစိုးလို့  ငါ ဆုတောင်းပြောင်းလိုက်တယ်..၊
ဇတ်လမ်း အကျဉ်းပြောရရင် ဘုရင်ကြီးစိတ်ထဲဘယ်လို ခံစားသွားလဲမသိဘူးရက်စက်မှု့ တွေ့ လျှော့ လျှော့ 
ပြီး တိုင်းပြည်အပေါ်ဂရုနာ တရားများနဲ့ အရှည်ကြာဆုံးအုပ်ချုပ်မင်းလုပ်သွာတယ်လို့ ဖတ်လိုက်ရတယ်
အဖွားအိုရဲ့ ဆုတောင်းကပြည့် တာလား  ဘုရင်ရဲ့ ယောနိသော မှန်တာလား မေတ္တာတရားရဲ့  စွမ်းအားတွေလား
တွေးကြည့် ရင်း.....
    ကျွန်တော်တို့ တိုင်းပြည်အတွက် မေတ္တာတရားလေးနဲ့    ဘယ်လိုဆုတောင်းရင် ကောင်းမလဲ...။
    မိတ်ဆွေများအားလုံး ကာယ ၊  စိတ္တ  သုခနှစ်ဖြာ ပြည့် ဝကြပါစေ။
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...