စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာနိုင်ငံမှာ ဒီိလိုတွေဖြစ်ကုန်ပြီ

        အားလုံးပဲမင်္ဂလာပါနော် ကျွန်တော်လည်းဘလော့တွေမရေးဖြစ်တာအရမ်းကြာသွားပါပြီ
  အလုပ်တွေမအားလို့ပါ ခုတော့အားတုန်းလေးပြန်ရေးလိုက်မိပါတယ် ဒါပေမယ့် အရင်တုန်း
  ကလက်ရည်ကိုမမှီဘူးဆိုတာတော့သိပါတယ် ခုဟာက လက်ရည်ပြန်သွေးတယ်လို့သဘော
  ထားပြီး နားလည်ပေးကြပါနော်


          ချဉ်ပေါင်ရွက်သည် ဒေါ်ထွေးတို့သားအမိအဖြစ်


ဒေါ်ထွေး။   ။ သမီးရေ သမီး အော်ဒီကလေးမ ဘယ်ရောက်သွားပြန်ပြီလဲ
                    ဈေးရောင်းသွားရမယ်လေ
သမီး      ။    ။ မေမေရေ သမီးအိမ်သာထဲမှာ
ဒေါ်ထွေး။     ။ ညည်းဘာလုပ်နေတာတုန်း ကြာလိုက်တာ
သမီး     ။     ။ ဖုန်းနဲ့အင်တာနက်သုံးနေတာအမေရေ Gtalk မှာဘဲဘဲနဲ့တွေ့နေလို့
                     ပြီးတော့မယ် နှုတ်ဆက်လိုက်တော့မယ်
ဒေါ်ထွေး။     ။ဟဲ့ မြန်မြန်လုပ်လေ ချဉ်ပေါင်ရွက်ရောင်းဖို့နောက်ကျနေဦးမယ်
သမီး      ။     ။ ဟုတ်ကဲ့ အောက်ပြီ


       ဆိုက်ကားဆရာ ကိုလှငွေအဖြစ်


ဆိုက်ကားဂိတ်တစ်ခုတွင်ဖြစ်သည်

" တီတီ.... တီတီ..... တီတီ...." (ဖုန်းလာနေသောအသံဖြစ်သည်။)

"ဟုတ်ကဲ့ပြောပါ ကျွန်တော်ဆိုက်ကားဆရာကိုလှငွေပါ"

"လှငွေ ငါကိုမောင်ပါကွ မင်းဆိုက်ကားအားလား"

"ဟုတ်ကဲ့ကိုမောင် အားပါတယ်"

"အေး မင်းအားရင် ငါ့အိမ်နင်းခဲ့ကွာ ငါရုံးသွားမလို့"

"ok ငါးမိနစ်အတွင်းအရောက်လာမယ်"

"အဲဒါဆို ဒါပဲနော် ဖုန်းချလိုက်တော့မယ်"


           ကိုမောင်ဦးတို့လင်မယားမှာလည်း

ကိုမောင်ဦးတစ်ယောက် ရေခဲချောင်းရောင်းနေရင်း ခါးကြားမှဖုန်းကိုထုတ်ပြီး
ဂဏန်းများနှိပ်လိုက်သည် ...
"တီ တန် တန် တီ တီ တီ တန် တီ တန် တီ တီ တန် တီ တီ"
အမလေး များလိုက်တဲ့ဂဏန်းတွေ

"ဟယ်လို...မိန်းမရေ မင်း ဖရဲသီးရောင်းလို့မကုန်သေးဘူးလား"

"ဟုတ်တယ်ယောက်ျားရေ နည်းနည်းကျန်နေသေးတယ်...
ယောက်ျားရော ရေခဲချောင်းကုန်ပြီလား "

"ကုန်ပြီ အိမ်ကိုအရင်ပြန်နှင့်မယ်နော် "

"ဟုတ်ပြီယောက်ျားရေ မိန်းမတော့ ကုန်အောင်ရောင်းလိုက်ဦးမယ် "

"ဒါဆိုဘိုင့် အိမ်ကပဲစောင့်နေမယ်နော် "


           ကိုဘမောင်တို့မိသားစုအဖြစ်ကလည်းဒီလို

"ဗြဲ ဗြဲ ဟီးးးးးးးး ဟီးးးးးးးး "

"မိန်းမရေ အငယ်ဆုံးကောင်က ငိုလှချည်လား"

"အမလေးကိုဘမောင်ရေ ရှင့်သားလေ... မှုကြိုကသူ့သူငယ်ချင်းတွေက
ဟမ်းဖုန်းတွေကိုင်နေပြီတဲ့ အဲဒါသူလည်းလိုချင်တယ်ဆိုပြီး ဂျီကျနေတာလေ "

"အော် မိန်းမရယ် ၀ယ်ပေးလိုက်လေ "

"၀ယ်ပေးတာက ဟုတ်တယ် သူ့ကိုဝယ်ပေးလိုက်ရင် ကျန်တဲ့အကြီးသုံးယောက်က
လိုချင်ကြတော့မှာပေါ့ "

"တစ်ယောက်တစ်လုံးဆီဝယ်ပေးလိုက်လေ ဖုန်းတွေဒီလောက်ဈေးပေါနေတာကို
ပြီးတော့ ဖုန်းခေါ်ဆိုခကလည်းအရင်ကထက်တောင်သက်သာနေတာကို "

"ဒါဆိုလည်းပြီးရောလေ "


          မှုကြိုကျောင်းတစ်ခုမှာတော့


မှုကြိုကျောင်းသားလေးနှစ်ယောက် မင်းသွေးနှင့် နေခတို့ဖြစ်သည် ။

နေခ       ။      ။ မင်းတွေး ( စကားတောင် မပီကျသေးဘူး)
မင်းသွေး ။      ။ အေး ကျော
နေခ       ။      ။မင်းညက facebook သုံးသေးလား
မင်းသွေး ။     ။ မသုံးဖြစ်ဘူးလေ နာ ဖူးစာရှင်လေးဆိုဒ်သုံးနေလို့
နေခ       ။     ။ ဟုတ်လား ဘလော့တွေဝင်ဖတ်တာလား အိမ်လျှောက်လည်
                      နေတာလား
မင်းသွေး ။      ။ မဟုတ်ပါဘူးကွာ မင်းအဲဒီဆိုဒ်က Admin ဦးမိုးမြင့်ယံ ကိုကြားဘူးလား
နေခ       ။      ။ အေးကြားဘူးတယ် တော်တော်ချောတယ်ပြောတယ် ဟုတ်လား
မင်းသွေး ။      ။အေး အဲဒီချောတယ်ဆိုတဲ့ကိစ္စပဲ ငါသူ့အိမ်သွားပြီး
                     သူ့ Gtalk အကောင့်ကိုယူ ပြီးတော့အပ်လိုက်တယ်
                      ပြီးတော့မိတ်ဆက်တယ် ဦးဦးမိုးမြင့်က                                                              
                     နာမည်ကြီးဆိုတော့ မြင်ဘူးချင်လို့ပါ ဓာတ်ပုံလေးပြပါလားဆိုပြီး
                     မြှောက်ပေးတာ သူကပြပါလေရော
နေခ        ။     ။ တကယ်ချောလား
မင်းသွေး  ။    ။အမလေးရုတ်တရက်ဆိုတော့ လန့်သွားတယ် ဆိုးလိုက်တဲ့ရုပ် လွန်ပါရော
                     ကြားထားတာနဲ့တခြားဆီ ဗေလုဝကမှ ကြည့်ပျော်ရှုပျော်ရှိဦးမယ် ငါက
                     တကယ်ချောရင် ငါ့တီလေးနဲ့မိတ်ဆက်ပေးမလားလို့ ခုတော့တော်ပါပြီ
နေခ       ။     ။ ဒါနဲ့ဆိုဒ်တွေသုံးရတာအဆင်ပြေရဲ့လား
မင်းသွေး ။     ။ ပြေပါဘူးကွာ ဖုန်းနဲ့ဆိုတော့သိတယ်မလား အခက်အခဲတွေရှိတယ်
နေခ       ။     ။ အေးငါလည်း ဖုန်းနဲ့ဆိုတော့အဆင်မပြေဘူး အဲဒါအိမ်ကိုလက်တော့ပ်
                     တစ်လုံးလောက်ဝယ်ခိုင်းမလားလို့ ညကျရင် Gtalk မှာတွေ့မယ်လေ

ထိုအချိန်တွင် ဆရာမအခန်းထဲဝင်လာပြီး သူတို့နှစ်ယောက် စကားများနေတာကို
မြင်သွားလေရဲ့

ဆရာမ ။     ။ ဟိုနှစ်ယောက်စာမကျက်ပဲ စကားများနေတယ် အင်္ဂလိပ်စာကျက်စမ်း
နေ,မင်း။    ။ ဟုတ်ကဲ့ပါဆရာမ
နေခ   ။      ။ "Bal" ဘယ် "Ka" က, ဘယ်က,"Lal" ဘယ်ကလဲ
ဆရာမ ။     ။ အဲ
မင်းသွေး။    ။ "nay"နေ,"kaung" ကောင်း,နေကောင်း "Lar"လား,နေကောင်းလား
ဆရာမ ။      ။ တိန်




မှတ်ချက်


ကျပ်ငါးထောင်တန်ဖုန်းများ ပေါ်လာခဲ့သည်ရှိသော်ဟု စိတ်ကူးရင်း ...
စိတ်ကူးရင်း ... စိတ်ကူးရင် ... စိတ်ကူးရင် ... စိတ်ကူးရင် ..
စိတ်ကူးရင်း ...

ကဲသူငယ်ချင်းတို့ရေ ဘယ်အချိန်ထိစိတ်ကူးရမှာလဲဟင် ?
တစ်လနှစ်လလား ? တစ်နှစ် နှစ်နှစ်လား ?
ဒါမှမဟုတ်
....... လား ?

**********************************************************

    ဘာပဲပြောပြောပါ အဲဒီဖုန်းတွေအမြန်ဆုံးချပေးစေချင်ပါတယ် အစစအရာရာ
တိုးတက်နေတဲ့ကမ္ဘာကြီးအလယ်မှာ တို့မြန်မာတွေပဲ နောက်ကောက်ကျ
နေကြရတယ်နော် မြန်မာနိုင်ငံမှာ လူတန်းစေ့ဖုန်းကိုင်နိုင်ဖို့က ဒီတစ်လမ်းပဲ
ရှိတယ်လေ

     ခု   နှစ်သိန်းတန်ဖုန်းတွေချပေးပြီးနောက်မှာ မြန်မာနိုင်ငံမှာ ဖုန်းကိုင်နိုင်တဲ့ဦးရေ
တိုးပွားလာနေပေမယ့် မကိုင်နိုင်တဲ့သူတွေကတော့ ဒုနဲ့ဒေးပါ သူတို့တွေရဲ့
ဘ၀တွေ မြင့်မားတိုးတက်လာစေဖို့ ငါးထောင်တန်ဖုန်းတွေ အမြန်ဆုံးချပေးစေ
ချင်ပါတယ်ဆိုတာကို ဒီပိုစ့်လေးနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတို့ကို
တိုက်တွန်းနှိုးဆော်ရင်းဖြင့် ........


             သူငယ်ချင်းတွေအားလုံး ဖူးစာရှင်လေးဆိုဒ်မှာ ပျော်ရွှင်မှုတွေပိုင်ဆိုင်ကြပါနော်


                                                                      မိုးမြင့်ယံ (ဖူးစာရှင်လေး)
                                                                      09moemyint@gmail.com
                                                                                     or
                                                                      moemyintyan@fusarshinlay.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...