စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လူနှင့် တိရိစ္ဆာန် ကွာခြားပုံ


        လူဟာများသောအားဖြင့် ရိုးသားမှုမရှိဘဲ၊ တိရိစ္ဆာန်တွေကတော့ ရိုးသားမှုရှိကြတယ်။ ဒီမှာဆိုလိုတဲ့ မရိုးသားမှုဆိုတာခိုးတာ၊ဖွက်တာ၊လိမ်တာ၊ကောက်တာ၊တွေကိုပြောတာမဟုတ်ပါဘူး။စိတ်နဲ့ကိုယ်တစ်ထပ်တည်းမကျတာက၊စိတ်နဲ့နှုတ်တစ်ထပ်တည်းမကျတာကိုပြောတာပါ။လူတွေဟာစိတ်ထဲကဖြစ်နေတာကတစ်မျိုး၊ကိုယ်ကလုပ်တာကတစ်မျိုး၊စိတ်ထဲကဖြစ်နေတာကတစ်မျိုး၊နှုတ်ကဖြစ်နေတာကတစ်မျိုး ဖြစ်နေတတ်ပါတယ်။ တိရိစ္ဆာန်တွေမှာတော့ ဒီလိုမရှိကြပါဘူး။(ဥပမာ)ခွေးတစ်ကောင်းဟာ သူမျက်စိထဲ အမြင်မတော်ရင် ဟောင်မှာပဲ။ဒါဟာ ရိုးသားမှုတစ်ခုပါပဲ။ ဒါက အပြင်လောကမှာမြင်တွေ့နေကြဇာတ်လမးလေးတစ်ခုပါ။ 

         အိမ်တစ်အိမ်မှာ ခေါ်ခိုင်းထားတဲ့ အစေခံမလေးက ရုပ်ကလေးကလည်း ချစ်စရာလေး၊အနေအထိုင်ကလဲ ရိုးသား၊ချစ်စဖွယ်စကားကိုလည်းပြောတတ်တော့ အဲဒီအိမ်ရှင်ရဲ့စိတ်ထဲမှာ  တော်တော်လေးချစ်မိတယ်။ ကိုယ်သမီးလေးလို ရင်းရင်းနှီးနှီး နေလိုက်ချင်တယ်။ဒါပေမဲ့ ဒီလို အစေခံနဲ့ အကျွမ်းတစ်ဝင် နေရင် သူများတွေ အထင်သေးကဲပရဲ့လိမ့်မယ်။တော်ကြာ ငါကို သခင်လိုမဆက်ဆံပဲ ကမ်းတက်လာလိပ်မယ်ဆိုတဲ့ အဓပ္ပါယ်မရှိတာတွေလျှောက်တွေးပြီး အစေခံနဲ့တွေ့တိုင်း မျက်နှာကြောကြီးကိုတင်းထားပြီးတော့ အော်ငေါက်နေတော့တယ်။ ဒါဟာ လူရဲ့ မရိုးသားမှုတစ်မျိုးပါပဲ ။

 ခွေးကိုကြည့်လိုက် အစေခံမကလို့သူတောင်းစားဖြစ်ပါစေ သူအပေါ်ကောင်းရင် တအးခင်မှာပဲ။ ဒီလူဟာ သူတောင်းစားကြီးပဲ၊အစေခံပဲဆိုပြီးခင်တဲ့စိတ်လျှော့သွားမှာမဟုတ်ပါဘူး။ဒါကြောင့် ဒီလိုကွဲပြားတဲ့ အကျင့်လေးတွေကိုမြင်ပြီးစိတ်ထဲက အတိုင်း၊ ကိုယ်၊နှုတ်နှစ်ပါးလုံးလိုက်ပါဆောင်ရွက်နိုင်ကြပါစေလို့ 
ဆန္ဒပြုရင်း .ချစ်ခြင်းမေတ္တာများဖြင့် သန့်ဇင်
 
(မေတ္တာရှင်ဆရာတော်စာအုပ်မှ ကူးယူးမျှဝေခြင်းဖြစ်ပါတယ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...