ဂရင်စ်ဘီ မြို့ နားက ဟိုလ်တန်လေမိုး အရပ်က ဂယ်ရီစထရ်ခ်ျ ဟာ ကမ္ဘာပေါ်မှာ ဆွဲအဆန့် နိုင်
ဆုံး အရေပြားရှိသူပါလို့ ဆိုကြပြီး အခုဒီနွေရာသီမှာတော့ သူ့ ရဲ့ အံ့ မခန်းစွမ်းရည်များကို လန်ဒန်
မြို့ မှာတင်ဆက်ပြသနေပါတယ်...
လည်ပင်းကအရည်ပြားကနဲ့ ပါးစပ်ကိုပိတ်ဖုံးကာကွယ်လို့ ရလောက်အောင် စွမ်းနိုင်ပါတယ်...

ဒီလိုပါးစပ်အပေါ်အထိရောက်အောင်အရေပြားတွေဆွဲဆန့် ရတာမနာပါဘူး...
ပြောမိမှာစိုးလို့ ပါးစပ်ပိတ်ထားတယ်ပေါ့ ...

သူ့ ဗိုက်ကအရေပြားတွေကို ဆွဲဆန့် လိုက်ယင် ဘီယာခွက်တွေ၊ ပုလင်းတွေတင်ထားလို့ 
ရနိုင်လောက်တဲ့ စားပွဲလေးတစ်ခုနီးပါးစာလောက်ရှိတဲ့  စင်တစ်ခုဖြစ်လာနိုင်ပါတယ်...
သာမာန်အဖြစ်များတဲ့ သူ့ လိုရောဂါဆန်းကတော့ လူတွေမှာ အဆစ်အမြစ်နေရာတွေမှာနဲ့ သွေး
ကြောကြီးတွေထင်ရှားလာတာမျိုးဖြစ်တတ်ပြီး လူ ၁ သောင်းမှာတစ်ယောက်တော့ ဒီလိုအသေး
အဖွဲအရေပြားလျော့ ရဲတာမျိုးဖြစ်လေ့ ရှိပေမယ့် မစ္စတာတာနားရဲ့ အဖြစ်ကတော့ အလွန့် အလွန်
ကိုရှားပါးလှပါတယ်...
" သင့် ရဲ့ အရေပြားဆဲလ်တွေကို အနုကြည့် မှန်ဘီလူး (မိုက်ကရိုစကုပ်) နဲ့ ကြည့် ယင် သူ့ နေရာ
နဲ့ သူသပ်သပ်ရပ်ရပ် ချိတ်ဆက်တည်ရှိနေတာတွေ့ ရမှာဖြစ်ပါတယ်... ဒါပေမယ့် ကျွန်တော့် ရဲ့ 
အရေပြားဆဲလ်တွေကတော့ အစီအစဉ်တကျမဟုတ်ပဲဖရိုဖရဲ လျော့ တိလျော့ ရဲ ဖြစ်နေတာပါ...
အတတ်နိုင်ဆုံးအတိအကျပြောရယင် ကျွန်တော့် အရေပြားဆဲလ်တွေက ကချော်ကချွတ်ယက်
ထားတဲ့ ကြိမ်ချင်းတစ်ခုလိုပါပဲ... ဆွဲဆန့် ဖြေလျော့ လို့ ရတယ်ပေါ့ ဗျာ..." လို့ သူကဆိုပါတယ်...

အေ၇ပြားတွေစုစည်းမှုအားလျော့ နည်းတဲ့ မျိုးရိုးဗီဇဆိုင်ရာ ဖရိုဖရဲဖြစ်မှု၊ ပုံသဏ္ဍာန်မမှန်မှု
ရောဂါ (အယ်လားဒန်လို့ စ်ဆင်ဒရုန်း) လို့ ခေါ်တဲ့ ရောဂါအပြင်းထန်ဆုံးပုံသဏ္ဍာန်တစ်မျိုးပါတဲ့...
သူ့ လည်ပင်းကအရေပြားဆွဲဆန့် နိုင်ပုံက ကြောက်ခမန်းလိလိပါပဲ...

လက်မောင်းအရေပြားကလည် လင်းနို့ တစ်ကောင်ရဲ့ တောင်ပံအလားပါပဲ...
သူ့ ရဲ့အရေပြားဟာ သာမန်လူတွေရဲ့ အရေပြားထက် နှစ်ဆပိုလျော့ ပြီးပါးလွှာပါတယ်တဲ့ ...
သင်ယုံနိုင်မှာတောင်မဟုတ်ပေမယ့် ဒါဟာတစ်ကယ်ပဲဖြစ်ပြီး စက္ကူတစ်ချပ်လိုပါးလွှာပါတယ်...
သူ့ အသက် ၃၊ ၄ နှစ်သားလောက်မှစပြီး အခုလိုအရေပြားတွေလျော့ ရဲနေတာသတိပြုမိခဲ့ တာ
ဖြစ်တယ်လို့ မစ္စတာတာနား ကဆိုပါတယ်...
ကျွန်တော့ မှာ အသက် ၁၀ ရှိပြီးဖြစ်တဲ့ ( ထိုစဉ်က၊ သူအသက် ၃ နှစ်လောက်က ) ဦးလေးတော်
စပ်သူတစ်ဦးရှိခဲ့ ပါတယ်... သူကကျွန်တော့ ရဲ့ အရေပြားတွေကို ဆွဲဆွဲဆန့် ပြီးသူ့ ရဲ့ သူငယ်ချင်း
တွေကိုပြလေ့ ရှိပါတယ်... အဲဒီလူတွေရဲ့ (တအံ့ တသြ) တုန့် ပြန်တာကိုကြည့် ပြီး ကျွန်တော့် မှာ
တော့ ထူးဆန်းမှုတွေရှိနေပြီဆိုတာသိခဲ့ ရပါတယ် လို့ သူကဆိုပါတယ်...

စိတ်ဆတ်တယ် အကြွေးတော့ မဆပ်နိုင်ဘူး ... လိုချင်ယင်အရေပြားတွေလှီးယူသွား...
အကြောက်အလန့် မရှိ အရေပြားတွေကို ကလစ်အကြီးစားတွေနဲ့ ချိတ်ပြီးဆွဲဆန့် ပြနေတဲ့ 
စူပါလူသား...လင်းနို့ လူသားအလားထင်မှတ်မှားရလောက်အောင် သူ့ ရဲ့ ပျင်းတွဲနေတဲ့ အရေပြားတွေကို ရုံး
သုံးကလစ်ကြီးတွေနဲ့ ချိတ်ဆွဲပြီး မြင်သူအပေါင်းအံ့ သြထိတ်လန့် သွားအောင်ပြသလေ့ ရှိတဲ့ လူ
ထူးလူဆန်းတစ်ဦးပါပဲ....သူဟာ ကမ္ဘာ့ အထူးဆန်းဆုံးလူသားများ စုစည်းဖွဲ့ ထားတဲ့  ထူးခြားဆန်းပြား ထိုလူသားများဆိုတဲ့ ကမ္ဘာလှည့် ပြသနေတဲ့ ဖျော်ဖြေေ၇းအဖွဲ့ မှာပါဝင်တင်ဆက်နေတဲ့ သူတစ်ဦးလည်းဖြစ်ပါ
တယ်...သူတို့ အဖွဲ့ ဟာ ယခုအခါမှာတော့ လန်ဒန်မြို့ မှာ (လန်ဒန်အိုလံပစ်ပွဲတော်ကြီးနဲ့ တိုက်ဆိုင်ပြီး)
တင်ဆက်ပြသနေတာ စက်တင်ဘာလ ၂၀ ရက်နေ့ အထိပါပဲ....
http://blog.kopeter.com

No comments:
Post a Comment