စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဂျက်ကီချန်းကို ချစ်သုဝေ ပေးလိုက်တဲ့ လက်ဆောင်

     မြန်မာ အနုပညာရှင် များနဲ့ ကမ္ဘာကျော် မင်းသားကြီး ဂျက်ကီချန်း တို့ တွေ့ဆုံပွဲမှာ လူတွေ တအား များတဲ့အတွက် စကားပြောဖို့ ခက်ခဲ တာကြောင့် ဘာမှတော့ မပြော လိုက် ရဘူးလို့ ပြောပြတဲ့ ချစ်သုဝေ ပြောခွင့်ရလို့ ပြောမယ် ဆိုရင် ဘာတွေ ပြောပြချင်လဲလို့ မေးတော့
”အဓိကကတော့ ကျွန်မတို့ နိုင်ငံမှာ ကျွန်မ သိထားသလောက် ကတော့ ၉၁ခုနှစ် ကတည်းက ကုလသမဂ္ဂရဲ့ ကလေး သူငယ် ဆိုင်ရာ အခွင့်အရေး အချက် ၄ဝလောက်ကို သဘောတူ စာချုပ် ချုပ်ထားပေမယ့် ကျွန်မတို့ နိုင်ငံမှာ ရှိနေ တုန်းပဲ။ ကျွန်မ ထင်တာကတော့ အနုပညာရှင်တွေ ရဲ့
   အင်အားတွေရော၊ ယူနီ ဆက်ဖ်ရော၊ အစိုးရ အပါအဝင် ပြည်သူတွေ အားလုံး ပူးပေါင်းလိုက်မယ် ဆိုရင် လူကုန်ကူး မှု ရာခိုင်နှုန်းကို လျှော့နိုင် သမျှ လျှော့ရာကနေ လုံးဝပပျောက်တဲ့ အထိ စွမ်းဆောင်နိုင်မယ်လို့ ထင်တယ်။ ကလေး သူငယ်တွေရဲ့ လက်ထဲမှာပဲ အနာဂတ် ဆိုတာ ရှိတယ်။ အဲဒီ အတွက် ဒီ ကလေးသူငယ် တွေ ကို အလွဲသုံးစား လုပ်မှုတွေကို ပပျောက် သွားမယ့် ဘယ်လုပ်ငန်း မဆို အမြဲတမ်း ကြိုဆို နေပါတယ်။ အနုပညာ အားနဲ့ပဲ တတ်နိုင် သလောက် လုပ်သွားမယ်” လို့ပြောပြတဲ့ ချစ်သုဝေက အသက်ကြီးလာတဲ့အခါမှာ အခု ဂျက်ကီချန်း လိုပဲ လူမှုရေး လုပ်ငန်းတွေ လုပ်ပြီး ပျော်ပျော်ကြီးနေ သွားချင်တယ် လို့ ဆက်လက် ပြောပြပါတယ်။ ဂျက်ကီချန်းနဲ့ စကားတွေ အများကြီး မပြော ဖြစ်ခဲ့ပေမယ့်လည်း အမှတ်တရ လက်ဆောင်လေး တစ်ခုပေး ဖြစ်ခဲ့တယ်လို့ ချစ်သုဝေ က ပြောပါတယ်။

        ”အမှတ်တရလေး တစ်ခုပေးခဲ့တယ် ။သူဝတ်မှာတော့ မဟုတ်ပေမယ့် မြန်မာ လုံချည်လေးကို လက်ဆောင် ပေးခဲ့တယ်။ တအား ချစ်ဖို့ကောင်းတဲ့ သူလို လူမျိုး မြန်မာနိုင်ငံကို လာတယ်။ ဒီ ကလေးတွေ အတွက် အားပေးတယ် ဆိုတော့ ကလေးတွေ မပြောနဲ့ ကျွန်မတို့ ဘေးကလူတွေတောင် တအား ကြည်နူးတယ်။ နားမကြားတဲ့ ကျောင်းလေးကို သွားဖို့ မရည်ရွယ်ထားဘဲ သူရောက်သွားတဲ့အခါ နားမကြားတဲ့ ကလေးတွေကို Sing Language နဲ့ သီချင်းဆိုပြတဲ့ အခါမှာ ကလေးတွေ ဟာ ငိုကြတယ် ဆိုတော့ စဉ်းစား သာကြည့်ပေတော့။ သူ့ရဲ့ စွမ်းအား၊ သူ့ရဲ့ ပါရမီဓာတ်ခံကိုက ပါလာပြီးသား ဆိုတာ သိနိုင်တယ်။ လူမှုရေး လုပ်ငန်း လုပ်တယ် ဆိုတာ ရင်ချင်းဆက်မှ အသည်းနှလုံးထဲက လှိုက်လှိုက်လှဲလှဲ ပါမှ နှလုံးသားချင်း ခံစားလို့ ရတယ် ဆိုတော့ ကျွန်မ ထင်တယ်။ မြန်မာပြည်က လိုအပ်နေတဲ့ ကလေးတွေ အတွက်တော့ တော်တော်ကြီးကို ကွက်လပ်ကလေးတွေ ပြည့်သွားမယ်လို့ ကျွန်မထင်တယ်။ စိတ်ခွန်အားတွေ ဘာနဲ့ မှမတူအောင် ရလိုက်တယ်လို့ လည်း မျှော်လင့် ပါတယ်” လို့ပြောတဲ့ ချစ်သုဝေ က ဂျက်ကီချန်း နဲ့ တွေ့ဆုံပွဲမှာ ပညာရလိုက်တာတွေ အများကြီး ရှိသလို ‘ဘဝရဲ့အဓိပ္ပာယ်’ ဆိုတာ ဘာလဲဆိုတဲ့ အသိကို ဂျက်ကီချန်း က ပေးခဲ့ကြောင်း ပြောပြပါတယ်။ ”ဒီ့ထက်ပိုပြီး အနုပညာ လုပ်ငန်းတွေကို လုပ်ရင်းနဲ့ ပရဟိတတွေကို လုပ်မယ်။ ပြီးတော့ မိသားစု အတွက် စိတ်ချရပြီ ဆိုတဲ့ အချိန် လူမှုရေး လုပ်ငန်းတွေနဲ့ ရှင်သန် နေထိုင် သွားမယ်လို့ စိတ်ကူးမိပါတယ်” လို့ ချစ်သုဝေ က ပြောပြသွားခဲ့ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...