စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဒေါ်အောင်ဆန်းစုကြည်မကောင်းကြောင်းပြောနေသူများ ဒီစားလေးကိုဖတ်ကြည့်လိုက်ပါ


ဒေါ်အောင်ဆန်းစုကြည်မကောင်းကြောင်းပြောနေသူများ ဒီစားလေးကိုဖတ်ကြည့်လိုက်ပါ [ကိုယ်ရေးအကျဉ်း]
ပိုစ့်လေးကကောင်းလို့ Facebook ပေါ်ကနေကူးချလာတာပါ။ဖတ်ဖြစ်အောင်ဖတ်ဖို့တိုက်တွန်းပါရစေ..
၁) ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်တွင် နိုဘယ် ငြိမ်းချမ်းရေးဆု ချီးမြင့်ခဲ့ခြင်းမှာ-
“ နော်ဝေနိုင်ငံ နိုယ်ဘယ် ကော်မတီမှ ၁၉၉၁ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေး ဆုအား မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် အား၊ သူ၏ အကြမ်းမဖက်နည်းဖြင့် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများ ရရှိရန် ကြိုးပမ်းခဲ့မှုများကြောင့် ဤဆုအား ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။
... ဒေါ်အောင်ဆန်းစုကြည် ရဲ့ သတ္တိများဟာ အာရှ နိုင်ငံများမှ အထူးအံ့သြဖွယ်၊ ချီးကျူး သင့်သည့် ဥပမာများမှ တစ်ခုဖြစ်ပါတယ်။ သူဟာ ဖိနှိပ်ချုပ်ချယ်ခြင်းမှ လွတ်မြောက်ရန် တိုက်ပွဲဝင်နေတဲ့ အဓိက အရေးပါတဲ့ ပုံရိပ်ဖြစ်ပါတယ် ..

.. ယခု ၁၉၉၁ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု အား ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြင့်ရင်း၊ ကမ္ဘာတဝှမ်းတွင် ဒီမိုကရေစီ နှင့် လူအခွင့်အရေးအများ ရကြရန် ငြိမ်းချမ်းစွာ တိုက်ပွဲဝင်နေကြသည့် သူများအား ထောက်ခံ အားပေးရန် နှင့် သူမ၏ အလံမချ ငြိမ်းချမ်းရေး တိုက်ပွဲဝင်မှုများကြောင့်၊ နော်ဝေနိုင်ငံ နိုဘယ် ကော်မီတီမှ ဤဆုအား ချီးမြှင့်လိုက်သည်။
( အော်စလို, အောက်တိုဘာ ၁၄၊ ၁၉၉၁)
အဓိကက မိန်းမတစ်ယောက်ဖြစ်ပြီး အကျယ်ချုပ်ကျနေတာကိုတောင် လုံးဝ စိတ်ဓာတ်မကျပဲ အာဏာရှင်ကို အကြမ်းမဖက် ဆန့်ကျင်ခဲ့လို့ပါ။ လူတိုင်းမှာ အရှိန်အ၀ါဆိုတာ ရှိတယ် ညီလေးရဲ့ အဲဒါက ဘာနဲ့မှ လဲလို့မရဘူ။ လမ်းကြောင်းနဲ့သွားပြီး လင်ခရူဇာစီးသွားလည်း အရှိန်အ၀ါမရှိရင် ဆိုင်ကယ်ကတောင် ရပ်မပေးချင်ဘူး..။ ဒါတွေကိုမင်းတို့သိပါတယ်..။

(၂) သူ လုပ်ခွင့်ရှိတဲ့ အချိန်မှာ သူလုပ်ခဲ့တဲ့ အလုပ်တွေကို အခု မျက်မြင်ကိုယ်တွေ့မြင်နေရပြီလေ..။ ပြည်သူကို ဘာလုပ်ပေးခဲ့သလဲ ဆိုတာထက် အဲဒီတုန်းက ပြည်သူကိုဘာလုပ်ခွင့်ရခဲ့ပါသလဲဆိုတာက ပိုသင့်တော်ပါတယ်။
သူ့အသက်ရဲ့ သုံးပုံတစ်ပုံလောက်က မြန်မာပြည်မှာ..။ မြန်မာပြည်မှာရှိတဲ့ နှစ်ပေါင်း နှစ်ဆ ယ် ကျော်အတွင်းမှာ ဆယ့်ငါးနှစ်လောက်က အိမ်ထဲက အိမ်ပြင်ထွက်ခွင့်မရှိဘူး။ ထွက်လို့ရတဲ့ အချိန်တိုအတွင်းမှာ ပြည်သူနဲ့ ထိတွေ့ပြီး လက်ရှိခံစားနေရတဲ့ ဒုက္ခတွေကို အကန့်အသတ်ထဲကနေ အားပေးစည်းရုံးပြီး လုံးဝ(အခုအချိန်လို အနှောင်အဖွဲ့ကင်းမဲ့တဲ့) တွေ့ဆုံဆွေးနွေးဖို့ကို အမြဲတမ်း ကြိုးစားနေခဲ့တယ်။ ဒါတွေကို အခက်အခဲကြားထဲက လုပ်နေခဲ့တာတွေပါပဲ။

အခုအချိန် သူလုပ်ပိုင်ခွင့်ရလို့ တစ်နှစ်အတွင်းပြောင်းလဲသွားတွေကိုပြန်ကြည့်ရင် သူလွတ်ပြီး တစ်လအတွင်း မြန်မာနိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထိုးတက်သွားတယ်၊ သူ့ရဲ့ဖိအားပေးမှုနဲ့ EU နဲ့ US က စီးပွားရေးပိတ်ဆို့မှုတွေ လျော့လာတယ်၊ မြန်မာအာဆီယံဥက္ကဌဖြစ်ဖို့ အင်ဒိုနီးရှားက သူ့ရဲ့တိုက်တွန်းချက်ကို တောင်းရတယ်၊ သံဃာ့အရေးအခင်းတုန်းက ဂျပန်သတင်းထောက်ပစ်သတ်ခံရလို့ နှစ်နှစ်လောက် ဒေါ်လာသန်းပေါင်းများစွာ မကူညီတဲ့ ဂျပန်က လောပိတရေအားလျှပ်စစ်ကိုတောင် နှစ်ငါးဆယ် ထပ်ပြီး ပြုပြင်တည်ဆောက်ဖို့ သဘောတူလိုက်တယ်။ အဲဒါတွေက နိုင်ငံတကာ စီးပွားရေးဆွေးနွေးပွဲတွေမှာ Skype နဲ့ မိန့်ခွန်းပြောကြားခဲ့တဲ့ အကျိုးဆက်တွေပဲ.။ မြစ်ဆုံကိစ္စကိုလည်း ကန့်ကွက်ခဲ့တယ်။ နိုင်ငံေ၇းအကျဉ်းသားအချို့ ပြန်လွတ်လာတယ်။ နိုင်ငံတကာကလာတဲ့ အစိုးရအဆင့်မြင့်အရာရှိတွေ၊ အားလုံးနီးပါးက သူနဲ့ မဆွေးနွေးပဲ ပြန်တဲ့သူသိပ်မရှိပါဘူး။ အဲဒီတော့ အဲဒီလို ပြုပြင်ပြောင်းလဲတာတွေတာတွေက သူလွတ်လာလို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေပဲ။ အဲဒီလို အားလုံးပြောင်းလဲကုန်ရင် ပြည်သူ့ဘ၀တွေလည်း ပိုမိုတိုးတက်လာမှာပဲ..။ ဒါတွေကို လက်ရှိအစိုးရနဲ့ အပြုသဘော ပူးပေါင်းဆောင်ရွက်မှုကြောင့် ရတယ်ဆိုရင်လည်း မမှားဘူး။

(၃) နံပါတ် (၃) မေးခွန်းကို ဖြေရရင် စီးပွားရေးပိတ်ဆို့မှုရဲ့ အကြောင်းအရင်းက အာဏာရှင်တွေက ပြည်သူကိုနှိပ်စက်ရင် များသောအားဖြင့် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုဆိုတာ သူ့အလိုလို ဆွေးနွေးတိုင်ပင်ဆုံးဖြတ်ပြီး ဖြစ်သွားတတ်ကြပါတယ်။ အဲဒီလိုပိတ်ဆို့ထားမှ အစိုးရအနေနဲ့ ရပ်တည်ရခက်ခဲပြီး ပြည်သူတွေရဲ့ ဆန္ဒကို လိုက်လျောပေးလေ့ရှိကြလို့ပါ။
အမေစုကြောင့် စီးပွားရေးပိတ်ဆို့တယ်၊ အမေစုကစီးပွားရေး ပိတ်ဆို့ခိုင်းထားလို့ ပြန်မဖွင့်ပေးတာ ဆိုတာတွေက အရင်က သတင်းစာထဲက စကားတွေပါ..။ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့တာက ပြည်တွင်းမှာရှိတဲ့ အခြေအနေတွေကို သုံးသပ်ပြီး ဆုံးဖြတ်တဲ့အလုပ်တွေပါ။ အမေစုကပိတ်ခိုင်းတိုင်းပိတ်လို့မရသလို ဖွင့်ခိုင်းတိုင်းလည်း ဖွင့်လို့မရပါဘူး။ အခုလို အခြေအနေမှာတောင် ဖျေလျော့ပေးတာပဲရှိသေးတယ်။ လုံးဝ ဖွင့်မပေးသေးပါဘူး လုံးဝပွင့်သွားအောင် ဖိအားပေးလို့မရပါဘူး။

အကြောင်း (၁) က စစ်အစိုးရပါ..။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အခုလို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့မယ်ဆိုရင်..။ ယခုအထိ နိုင်ငံတကာက ပိတ်ထားစရာမရှိသလို ပြည်သူတွေလည်း တိုးတက်နေမှာပါပဲ..။

အကြောင်း(၂) က တရုတ်ပါ။ ကမ္ဘာက စီးပွားရေးပိတ်ဆို့ချိန်မှာ တရုတ်က မြန်မာကို အန္တရာယ်ကြီးပြီး အရည်အသွေးမမီတဲ့ ပစ္စည်းတွေတင်သွင်း၊ မြန်မာပြည်က တန်ဖိုးရှိတဲ့သယံဇာတတွေ ထုတ်ယူကာ၊ မှောင်ခိုကုန်သည်လုပ်ပြီး စစ်အာဏာရှင်တွေအတွက် အသက်ရှူပေါက်ဖွင့်ပေးခဲ့တဲ့အတွက်ယနေ့ အချိန်အထိ သက်ဆိုးရှည်သွားခြင်းပါ။ နေပြည်တော်တောင် တရုတ်ကပေးတဲ့ US ငါးဘီလီယံနဲ့ ဆောက်ခဲ့သေးတာပဲ..။ ကမ္ဘာပေါ်မှာ တရုတ်ပြည်တွင်း စက်မှုလက်မှုတွေကထုတ်တဲ့ သွားကြားထိုးတံကနေ အိမ်စီးကားအထိ အစအဆုံး အသုံးအပြုဆုံးနိုင်ငံက မြန်မာနိုင်ငံလေ။ တို့ပတ်ဝန်းကျင်မှာ တရုတ်ပစ္စည်းတွေချည်းပဲ..။ ထိုင်းပစ္စည်းတောင် မျိုးစုံရှိလို့လား။
အဲဒီတော့ တရုတ်သာ မှောင်ခိုကုန်သည်မလုပ်ခဲ့ရင် အစိုးရ လိုငွေပြ အင်အားချည့်နှဲ့ပြီး ပြည်သူ့ဆန္ဒ သို့မဟုတ် ဒီမိုကရေစီဖော်ဆောင်ဖို့ကို အရင်ကတည်းက ပြောင်းလဲလိုက်မှာပါ..။ အခုတော့ နှစ်တွေအများကြီး ကြာသွားခဲ့တာပေါ့။အဲဒီတော့ အစိုးရကိုမကြိုက်လို့ စီးပွားရေးကို အကြာကြီးပိတ်ခိုင်းတာမဟုတ်ပါ။ အပေါ်က အချက်တွေက အဓိကပါ..။

(၄) နိုင်ငံခေါင်းဆောင်ကြီး တစ်ဦးရဲ့ သမီးအနေနဲ့ ဘာဖြစ်လို့ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်တာလဲဆိုရင် အဓိကအကြောင်းအရင်းက ပြည်ပမှာ ဘာ့ကြောင့် ရှိနေတဲ့အကြောင်းအရင်းကို အရင်ထုတ်ရှင်းရပါမယ်.။ အမေစု မိခင် ဒေါ်ခင်ကြည်ဟာ ၁၉၆၀ မှာ အိန္ဒိယသံအမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ အဲဒီတော့ အိန္ဒိယကို ပြောင်းရပါတယ်။ အဲဒီအချိန်မှာ အမေစု အသက်ဆယ့်ငါးနှစ်ရှိပါပြီ။ ဆယ်ခုနှစ်နှစ်အရွယ် ၁၉၆၂ ခုနှစ် ဒေလီတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံဘာသာနဲ့ သင်ယူနေတုန်း မြန်မာပြည်မှာ ကျောင်းသားသမဂ္ဂ ဗုံးခွဲခံရပြီး အထဲကကျောင်းသားအားလုံး သေဆုံးကုန်ပါတယ်။။ အဲဒီရဲ့ အကျိုးဆက်က အမေစုအတွက် မြန်မာပြည်တွင်းမှာ ပြန်လည်နေထိုင်ဖို့ မဖြစ်နိုင်တဲ့ တွန်းအားတစ်ခုဖြစ်သွားပါတယ်.။ ဗိုလ်ချုပ်ရဲ့သမီးဖြစ်ပြီး နိုင်ငံရေးသိပ္ပံနဲ့ မြန်မာပြည်ပြန်သွားရင် ဘာဖြစ်သွားမလဲ တွေးကြည့်ကြပေါ့ဗျာ.။
ဘွဲ့ရပြီးတော့ ဒေါ်ခင်ကြည့်မိတ်တွေ မြန်မာပြည်မှာနေခဲ့တဲ့ အင်္ဂလန်သံအမတ် အကူအညီနဲ့ အင်္ဂလန်အောက်စဖို့တက္ကသိုလ်မှာ မှာကျောင်းသွားတက်တယ်ဗျ။
၁၉၆၂ မှာ ဘွဲ့ရတယ် ရတဲ့ဘွဲ့က (Philosophy, Political Science, Eco) ဂုဏ်ထူးနဲ့ ၀ိဇာဘွဲ့ဗျ။ နောက် နယူးယောက်က ကုလသမဂ ရုံးမှာ အလုပ်ဝင်တယ်၊ အဲဒီမှာ ဦးနေ၀င်းရဲ့ သိုးတွေနဲ့ နိုင်ငံကူးလက်မှတ်ပြဿနာဖြစ်တယ်။အမေစုကို နိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့ နှစ်ပေါင်းများစွာ ဆိုင်းငံ့ခဲ့တယ်။ ကုလအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ သမီးတစ်ယောက်လို ဖြစ်နေလို့သာ မြန်မာနိုင်ငံသားအဖြစ် မပျက်ပြယ်တာပါ။
၁၉၇၀ မှာ မိုက်ကယ်အဲရစ်နဲ့တွေ့တယ်။ ဒီနေရာမှာ မိုက်ကယ်အဲရစ်အကြောင်း တစခုပြောချင်တယ်။ မိုက်ကယ်အဲရစ်က ဗုဒ္ဒဘာသာ၊ တက္ကသိုလ်မှာ အရှေ့တိုင်း ပါဠိဘာသာ သုတေသနပညာရှင်ပါမောက္ခ၊ အမေစုက ပါဠိဘာသာ နဲ့ အရှေ့တိုင်းယဉ်ကျေးမှု အတွက်လေ့လာရင်းနဲ့ အိမ်ထောင်ကျတာ၊ ကျပြီး နီပေါနားက ဘူတန်မှာသွားနေကြတယ်။ သူတို့အိမ်ထောင်ရေးက သဘောတူညီမှုတစ်ခု လုပ်ထားခဲ့ပြီးသား အဲဒါက ”ကျွန်မ ပြည်သူတွေအတွက် ကျွန်မတာဝန်ထမ်းဆောင်မယ်ဆိုရ
င် ခွင့်ပြုဖို့ ” ဆိုတဲ့ သဘောတူညီချက်ပဲ။


မိုက်ကယ်အဲရစ် မြန်မာပြည်ကို တစ်ခါလားတုန်းက မင်းကွန်းဆရာတော်ကြီးကို သွားဖူးတော့ နှစ်ဦးစလုံး ပါဠိလိုတွေ ပြောနေကြလို့ ထောက်လမ်းရေးတွေတောင် ငုတ်တုတ်မေ့ခဲ့တဲ့ သာဓက ရှိခဲ့ပါတယ်။ သူပြုစုခဲ့တဲ့ နီပေါ ဘူတန် ယဉ်ကျေးမှုဆိုင်ရာ စာအုပ် စာတမ်းတွေ အများကြီးပဲ။
အဲဒီတော့ အမေစု ဟိုမှာ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်တဲ့ အကြောင်းအရင်းနဲ့ မိုက်ကယ်အဲရစ်ဆိုတာ ဘယ်လိုလူစားလဲဆိုတာ သိသင့်ပြီထင်ပါတယ်။
မိခင်ဒေါ်ခင်ကြည်ရဲ့ထိန်းကွပ်ဦးဆောင်မှုနဲ့ နဗန်းဆံကိုတောင် အိမ်ထောင်ကျတဲ့အထိ ထားတုန်း၊ အိမ်မှာနေရင် မြန်မာစကားကလွဲပြီး အင်္ဂလိပ်လို မသုံးနှုန်းတာတွေ၊ နှစ်ပေါင်းများစွာ ကိုယ့်လုံခြည်ကို ယက်ကန်း ယက်လုပ်ပြီး ၀တ်ခဲ့တာတွေ အိန္ဒယမှာရှိတဲ့အချိန် အသက် ဆယ့်ခုနှစ်နှစ် ကတည်းက ဒေလီမြို့စွန်က ဟိန္ဒူတွေစွန့်ပစ်ထားတဲ့ ဗုဒ္ဓဘာသာကျောင်းကို ရန်ပုံငွေကောက်ပြီး ပြုပြင်မွမ်းမံခဲ့တာတွေကိုကြည့်ရင်..။ အမေစု ဘယ်လိုလူစားလဲ ဆိုတာကို သိနိုင်ပါတယ်။ အဲဒီလိုလူမျိုးကရွေးချယ်တဲ့ ခင်ပွန်းဟာလည်း နိုင်ငံခြားသားပင်ဖြစ်စေကာမူ ဘယ်လိုမျိုးလဲဆိုတာကို သဘောပေါက်သင့်ပါတယ်။
အခု ဘူတန်ဘုရင်ဟာ ဒေါက်တာ မိုက်ကယ်အဲရစ်ရဲ့ တပည့်ပါ။ သူ့ကို စာသင်ပေးတုန်းက ဆယ့်ခုနှစ်နှစ်ပဲ ရှိပါသေးတယ်။
အရင်စစ်အစိုးရဟာ မိုက်ကယ်အဲရစ်နဲ့ အမေစုကို နေရာပေးပြီး ပူးပေါင်းဆောင်ရွက်ခဲ့မယ်ဆိုရင် မဇ္ဇိမဒေသကနေ မြန်မာနိုင်ငံအထိ ထေရ၀ါဒ ဗုဒဘာသာနဲ့ ယဉ်ကျေးမှု ပြောင်းလဲခြင်းဖြစ်စဉ်သမိုင်းအတွက် တကယ် အထောက်အကူဖြစ်နိုင်ပါတယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ မိုက်ကယ်အဲရစ်က အဲဒါတွေနဲ့ပတ်ကက်ရင် ကိုယ့်စားရိတ်ကိုယ်စားပြီး သုတေသနလုပ်နေတဲ့သူပါ။
Photo: ဒီစာလေးကို ဖက်ဖြစ်အောင်ဖက်ပေးပါ။။။။။ ဒေါ်အောင်ဆန်းစုကြည်မကောင်းကြောင်းပြောနေသူများ ဒီစားလေးကိုဖတ်ကြည့်လိုက်ပါ [ကိုယ်ရေးအကျဉ်း] ပိုစ့်လေးကကောင်းလို့ Facebook ပေါ်ကနေကူးချလာတာပါ။ဖတ်ဖြစ်အောင်ဖတ်ဖို့တိုက်တွန်းပါရစေ..

၁) ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်တွင် နိုဘယ် ငြိမ်းချမ်းရေးဆု ချီးမြင့်ခဲ့ခြင်းမှာ- “ နော်ဝေနိုင်ငံ နိုယ်ဘယ် ကော်မတီမှ ၁၉၉၁ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေး ဆုအား မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် အား၊ သူ၏ အကြမ်းမဖက်နည်းဖြင့် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများ ရရှိရန် ကြိုးပမ်းခဲ့မှုများကြောင့် ဤဆုအား ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ... ဒေါ်အောင်ဆန်းစုကြည် ရဲ့ သတ္တိများဟာ အာရှ နိုင်ငံများမှ အထူးအံ့သြဖွယ်၊ ချီးကျူး သင့်သည့် ဥပမာများမှ တစ်ခုဖြစ်ပါတယ်။ သူဟာ ဖိနှိပ်ချုပ်ချယ်ခြင်းမှ လွတ်မြောက်ရန် တိုက်ပွဲဝင်နေတဲ့ အဓိက အရေးပါတဲ့ ပုံရိပ်ဖြစ်ပါတယ် .. .. ယခု ၁၉၉၁ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆု အား ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြင့်ရင်း၊ ကမ္ဘာတဝှမ်းတွင် ဒီမိုကရေစီ နှင့် လူအခွင့်အရေးအများ ရကြရန် ငြိမ်းချမ်းစွာ တိုက်ပွဲဝင်နေကြသည့် သူများအား ထောက်ခံ အားပေးရန် နှင့် သူမ၏ အလံမချ ငြိမ်းချမ်းရေး တိုက်ပွဲဝင်မှုများကြောင့်၊ နော်ဝေနိုင်ငံ နိုဘယ် ကော်မီတီမှ ဤဆုအား ချီးမြှင့်လိုက်သည်။ ( အော်စလို, အောက်တိုဘာ ၁၄၊ ၁၉၉၁) အဓိကက မိန်းမတစ်ယောက်ဖြစ်ပြီး အကျယ်ချုပ်ကျနေတာကိုတောင် လုံးဝ စိတ်ဓာတ်မကျပဲ အာဏာရှင်ကို အကြမ်းမဖက် ဆန့်ကျင်ခဲ့လို့ပါ။ လူတိုင်းမှာ အရှိန်အ၀ါဆိုတာ ရှိတယ် ညီလေးရဲ့ အဲဒါက ဘာနဲ့မှ လဲလို့မရဘူ။ လမ်းကြောင်းနဲ့သွားပြီး လင်ခရူဇာစီးသွားလည်း အရှိန်အ၀ါမရှိရင် ဆိုင်ကယ်ကတောင် ရပ်မပေးချင်ဘူး..။ ဒါတွေကိုမင်းတို့သိပါတယ်..။

 (၂) သူ လုပ်ခွင့်ရှိတဲ့ အချိန်မှာ သူလုပ်ခဲ့တဲ့ အလုပ်တွေကို အခု မျက်မြင်ကိုယ်တွေ့မြင်နေရပြီလေ..။ ပြည်သူကို ဘာလုပ်ပေးခဲ့သလဲ ဆိုတာထက် အဲဒီတုန်းက ပြည်သူကိုဘာလုပ်ခွင့်ရခဲ့ပါသလဲဆိုတာက ပိုသင့်တော်ပါတယ်။ သူ့အသက်ရဲ့ သုံးပုံတစ်ပုံလောက်က မြန်မာပြည်မှာ..။ မြန်မာပြည်မှာရှိတဲ့ နှစ်ပေါင်း နှစ်ဆ ယ် ကျော်အတွင်းမှာ ဆယ့်ငါးနှစ်လောက်က အိမ်ထဲက အိမ်ပြင်ထွက်ခွင့်မရှိဘူး။ ထွက်လို့ရတဲ့ အချိန်တိုအတွင်းမှာ ပြည်သူနဲ့ ထိတွေ့ပြီး လက်ရှိခံစားနေရတဲ့ ဒုက္ခတွေကို အကန့်အသတ်ထဲကနေ အားပေးစည်းရုံးပြီး လုံးဝ(အခုအချိန်လို အနှောင်အဖွဲ့ကင်းမဲ့တဲ့) တွေ့ဆုံဆွေးနွေးဖို့ကို အမြဲတမ်း ကြိုးစားနေခဲ့တယ်။ ဒါတွေကို အခက်အခဲကြားထဲက လုပ်နေခဲ့တာတွေပါပဲ။ အခုအချိန် သူလုပ်ပိုင်ခွင့်ရလို့ တစ်နှစ်အတွင်းပြောင်းလဲသွားတွေကိုပြန်ကြည့်ရင် သူလွတ်ပြီး တစ်လအတွင်း မြန်မာနိုင်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ထိုးတက်သွားတယ်၊ သူ့ရဲ့ဖိအားပေးမှုနဲ့ EU နဲ့ US က စီးပွားရေးပိတ်ဆို့မှုတွေ လျော့လာတယ်၊ မြန်မာအာဆီယံဥက္ကဌဖြစ်ဖို့ အင်ဒိုနီးရှားက သူ့ရဲ့တိုက်တွန်းချက်ကို တောင်းရတယ်၊ သံဃာ့အရေးအခင်းတုန်းက ဂျပန်သတင်းထောက်ပစ်သတ်ခံရလို့ နှစ်နှစ်လောက် ဒေါ်လာသန်းပေါင်းများစွာ မကူညီတဲ့ ဂျပန်က လောပိတရေအားလျှပ်စစ်ကိုတောင် နှစ်ငါးဆယ် ထပ်ပြီး ပြုပြင်တည်ဆောက်ဖို့ သဘောတူလိုက်တယ်။ အဲဒါတွေက နိုင်ငံတကာ စီးပွားရေးဆွေးနွေးပွဲတွေမှာ Skype နဲ့ မိန့်ခွန်းပြောကြားခဲ့တဲ့ အကျိုးဆက်တွေပဲ.။ မြစ်ဆုံကိစ္စကိုလည်း ကန့်ကွက်ခဲ့တယ်။ နိုင်ငံေ၇းအကျဉ်းသားအချို့ ပြန်လွတ်လာတယ်။ နိုင်ငံတကာကလာတဲ့ အစိုးရအဆင့်မြင့်အရာရှိတွေ၊ အားလုံးနီးပါးက သူနဲ့ မဆွေးနွေးပဲ ပြန်တဲ့သူသိပ်မရှိပါဘူး။ အဲဒီတော့ အဲဒီလို ပြုပြင်ပြောင်းလဲတာတွေတာတွေက သူလွတ်လာလို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေပဲ။ အဲဒီလို အားလုံးပြောင်းလဲကုန်ရင် ပြည်သူ့ဘ၀တွေလည်း ပိုမိုတိုးတက်လာမှာပဲ..။ ဒါတွေကို လက်ရှိအစိုးရနဲ့ အပြုသဘော ပူးပေါင်းဆောင်ရွက်မှုကြောင့် ရတယ်ဆိုရင်လည်း မမှားဘူး။

(၃) နံပါတ် (၃) မေးခွန်းကို ဖြေရရင် စီးပွားရေးပိတ်ဆို့မှုရဲ့ အကြောင်းအရင်းက အာဏာရှင်တွေက ပြည်သူကိုနှိပ်စက်ရင် များသောအားဖြင့် နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုဆိုတာ သူ့အလိုလို ဆွေးနွေးတိုင်ပင်ဆုံးဖြတ်ပြီး ဖြစ်သွားတတ်ကြပါတယ်။ အဲဒီလိုပိတ်ဆို့ထားမှ အစိုးရအနေနဲ့ ရပ်တည်ရခက်ခဲပြီး ပြည်သူတွေရဲ့ ဆန္ဒကို လိုက်လျောပေးလေ့ရှိကြလို့ပါ။ အမေစုကြောင့် စီးပွားရေးပိတ်ဆို့တယ်၊ အမေစုကစီးပွားရေး ပိတ်ဆို့ခိုင်းထားလို့ ပြန်မဖွင့်ပေးတာ ဆိုတာတွေက အရင်က သတင်းစာထဲက စကားတွေပါ..။ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့တာက ပြည်တွင်းမှာရှိတဲ့ အခြေအနေတွေကို သုံးသပ်ပြီး ဆုံးဖြတ်တဲ့အလုပ်တွေပါ။ အမေစုကပိတ်ခိုင်းတိုင်းပိတ်လို့မရသလို ဖွင့်ခိုင်းတိုင်းလည်း ဖွင့်လို့မရပါဘူး။ အခုလို အခြေအနေမှာတောင် ဖျေလျော့ပေးတာပဲရှိသေးတယ်။ လုံးဝ ဖွင့်မပေးသေးပါဘူး လုံးဝပွင့်သွားအောင် ဖိအားပေးလို့မရပါဘူး။

 အကြောင်း (၁) က စစ်အစိုးရပါ..။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အခုလို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့မယ်ဆိုရင်..။ ယခုအထိ နိုင်ငံတကာက ပိတ်ထားစရာမရှိသလို ပြည်သူတွေလည်း တိုးတက်နေမှာပါပဲ..။

 အကြောင်း(၂) က တရုတ်ပါ။ ကမ္ဘာက စီးပွားရေးပိတ်ဆို့ချိန်မှာ တရုတ်က မြန်မာကို အန္တရာယ်ကြီးပြီး အရည်အသွေးမမီတဲ့ ပစ္စည်းတွေတင်သွင်း၊ မြန်မာပြည်က တန်ဖိုးရှိတဲ့သယံဇာတတွေ ထုတ်ယူကာ၊ မှောင်ခိုကုန်သည်လုပ်ပြီး စစ်အာဏာရှင်တွေအတွက် အသက်ရှူပေါက်ဖွင့်ပေးခဲ့တဲ့အတွက်ယနေ့ အချိန်အထိ သက်ဆိုးရှည်သွားခြင်းပါ။ နေပြည်တော်တောင် တရုတ်ကပေးတဲ့ US ငါးဘီလီယံနဲ့ ဆောက်ခဲ့သေးတာပဲ..။ ကမ္ဘာပေါ်မှာ တရုတ်ပြည်တွင်း စက်မှုလက်မှုတွေကထုတ်တဲ့ သွားကြားထိုးတံကနေ အိမ်စီးကားအထိ အစအဆုံး အသုံးအပြုဆုံးနိုင်ငံက မြန်မာနိုင်ငံလေ။ တို့ပတ်ဝန်းကျင်မှာ တရုတ်ပစ္စည်းတွေချည်းပဲ..။

     ထိုင်းပစ္စည်းတောင် မျိုးစုံရှိလို့လား။ အဲဒီတော့ တရုတ်သာ မှောင်ခိုကုန်သည်မလုပ်ခဲ့ရင် အစိုးရ လိုငွေပြ အင်အားချည့်နှဲ့ပြီး ပြည်သူ့ဆန္ဒ သို့မဟုတ် ဒီမိုကရေစီဖော်ဆောင်ဖို့ကို အရင်ကတည်းက ပြောင်းလဲလိုက်မှာပါ..။ အခုတော့ နှစ်တွေအများကြီး ကြာသွားခဲ့တာပေါ့။ အဲဒီတော့ အစိုးရကိုမကြိုက်လို့ စီးပွားရေးကို အကြာကြီးပိတ်ခိုင်းတာမဟုတ်ပါ။ အပေါ်က အချက်တွေက အဓိကပါ..။

(၄) နိုင်ငံခေါင်းဆောင်ကြီး တစ်ဦးရဲ့ သမီးအနေနဲ့ ဘာဖြစ်လို့ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်တာလဲဆိုရင် အဓိကအကြောင်းအရင်းက ပြည်ပမှာ ဘာ့ကြောင့် ရှိနေတဲ့အကြောင်းအရင်းကို အရင်ထုတ်ရှင်းရပါမယ်.။ အမေစု မိခင် ဒေါ်ခင်ကြည်ဟာ ၁၉၆၀ မှာ အိန္ဒိယသံအမတ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ အဲဒီတော့ အိန္ဒိယကို ပြောင်းရပါတယ်။ အဲဒီအချိန်မှာ အမေစု အသက်ဆယ့်ငါးနှစ်ရှိပါပြီ။ ဆယ်ခုနှစ်နှစ်အရွယ် ၁၉၆၂ ခုနှစ် ဒေလီတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံဘာသာနဲ့ သင်ယူနေတုန်း မြန်မာပြည်မှာ ကျောင်းသားသမဂ္ဂ ဗုံးခွဲခံရပြီး အထဲကကျောင်းသားအားလုံး သေဆုံးကုန်ပါတယ်။။ အဲဒီရဲ့ အကျိုးဆက်က အမေစုအတွက် မြန်မာပြည်တွင်းမှာ ပြန်လည်နေထိုင်ဖို့ မဖြစ်နိုင်တဲ့ တွန်းအားတစ်ခုဖြစ်သွားပါတယ်.။ ဗိုလ်ချုပ်ရဲ့သမီးဖြစ်ပြီး နိုင်ငံရေးသိပ္ပံနဲ့ မြန်မာပြည်ပြန်သွားရင် ဘာဖြစ်သွားမလဲ တွေးကြည့်ကြပေါ့ဗျာ.။

      ဘွဲ့ရပြီးတော့ ဒေါ်ခင်ကြည့်မိတ်တွေ မြန်မာပြည်မှာနေခဲ့တဲ့ အင်္ဂလန်သံအမတ် အကူအညီနဲ့ အင်္ဂလန်အောက်စဖို့တက္ကသိုလ်မှာ မှာကျောင်းသွားတက်တယ်ဗျ။ ၁၉၆၂ မှာ ဘွဲ့ရတယ် ရတဲ့ဘွဲ့က (Philosophy, Political Science, Eco) ဂုဏ်ထူးနဲ့ ၀ိဇာဘွဲ့ဗျ။ နောက် နယူးယောက်က ကုလသမဂ ရုံးမှာ အလုပ်ဝင်တယ်၊ အဲဒီမှာ ဦးနေ၀င်းရဲ့ သိုးတွေနဲ့ နိုင်ငံကူးလက်မှတ်ပြဿနာဖြစ်တယ်။အမေစုကို နိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့ နှစ်ပေါင်းများစွာ ဆိုင်းငံ့ခဲ့တယ်။ ကုလအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ သမီးတစ်ယောက်လို ဖြစ်နေလို့သာ မြန်မာနိုင်ငံသားအဖြစ် မပျက်ပြယ်တာပါ။ ၁၉၇၀ မှာ မိုက်ကယ်အဲရစ်နဲ့တွေ့တယ်။ ဒီနေရာမှာ မိုက်ကယ်အဲရစ်အကြောင်း တစခုပြောချင်တယ်။ မိုက်ကယ်အဲရစ်က ဗုဒ္ဒဘာသာ၊ တက္ကသိုလ်မှာ အရှေ့တိုင်း ပါဠိဘာသာ သုတေသနပညာရှင်ပါမောက္ခ၊ အမေစုက ပါဠိဘာသာ နဲ့ အရှေ့တိုင်းယဉ်ကျေးမှု အတွက်လေ့လာရင်းနဲ့ အိမ်ထောင်ကျတာ၊ ကျပြီး နီပေါနားက ဘူတန်မှာသွားနေကြတယ်။ သူတို့အိမ်ထောင်ရေးက သဘောတူညီမှုတစ်ခု လုပ်ထားခဲ့ပြီးသား အဲဒါက ”ကျွန်မ ပြည်သူတွေအတွက် ကျွန်မတာဝန်ထမ်းဆောင်မယ်ဆိုရ င် ခွင့်ပြုဖို့ ” ဆိုတဲ့ သဘောတူညီချက်ပဲ။ မိုက်ကယ်အဲရစ် မြန်မာပြည်ကို တစ်ခါလားတုန်းက မင်းကွန်းဆရာတော်ကြီးကို သွားဖူးတော့ နှစ်ဦးစလုံး ပါဠိလိုတွေ ပြောနေကြလို့ ထောက်လမ်းရေးတွေတောင် ငုတ်တုတ်မေ့ခဲ့တဲ့ သာဓက ရှိခဲ့ပါတယ်။ သူပြုစုခဲ့တဲ့ နီပေါ ဘူတန် ယဉ်ကျေးမှုဆိုင်ရာ စာအုပ် စာတမ်းတွေ အများကြီးပဲ။

      အဲဒီတော့ အမေစု ဟိုမှာ မိုက်ကယ်အဲရစ်နဲ့ လက်ထပ်တဲ့ အကြောင်းအရင်းနဲ့ မိုက်ကယ်အဲရစ်ဆိုတာ ဘယ်လိုလူစားလဲဆိုတာ သိသင့်ပြီထင်ပါတယ်။ မိခင်ဒေါ်ခင်ကြည်ရဲ့ထိန်းကွပ်ဦးဆောင်မှုနဲ့ နဗန်းဆံကိုတောင် အိမ်ထောင်ကျတဲ့အထိ ထားတုန်း၊ အိမ်မှာနေရင် မြန်မာစကားကလွဲပြီး အင်္ဂလိပ်လို မသုံးနှုန်းတာတွေ၊ နှစ်ပေါင်းများစွာ ကိုယ့်လုံခြည်ကို ယက်ကန်း ယက်လုပ်ပြီး ၀တ်ခဲ့တာတွေ အိန္ဒယမှာရှိတဲ့အချိန် အသက် ဆယ့်ခုနှစ်နှစ် ကတည်းက ဒေလီမြို့စွန်က ဟိန္ဒူတွေစွန့်ပစ်ထားတဲ့ ဗုဒ္ဓဘာသာကျောင်းကို ရန်ပုံငွေကောက်ပြီး ပြုပြင်မွမ်းမံခဲ့တာတွေကိုကြည့်ရင်..။ အမေစု ဘယ်လိုလူစားလဲ ဆိုတာကို သိနိုင်ပါတယ်။ အဲဒီလိုလူမျိုးကရွေးချယ်တဲ့ ခင်ပွန်းဟာလည်း နိုင်ငံခြားသားပင်ဖြစ်စေကာမူ ဘယ်လိုမျိုးလဲဆိုတာကို သဘောပေါက်သင့်ပါတယ်။ အခု ဘူတန်ဘုရင်ဟာ ဒေါက်တာ မိုက်ကယ်အဲရစ်ရဲ့ တပည့်ပါ။ သူ့ကို စာသင်ပေးတုန်းက ဆယ့်ခုနှစ်နှစ်ပဲ ရှိပါသေးတယ်။ အရင်စစ်အစိုးရဟာ မိုက်ကယ်အဲရစ်နဲ့ အမေစုကို နေရာပေးပြီး ပူးပေါင်းဆောင်ရွက်ခဲ့မယ်ဆိုရင် မဇ္ဇိမဒေသကနေ မြန်မာနိုင်ငံအထိ ထေရ၀ါဒ ဗုဒဘာသာနဲ့ ယဉ်ကျေးမှု ပြောင်းလဲခြင်းဖြစ်စဉ်သမိုင်းအတွက် တကယ် အထောက်အကူဖြစ်နိုင်ပါတယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ မိုက်ကယ်အဲရစ်က အဲဒါတွေနဲ့ပတ်ကက်ရင် ကိုယ့်စားရိတ်ကိုယ်စားပြီး သုတေသနလုပ်နေတဲ့သူပါ။

1 comment:

  1. ကိုယ်ငါးချင်ကိုချင်တာပေါ့ကွာ မကောင်းတာမပြောချင်သလို မကောင်းတာတွေလည်းမလုပ်စေချဘူး

    ReplyDelete

Related Posts Plugin for WordPress, Blogger...