စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







(၇)ရက်အတွင်း ဗိုက်ခေါက် အဆီ ချနည်း




မိန်းခလေးဘဲဖြစ်ဖြစ် ယောင်္ကျားလေးဘဲဖြစ်ဖြစ်... အလှအပကို မြတ်နိုးတတ်ကြတာ သဘာဝပါ... ဒါ့ကြောင့်
ဗိုက်ခေါက်ထူဗိုက်ပူပြီး အဆီ များနေသူတွေအတွက် လက်တွေ့ ၇ ရက်အတွင်း သိသိသာသာ ဗိုက်ချပ်ပြီး အဆီကျစေတဲ့ဆေးနည်းလေးကိုမျှဝေလိုက်ပါတယ်...


ဆေးနည်းက အလွန်လယ်ပြီး အကုန်အကျလည်း အလွန်သက်သာပါတယ်... အိမ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို
ရောစပ်ပြီးအသုံးပြုရမှာပါ.. ပါဝင်တဲ့ ပစ္စည်းတွေကတော့... သံပုရာသီး၊ အုံးဆီ၊ ဆေးပူ(ဒဏ်ကြေလိမ်းဆေး) တို့ကို
တစ်ခါလိမ်းရုံ...ရောစပ်ပြီး လိမ်းပေးရမှာပါ...


ဖေါ်စပ်နည်း

သံပုရာသီး တစ်လုံးရဲ့ ၅ ပုံ တစ်ပုံလောက်ကို လှီးပြီး... အကြမ်းပုဂံလုံးထဲကို အရည်ညှစ်ပါ... အကြမ်းပုဂံလုံးထဲသို့
အုံးဆီသုံးလေးစက်လောက် ထည့်ပေးပါ... ထို့နောက် .... ဂဠုန်ရာဇာ/မိဂသီ/ရှမ်းရိုးမ/လင်ဇီး(လိမ်းထေည့်ဆး)တစ်
မျိုးမျိုးကိုတစ်ခါလိမ်းစာ အနေတော်ထည့်ပြီး... မွှေပေးပါ...


အသုံးပြုနည်း

ညအိပ်ယာဝင်ခါနီးတိုင်း...... ဆေးကို ရင်ခေါင်းမှ ၀မ်းဗိုက်သို့ အထက်မှအောက်သို့ ဆွဲချပြီး အသားထဲစိမ့်ဝင်အောင်
ပွတ်လိမ်းပေးပါ... ခါးတွင်အဆီရှိပါက ခါးမှ ချက်သို့ ပွတ်လိမ်းပေးနိုင်ပါတယ်... တစ်ပါတ်အတွင်း သိသာစွာ...
ဗိုက်ချပ်လာသည်ကို...လက်တွေ့... တွေ့မြင် ခံစားရမှာပါ...(ယခုမိတ်ဆွေ.. ၃ /၄ ယောက်လောက်မှ လက်တွေ့
လိမ်းနေပြီး... ကျေးဇူးတင်ကြောင်း.ထောက်ခံချက်ပေးလာသောကြောင့်... သူငယ်ချင်းတို့ကို မျှဝေလိုက် ပါတယ်)
မှတ်ချက်- ညစာကို ပုံမှန် ထက်.လျှော့စားပေးရင်ပိုပြီး သိသိသာသာ ဗိုက်ချပ်စေပါတယ်...တစ်ပါတ်အတွင်း
သိသိသာသာ အဆီနှင့် အခေါက်များ လျှော့ကျသွားမှာဖြစ်ပါတယ်၊

1 comment:

Related Posts Plugin for WordPress, Blogger...