စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နိုင်ငံတကာ ဒီလို စီးပွားရေးက မြန်မာပြည်ကို တိုးတက်စေမှာလား

          ကျွန်တော်တိုမြန်မာပြည် ဖွံဖြိုးစပြုလာချိန်မှာ နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေ လာရောက်
ရင်းနှီးမြုပ်နံကြတာကို ကြိုဆိုပါတယ်။ဒါပေမဲ့ ကောင်းကျိုးထက်ဆိုးကျိုးတွေ များလာနိုင်မဲ့ လုပ်ငန်းတွေ
ဆိုရင် မကြိုဆိုချင်ပါ။ မြန်မာနိုင်ငံ အတွင်း၌ အဖျော်ယာမကာ ဘီယာ စက်ရုံ တည်ထောင်ရန် ထိုင်းက
လေ့လာနေပါတယ်။ဒီစက်ရုံကြီးသာ လက်ခံဖွင့်လစ်လိုက်ရင်ဖြင့်......
                                                     လေးစားစွာဖြင့်    ....    မောင်မြင့်

မြန်မာနိုင်ငံ၌ ဘီယာချက် စက်ရုံ တည်ထောင်ရန် ထိုင်း Singha ကုမ္ပဏီလေ့လာ

Friday, 25 May 2012 15:23 Written by ရွှေဟင်္သာသတင်းဌာန

Singha နှင့် Leo တံဆိပ် ဘီယာများအား ထုတ်လုပ်နေသည့် Singha ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ အဖျော် ယမကာ စက်ရုံ ဖွင့်လှစ်နိုင်ပြီး ၄င်း၏ အာဆီယံနိုင်ငံများ ဈေးကွက်ကို ပိုမို ထိုးဖောက် ဝင်ရောက်နိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ကုမ္ပဏီ သတင်းအရ သိရှိရ သည်။


ဒေသဆိုင်ရာ ဈေးကွက် တာဝန်ခံ ဒါရိုက်တာ Piti Bhirombhakdi က မြန်မာနိုင်ငံ အတွင်း၌ အဖျော်ယာမကာ စက်ရုံ တည်ထောင်ရန် အတွက် မိမိတို့ဘက်မှ နည်းလမ်း နှစ်သွယ်ဖြင့် စဉ်းစား စီစဉ်နေကြောင်း။ တစ်နည်းမှာ မြန်မာနိုင်ငံတွင်း၌ပင် စင်းလုံးချော ကုန်ချော ထုတ်လုပ်နိုင်သည့် အဆင့် ထားရှိရန်ဖြစ်ပြီး နောက်တစ်နည်းမှာ ဒေသတွင်း နိုင်ငံများနှင့် ဖက်စပ် ထုတ်လုပ်ရန် ဖြစ်ပါသည် ဟုနည်းလမ်း နှစ်သွယ် ရှိနေကြောင်း ထိုင်းအခြေစိုက် နေရှင်း သတင်းစာသို့ ပြောကြား သွားပါသည်။

“ဘီယာ သောက်သုံး အားပေးမှု အားမြင့်တဲ့ အိမ်နီးချင်းနိုင်ငံတွေကို စိတ်ဝင်စားနေပါတယ်၊ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံတွေကို မျက်စိကျနေတယ်၊ ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံမှာ အဖျော် ယာမကာ စက်ရုံဖွင့်ဖို့ ပထမ ဦးစားပေး အနေနဲ့ စဉ်းစား နေပါတယ်၊ ဒုတိက ကတော့ ဗီယက်နမ်ပေါ့၊ တရုတ်နိုင်ငံ တောင်ပိုင်းနဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ရှိတဲ့ ထိုင်း-မြန်မာ နယ်စပ်မှာ တရုတ်နိုင်ငံရော မြန်မာနိုင်ငံ ဈေးကွက် တွေကိုပါ လက်လှမ်းမီတဲ့ အချက်အချာ နေရာမှာ ကျွန်တော်တို့ရဲ့ အဖျော်ယာမကာ စက်ရုံကို တည်ဆောက် နိုင်ပါတယ်” ဟု ဒေသဆိုင်ရာ ဈေးကွက် တာဝန်ခံ ဒါရိုက်တာ Piti Bhirombhakdi က ပြောပါသည်။

မြန်မာနိုင်ငံ အတွင်း၌ အစိုးရမှ ပိုင်ဆိုင်သည့် စက်ရုံ တစ်ရုံနှင့် ပုဂ္ဂလိကမှ ပိုင်ဆိုင်သည့် စက်ရုံ နှစ်ရုံတို့ အဖျော် ယာမကာ စက်ရုံ သုံးရုံ လည်ပတ် လုပ်ကိုင်လျက် ရှိပါသည်။ အစိုးရမှ အဖျော် ယမကာ စက်ရုံ များအတွက် လုပ်ပိုင်ခွင့် ခွင့်ပြုချက် များကို ထုတ်ပေး နေလျက် ရှိပါသည်။ မြန်မာပြည်တွင်း၌ ဖြန့်ဖြူး ရောင်းချနေသည့် မြန်မာ ဘီယာအား အာရှ အဖျော်ယာမကာ စက်ရုံ မန္တလေး စက်ရုံခွဲမှ ထုတ်လုပ် ဖြန့်ဖြူးလျက် ရှိနေပါသည်။

မြန်မာနိုင်ငံ အနေဖြင့် ဒေသတွင်း နိုင်ငံရေး အခြေအနေများ တည်ငြိမ်မှု ရှိလာပြီးနောက် မကြာတော့မည့် အနာဂါတ် ကာလ၌ ထိုင်းနိုင်ငံနှင့် စီးပွားပြိုင်ဘက် နိုင်ငံ ဖြစ်လာဖွယ် ရှိကြောင်း သူက သုံးသပ် ပါသည်။

“ကျွန်တော်တို့ ထိုင်းနိုင်ငံတွင်းမှာ ရှိတဲ့ စက်ရုံတွေဖြစ်တဲ့ ပရထုမ် ဌာနနီ၊ ခွန်ကန်(ခ်)၊ နခွမ်ပထုမ်ရှိ ဘန်လင်း စက်ရုံတို့ကနေ တစ်နှစ်ကို 1.5 ဘီလီလျံ လီတာ ထုတ်လုပ်နေ ပါသည်။ နောက်နှစ် လောက်မှာ တိုးတက် တောင်းဆိုလာတဲ့ ပြည်တွင်း ပြည်ပ ဈေးကွက် ဝယ်လိုအား အရ 2 ဘီလီလျံ လီတာ တိုးတက် ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားပါတယ်” ဟု ဒေသဆိုင်ရာ ဈေးကွက် တာဝန်ခံ ဒါရိုက်တာ Piti Bhirombhakdi က ပြောပါသည်။


ထိုင်းနိုင်ငံရှိ အရောင်းဆိုင်တစ်ဆိုင်၌ Singha ကုမ္ပဏီထုတ် Singha နှင့် Leo ဘီယာများအား တွေ့ရစဉ် (ဓါတ်ပုံ - အင်တာနက်)

Singha ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ နှစ်စဉ် ၄င်းတို့ကုမ္ပဏီမှ ဘီယာ လီတာ 40 million ကို နယ်စပ်များမှ ဖြတ်ကျော်၍ တင်ပို့ ရောင်းချ နေလျက် ရှိပါသည်။ ပြည်တွင်း နိုင်ငံရေး အခြေအနေများ တည်ငြိမ်မှု ရှိလာမှလည်း ဈေးကွက်များအား စီမံခန့်ခွဲမှု အပိုင်းတွင်မှန်ကန်ပြီး တည်ငြိမ်မှု ရှိလာ ပေလိမ့်မည်။ ဤသို့ကြောင့် အချိန်အခါကို တွက်ချက်၍ စောင့်နေသည်လည်း ဖြစ်ပေသည်။

Singha ကုမ္ပဏီ အနေဖြင့် ယခုနှစ်၌ ထိုင်းပြည်တွင်း ဘီယာ ဈေးကွက်အား 8 ရာခိုင်နှုန်း တိုးတက် ရာင်းချသွားရန် စီစဉ် ထားကြောင်း သိရှိရပါသည်။ Singha ကုမ္ပဏီမှ ဗီယက်နမ်နှင့် ကမ္ဘော ဒီးယား နိုင်ငံတို့၌လည်း ဈေးကွက် ဝယ်လိုအားနှင့် လုပ်ငန်း တည်ထောင်နိုင်မှု အခြေအနေများကို ကွင်းဆင်း လေ့လာခဲ့ပြီးဖြစ်သည်။ ၄င်းအပြင် ဥပရောပနှင့် မြောက်အမေရိက ဘီယာဈေးကွက်သို့ ထိုးဖောက် ဝင်ရောက်နိုင်ရန် အတွက်လည်း စီစဉ် ဆောင်ရွက်နေလျက် ရှိသည်။

ကိုးကား - နေးရှင်းသတင်းစာ(Thai)
http://mmcybermedia.com/community/index.php?topic=44036.735

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...