စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ခွေး မင်္ဂလာဆောင်

alt
အဖြူပေါ် အနက်နဲ့ မီးခိုးရောင် အမှတ်လေးများ ပါရှိတဲ့ Coton de Tulear အမျိုးအစား ခွေးမလေး Baby Hope Diamond နဲ့ Poodle အမျိုးအစား ခွေးထီးလေး Chilly Pasternak တို့ဟာ နယူးယောက်မြို့ အခြေစိုက် Humane Society ရဲ့ ရံပုံငွေအတွက် Jumeirah Essex House Hotel မှာ ပြုလုပ်တဲ့ အခမ်းအနားကြီးမှာ ထိမ်းမြား လက်ထပ်ခဲ့ကြပါတယ်။
သူတို့ နှစ်ကောင်သား အကြင်လင်မယား ဖြစ်ခဲ့ကြပြီး နောက်မှာတော့ ချစ်စဖွယ် ခွေးလေးနှစ်ကောင်ဟာ မင်္ဂလာ စရိတ် ဒေါ်လာ ၁၅၈၁၈၇.၂၆ နဲ့ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး အိမ်မွေးတိရစ္ဆာန် မင်္ဂလာဆောင်အဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်း ဝင်သွားခဲ့ပါတယ်။ အဲဒီ အခမ်းအနားအတွက် ဇိမ်ခံ အသုံးအဆောင်တွေနဲ့ ဝန်ဆောင်မှုတွေ အားလုံးဟာ လှူဒါန်းကြတာ ဖြစ်ပြီး ပွဲတက်လာသူများကလည်း Humane Society ရံပုံငွေအတွက် လက်မှတ်ဝယ်ယူပြီး တက်ရောက် ခဲ့ကြတာ ဖြစ်ပါတယ်။
ယင်းပွဲအတွက် မူလက ရည်ရွယ်ထားတဲ့ သတို့သမီးကတော့ နာမည်ကျော် ခွေးမလေး Lucky Diamond ဖြစ်ပြီး သူမဟာလည်း ဂင်းနစ် မှတ်တမ်းဝင်သူတစ်ဦး ဖြစ်ပါတယ်။ Lucky ဟာ “Twilight” မင်းသမီး Kristen Stewart မှသည် ဟစ်ပ်ဟော့ အဆိုတော် Snoop Dogg အထိ celebrity ပေါင်း ၃၀၀ ကျော်နဲ့ တွဲဖက် ဓါတ်ပုံ အရိုက်ခံဖူးတဲ့အတွက် နာမည်ကျော်များနှင့် အများဆုံး ဓါတ်ပုံရိုက်ဖူးတဲ့ တိရစ္ဆာန် တစ်ကောင်အဖြစ် ဂင်းနစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ခွေးမောင်နှံရဲ့ မင်္ဂလာဆောင်ကို အကောင်းဆုံးတွေနဲ့သာ ပြင်ဆင်ခဲ့တာ ဖြစ်ပြီး မင်္ဂလာ အခမ်းအနားကို celebrity တွေရဲ့ နာမည်ကျော် wedding planner ဖြစ်သူ Harriette Rose Kartz က စီမံ ဆောင်ရွက်ပေးခဲ့ကာ နာမည်ကျော် မီးအလှဆင် ပညာရှင် Bentley Meeker က အလင်းရောင် ထွန်းညှိပေးခဲ့ပါတယ်
အစားအသောက်အတွက်တော့ Jumeirah Essex House Hotel ရဲ့ စားဖိုမှူးကြီး Nate နဲ့ ဆူရှီ စားတော်ကဲ James Chung တို့က တာဝန်ယူခဲ့ပါတယ်။ ဧည့်သည်များကို Les Compagnons ဝိုင်များနဲ့ ဧည့်ခံခဲ့ပြီး မင်္ဂလာ ကိတ်မုန့်ကိုတော့ Travel & Living Channel (TLC) မှ Cake Boss Buddy က ပြုလုပ်ပေးခဲ့ကာ လာမည့် Cake Boss အစီအစဉ်သစ်မှာ မင်္ဂလာပွဲအကြောင်း ထည့်သွင်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။
အခမ်းအနားကို တက်ရောက်လာကြတဲ့ ခြေလေးချောင်း ပိုင်ရှင် ဧည့်သည်တော်များ အတွက်ကတော့ သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်သော တိရစ္ဆာန် အစားအစာများ ထုတ်လုပ်တဲ့ Halo က သဘာဝ တိရစ္ဆာန် စားဖွယ် ဘူဖေးကို တည်ခင်းမှာ ဖြစ်ပါတယ်။
ကမ္ဘာကျော် ခွေး အလှဖန်တီးရှင်နဲ့ ဝတ်စုံ ဒီဇိုင်နာများက ခွေးစုံတွဲကို အလှဆင်ပေးခဲ့ကြပြီး ခွေး သတို့သမီး ဂါဝန်ဟာ ဒေါ်လာ ၆၀၀၀ တန်တယ်လို့ သိရပါတယ်။ အခမ်းအနားရဲ့ ပန်းအလှဆင်မှုကိုတော့ Sony Music မှ Kathy Hilton၊ အမေရိကန် သမ္မတဟောင်း Bill Clinton တို့ရဲ့ လက်ဆွဲတော် Floralia Decorators က တာဝန် ယူခဲ့တာ ဖြစ်ပါတယ်။
American Ballet Theater ရဲ့ Spring Gala မှာ ဖျော်ဖြေတင်ဆက်တဲ့ Hank Lane Orchestra အဖွဲ့က Jazz Trumpet ပညာရှင် Dominick Farinacci နဲ့ တွဲဖက်ကာ တီးမှုတ် ဖျော်ဖြေခဲ့ပြီး နာမည်ကျော် အော်ပရာနဲ့ ပေါ့ပ် အဆိုတော် Nathan Pacheco ကလည်း သီဆို အားဖြည့်ပေးခဲ့ပါတယ်။

http://luckymyotaw.wall.fm/forum/16  (ထူးဆန်းထွေလာ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...