စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကင်ဆာနှင့် ပတ်သက်သည့် အယူအဆများ

ကင်ဆာ ဖြစ်မှာကို လူတိုင်း စိုးရိမ် တတ်ကြ ပါတယ်။ ဒါပေမဲ့ ကင်ဆာ ဖြစ် စေနိုင်တာ ကြာင့် သတိထား ရှောင်ရှား ဖို့ ပြောကြားလေ့ရှိတဲ့ အချက်တွေကိုတော့ ရှောင်လွှဲနိုင်တဲ့သူ ရှားပါတယ်။ ဒါ့အပြင် ကင်ဆာနဲ့ပတ်သက်တဲ့ အယူအဆမှား တွေကို အမှန်ထင်ပြီး လက်ကိုင်ထားနေ ကြသူတွေလည်း ရှိတာကြောင့် ကြား ဖူးထားတဲ့ ကင်ဆာရောဂါဆိုင်ရာ အယူ အဆတွေကို ရေးသားလိုက်ရပါတယ်။

အယူအဆ(၁) - ဆေးလိပ်သောက်ခဲ့တဲ့သူ တွေအနေနဲ့ ထိခိုက်မှုဖြစ်ပြီးပါက ဆေးလိပ် ဖြတ်လိုက်ရင်တောင် ဘယ်တော့မှ ပြန်မကောင်း နိုင်တော့ဘူး။
အမှန်
ဆေးလိပ်ဖြတ်တာကြောင့် ချက်ချင်း လက်ငင်းကို ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိ လာနိုင်ပါတယ်။ ဆေးလိပ်ကို ဖြတ်ဖို့ ဘယ် တော့မှ နောက်ကျတယ်လို့ မရှိပါဘူး။ ဆေး လိပ်ဖြတ်ပြီးတာနဲ့ အဆုတ်ရဲ့ လုပ်ငန်း ဆောင်တာနဲ့ သွေးလှည့်ပတ်မှု စနစ်က သိသိသာသာ ပိုမိုကောင်းမွန်လာပါ တယ်။ ဆေးလိပ်ဖြတ်ပြီး တစ်ရက် ကြာ တာနဲ့ အဆုတ်ကင်ဆာဖြစ်နိုင်ခြေက လျော့ကျသွားပြီး ဆေးလိပ်ဖြတ်ပြီး ၁၀ နှစ်ကြာသွားရင် အဆုတ်ကင်ဆာဖြစ်နိုင် ခြေက ၅၀ ရာခိုင်နှုန်း လျော့ကျသွားပါ တယ်။

အယူအဆ(၂) - ချွေးနံ့ထိန်းတောင့်နဲ့ ချွေး တိတ်ဆေးတောင့်တွေက ရင်သားကင်ဆာကို ဖြစ်စေနိုင်ပါတယ်။
အမှန်
ချွေးတိတ်ဆေးတွေထဲမှာ အလူမီနီ ယမ်နဲ့ ပါရာဘန်တို့လို ဓာတုပစ္စည်းတွေ ပါဝင်ပြီး အရေပြားကနေ စုပ်ယူနိုင်ပါ တယ်။ ဒီဓာတုပစ္စည်းတွေက အမွေးရိတ် တာကြောင့် ချွေးပေါက်ကတစ်ဆင့် ခန္ဓာ ကိုယ်အတွင်းကို ဝင်ရောက်နိုင်ပါတယ်။ ဒါပေမဲ့ ချွေးတိတ်ဆေးတွေက ရင်သား ကင်ဆာဖြစ်စေနိုင်တယ်ဆိုတဲ့ သက်သေ ပြချက်တော့ မရှိသေးဘူးလို့ အမျိုးသား ကင်ဆာတက္ကသိုလ်က မှတ်ချက်ချထား ပါတယ်။ ဒါပေမဲ့ ချွေးတိတ်ဆေး စပရေး ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရင် အရေပြားမှာ တိုက်ရိုက်မသုံးဘဲ အဝတ် အစားကိုပဲ ဖျန်းပေးပါ။

အယူအဆ(၃) - မိုက်ခရိုဝေ့ဖ်မီးဖိုထဲ ထည့်သုံး တဲ့ ပလတ်စတစ်ဘူးနဲ့ ပန်းကန်ခွက်ယောက် တွေဟာ အစားအသောက်ထဲကို ဓာတုပစ္စည်းတွေ ပျံ့ န့ှေံ ရာကရ် နှိ ငို ပ်ါတယ။်
အမှန် ပလတ်စတစ်ဘူးတွေနဲ့ ပန်းကန် ခွက်ယောက်တွေမှာ "Microwave Safe" လို့ရေးထားရင် အစားအသောက်ထဲကို ဓာတုပစ္စည်းတွေ မစိမ့်ဝင်နိုင်ပါဘူး။ ဒါ ပေမဲ့ မိုက်ခရိုဝေ့ဖ်ထဲထည့်သုံးဖို့ မရည် ရွယ်ထားတဲ့ ပလတ်စတစ်ဘူးတွေကိုတော့ မသုံးသင့်ဘူးလိုFDA က ဆိုပါတယ်။

အယူအဆ(၄) - ကင်ဆာရောဂါက ကူးစက် တတ်ပါတယ်။
အမှန် မှားပါတယ်။ ကင်ဆာက မကူးစက် နိုင်ပါဘူး။ ကင်ဆာရှိနေသူတွေအဖို့ အ သက်အန္တရာယ်ရှိတဲ့ ရောဂါကို ရင်ဆိုင် နေချိန်မှာ ချစ်ခြင်းမေတ္တာနဲ့ အားပေးကူ ညီမှုတို့ လိုအပ်နေပါတယ်။ ကင်ဆာက မကူးစက်ဘူးဆိုပေမယ့် အသည်းကင် ဆာဖြစ်စေနိုင်တဲ့ အသည်းရောင်အသား ဝါ ဘီပိုး၊ စီပိုးတို့ကတော့ ကူးစက်နိုင်ပါ တယ်။

အယူအဆ(၅) - ဖြစ်တဲ့ကင်ဆာ အမျိုးအစား တူတဲ့သူတွေဟာ တူညီတဲ့ကုသမှုမျိုး လုပ်ရ တယ်။
အမှန်
အမြဲမမှန်ပါဘူး။ ဖြစ်တဲ့ ကင်ဆာ အမျိုးအစားက တူပေမယ့် ဖြစ်တဲ့နေရာ၊ ကင်ဆာအဆင့်နဲ့ လူနာရဲ့ ခံနိုင်ရည်ရှိမှု၊ အသက်အရွယ် စတာတွေပေါ် မူတည် ပြီး ကုသမှုကို ကင်ဆာအထူးကုဆရာ ဝန်က ဆုံးဖြတ်လေ့ရှိပါတယ်။ ကင်ဆာ ဆေးသွင်းကုသမှုအပေါ် ခံနိုင်ရည်ရှိမှုက လူတစ်ဦးနဲ့တစ်ဦးမတူညီပါဘူး။

အယူအဆ(၆) - လက်ကိုင်ဖုန်းသုံးတာ ကြောင့် ဦးနှောက်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။
အမှန်
ဒီလေ့လာမှုက လုပ်နေဆဲပါ။ လက် ကိုင်ဖုန်းတွေနဲ့ တခြားလျှပ်စစ်အသုံးအ ဆောင်တွေက လျှပ်စစ်သံလိုက်လှိုင်းထွက် ပါတယ်။ ဒီလှိုင်းတွေက လူကြီးတွေထက် ကလေးတွေက ပိုမို စုပ်ယူရရှိတတ်ပါ တယ်။ ဒါကြောင့် ကလေးတွေကို လက် ကိုင်ဖုန်းအသုံးပြုစေတာမျိုး တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။

အယူအဆ(၇) - သင့်မိဘတစ်ပါးပါးမှာ ကင်ဆာရှိခဲ့ရင် သင်လည်း တစ်နေ့မှာ ကင်ဆာ ဖြစ်မှာပဲ။
အမှန်
ဒီလို တစ်ထစ်ချပြောလို့မရပါဘူး။ မျိုးရိုးဗီဇကြောင့် ကင်ဆာဖြစ်နိုင်ခြေက ၅-၁၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ တခြား အချက်တွေကြောင့် ကင်ဆာဖြစ်နိုင်ခြေ က မျိုးရိုးထက် ပိုများပါတယ်။ မျိုးရိုးဗီဇ နဲ့ ဆက်စပ်နေတဲ့ ကင်ဆာတွေက ရင် သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ဆီးကျိတ် ကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ မမျိုးဥအိမ် ကင်ဆာတို့ ဖြစ်ကြပါတယ်။
boy

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...