စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စစ်ကိုင်းမြို့ရဲ့ လမြတ်ဝါဆို


(ရွှေကြက်ယက်ဘက်မှ စစ်ကိုင်းတောင်ကို လှမ်းမျှော်တွေ့ရပုံ)

       ကျွန်တော့်ရဲ့ ကြီးပြင်းရာ စစ်ကိုင်းမြို့လေးမှာ ဝါတွင်း(၄)လပတ်လုံး ဥပုတ်သီတင်းဆောက်တည်တဲ့ သူတွေနဲ့ ပြည့်နှက် နေသလို ဝါတွင်း(၄)လပတ်အတွင်းမှာပဲ အပတ်စဉ် အဖိတ်၊ ဥပုတ်ဆို သတ်ဆိုင်ရာ ဘုရားပွဲတွေရှိပြီး တစ်ချို့ ဘုရားပွဲတွေဟာ အထူးပဲ စည်ကားလှပါတယ်။ စစ်ကိုင်းမှာ ဘုရားပွဲတွေကို စာချိုးနှင့် မှတ်သားထားပုံကတော့...

(ပုံ၊ တောင်၊ ဇေ၊ ချမ်း၊ ဥ၊ နန်း၊ နန်၊ လေး၊ ပ၊ ထူ၊ ရှင်၊ ငါး၊ အောင်၊ ကောင်း)
   ဆိုပြီး ရှေးစာဆိုကြီးများက မှတ်သားထားပြီး နှစ်စဉ် ဝါတွင်း(၄)လပတ်လုံး ဘုရားပွဲတွေကို သက်ဆိုင်ရာ ရက်ကွက် အလိုက် မနက်တိုင်း ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တွေကို အပတ်စဉ် ဥပုတ်နေ့မနက်တိုင်း သက်ဆိုင်ရာ ဘုရားအလိုက် ဝတ်ဖြူစင်ကြယ်တွေဝတ်ကာ စီတန်းပြီး ကြေးစဉ်၊ မောင်း၊ ယပ်၊ ထီးတော်၊ ဆွမ်းအုပ်၊ မြသပိတ်၊ စသည်တို့ကို သယ်ဆောင်ပြီး ဘုရားမှာ ဆွမ်းတော် သွားရောက် ကပ်လှူ ကြတာဟာလည်း ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခုပါ။ စည်ကားလှတဲ့ ဘုရားပွဲတွေမှာဆို ဝန်းတွေ၊ မြေဝိုင်း ပြဇာတ်တွေ၊ သီချင်းတွေ အတီးအမှုတ်၊ အကအခုန်တွေနဲ့ စီတန်းပြီး သွားကြပါတယ်။ အချုပ်ဆိုရမည် ဆိုလျှင် စစ်ကိုင်းမြို့လေးသည် ပုဂံပြီးလျှင် ဘုရားစေတီ ပုထိုးများနှင့် ပြည့်နှက်နေသော ဒုတိယ ပုဂံပြည်လေး ပင်ဖြစ်ပေတော့သည်။



ပုံ        =  ပုညရှင် (စစ်ကိုင်းတောင်ပေါ်တွင် တည်ရှိပြီး အထူးထင်ရှားစည်ကားသော ဘုရားပွဲတော်)
တောင် = တောင်ဖီလာ (စစ်ကိုင်းတောင်နှင့် ကပ်လျှက်တွင် တည်ရှိသည်။)
ဇေ      = ဇေတဝန် (စစ်ကိုင်းတောင်နှင့် ကပ်လျှက်တွင် တည်ရှိသည်။)
ချမ်း     =ချမ်းသာကြီး (စစ်ကိုင်းတောင်နှင့် ကပ်လျှက်တွင် တည်ရှိသည်။)
ဥ        = ဥမင် (၉၀) (စစ်ကိုင်းတောင်ပေါ်တွင် တည်ရှိသည်။)
နန်း     = ရှင်ပင်နန်ကိုင်း (စစ်ကိုင်းတောင်နှင့် ကပ်လျှက် ထုံးဖိုအရပ်တွင် တည်ရှိသည်။)
နန်      = ရှင်ပင်နန်းဦး (စစ်ကိုင်းတောင်နှင့် ကပ်လျှက် မြို့သစ်အရပ်တွင် တည်ရှိသည်။)
လေး   = လေးကျွန်းမာန်အောင် (စစ်ကိုင်းတောင်နှင့် ကပ်လျှက် သောတာပန်အရပ်တွင် တည်ရှိသည်။)
ပ       = ပတ္တမြားစေတီ (စစ်ကိုင်းတောင်နှင့် ကပ်လျှက် ဝါးချက်အရပ်တွင် တည်ရှိသည်။)
ထူ     = ထူပါရုံ (ဧရာဝတီ မြစ်နားတွင် တည်ရှိသည်။)
ရှင်    = ရှင်ဖြူရှင်လှ (စစ်ကိုင်းတောင်ပေါ်တွင် တည်ရှိသည်။)
ငါး     = ငါးထပ်ကြီး (စစ်ကိုင်းမြို့တွင် အထူးထင်ရှား စည်ကားလှသော ဘုရားပွဲတော်၊ အစေခံရပ်ကွက်အနီးတွင် တည်ရှိသည်။)
အောင် = အောင်မြေလောက (ဧရာဝတီ မြစ်နား ထူပါရုံဘုရားနှင့်မနီးမဝေးတွင် တည်ရှိသည်။)
ကောင်း = ကောင်းမှုတော် (စစ်ကိုင်းမြို့တွင် အထူးထင်ရှား စည်ကားလှသော ဘုရား၊ ပုံသဏ္ဍာန်နှင့် တည်ဆောက်ပုံ ဆန်းကြယ်သောကြောင့် နိုင်ငံတကာတွင် ထင်ရှားပြီး စစ်ကိုင်းဟု လူသိများစေသော ဘုရား)


ကိုစစ်ကိုင်း


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...