
အစ္စရေးနိုင်ငံမှာတော့ ထူးထူးခြားခြား မြွေအနှိပ်ခန်း ဖွင့်ထားတယ်လို့ဆိုပါတယ်။ ပိုင်ရှင်ဖြစ်သူ အဒါ ဘားရက် ကတော့ သူ့အနှိပ်ခန်းကို လာရင် ကလီဖိုးနီးယားက မြွေ၊ ဖလော်ရီဒါကမြွေ၊ အပြင် မြွေမျိုးစုံနဲ့ နှိပ်ပေးမယ်လို့ ဆိုပါတယ်။ ဘားရက်ကတော့ စပါးကြီးမြွေနဲ့ ကြီးမားတဲ့ မြွေကြီးတွေကို အသုံးပြုခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ အကြောတွေကို ဖြေလျှော့ပေးနိုင်ကြောင်းကို နှစ်ပေါင်းများစွာ လေ့လာခဲ့ပါသတဲ့။ အနှိပ်ခံသူများဟာ မြွေကြီးတွေနဲ့ ထိတွေ့ပြီးနောက်မှာ သူတို့ရဲ့ စိတ်ဖိစီးမှု့တွေကိုပါ ဖြေလျှော့နိုင်တယ်လို့လဲ ဆိုပါတယ်။
မြွေအရွယ်အစားကတော့ နှိပ်နည်းအမျိုးမျိုးပေါ်မူတည်ပါသတဲ့။ သင်ဟာ အရမ်းကို ပင်ပန်းနွမ်းနယ်နေရင်တော့ မြွေအကောင် ကြီးကြီးတွေနဲ့နှိပ်ပေးမှာဖြစ်ပြီးတော့ မြွေအကောင် သေးသေးလေးတွေကတော့ မျက်နှာလိုမျိုး၊ ခြေထောက်လိုမျိုး သေးငယ်တဲ့ အစိတ်အပိုင်းတွေ အတွက်ဖြစ်ပြီ တလှပ်လှပ် ခံစားရစေမယ်လို့ ဆိုထားပါတယ်။ အဲ.. တစ်ခါနှိပ်ရင်တော့ အမေရိကန်ဒေါ်လာ ၈၀ ယူပါသတဲ့ဗျား။ ကဲ.. အလုပ်ပင်ပန်း၊ ညောင်းညာ၊ စိတ်ဖိစီးသူများ မြွေအနှိပ်ခန်းကလေးကို သွားပြီး စမ်းကြည့်ကြပါဦးလား?




http://blog-aunghtut.blogspot.com
No comments:
Post a Comment