
တရုတ်နိုင်ငံမှ လျောင်ရှောင်ရှောင် အမည်၇ှိ သုံးနှစ်အရွယ်မိန်းကလေးတစ်ဦးသည် အရပ် တစ်ပေခွဲသာရှိပြီးထပ်မံကြီးထွားမူ့သည်လုံးဝမရှိတော့ကြောင့် ကမ္ဘာ့အသေးဆုံးအဖြစ် သတ်မှတ်နေကြကြောင်းDM သတင်းဋ္ဌာနကဇူလိုင်လ ၁၇ရက်နေ့တွင်ဖော်ပြသည်။

သူသည်မွေးလာစဉ်က ကိုယ်အလေးချိန် ၁ဒသမ ၀၅ကီလိုဂရမ်(၂ ဒသမ၃ပေါင်) နှင့်အရပ်အမြင့်၃၃စင်တီမီတာ(၁၃လက်မ)ရှိပြီးယခုသုံးနှစ်သမီးအရွယ် ကိုယ်အလေးချိန်၂ဒသမ၅ကီလိုဂရမ်(၅ဒသမ၅ပေါင်)နှင့်အရပ်အမြင့် ၅၄ စင်တီမီတာ(၂၁လက်မ) ရှိလာသည်။

သို့သော် သူသည်ကြီးထွားမူ့ ရပ်တန့်ခဲ့သည်မှာ ကာလကြာလှပြီးဖြစ်သောကြောင့် သူ့အားကမ္ဘာ့ အသေးဆုံးလူသားဖြစ်သည်ဟုယုံကြည်ကြခြင်းဖြစ်သည်။

တရုတ်နိုင်ငံ ဟွိုင်ဟွာမြို့မှ ဆရာဝန်များက သူသည် မွေးရာပါဗီဇချွတ်ယွင်း
မူ့ကြောင့် စောစီးစွာကြီးထွားမူ့ ၇ပ်တန့်သွားခဲ့ခြင်း ဖြစ်ကြောင်း ပြောပြခဲ့သည်။



No comments:
Post a Comment