စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







MSI ပညာရေးဝန်ဆောင်မှုရဲ့ ၂၀၁၂ - ခုနှစ် နိုင်ငံတကာပညာရေးစုံညီပွဲတော်နှင့် လူရည်ချွန်စိစစ်ရွေးချယ်ပွဲ


နေ့ရက် - ၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ ၊ ၂၉ရက် (တနင်္ဂနွေနေ့)
အချိန် - နေ့လည် ၁း၀၀ နာရီ မှ ၆း၀၀ နာရီ
နေရာ - ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်မြို့နယ် ၊ မြန်မာအင်ဖိုတက် (MICT Park) (Conference Hall)
----------------------------------------------------------------------------------------------------------------------
နေ့ရက် - ၂၀၁၂ ခုနှစ် ၊ သြဂုတ်လ ၊ ၁ ရက်
အချိန် - နေ့လည် ၂း၀၀ နာရီ မှ ၆း၀၀ နာရီ
နေရာ - မန္တလေးတိုင်းဒေသကြီး ၊ Hotel Mandalay (Ball Room)



MSI ပညာရေးဝန်ဆောင်မှုရဲ့ ၂၀၁၂ - ခုနှစ် နိုင်ငံတကာပညာရေးစုံညီပွဲတော်နှင့် လူရည်ချွန်စိစစ်ရွေးချယ်ပွဲ

Myanmar Search International (MSI) Education Consultancy Services Co.,Ltd မှနိုင်ငံတကာသို့ ပညာသင် သွားရောက်လိုသော မြန်မာကျောင်းသား၊ကျောင်းသူများအတွက်အထူးရည်ရွယ်၍ နိုင်ငံတကာပညာရေးစုံညီပွဲတော်ကို တစ်နိုင်ငံ လုံးရှိ ကျောင်းသားများပါဝင်ဆင်နွှဲနိုင်ရန်အတွက် ရန်ကုန်မြို့နှင့်မန္တလေးမြို့တွင် ကျင်းပပေးသွားမည်ဖြစ်ပြီး တက်ရောက် လာသောပြိုင်ပွဲဝင်မည့် ကျောင်းသား၊ကျောင်းသူများအတွက် နိုင်ငံတကာတက္ကသိုလ်များနှင့် MSI မှပေးအပ်ချီးမြှင့်သော ကျောင်းသားလူငယ်များအတွက်အထောက်အကူဖြစ်စေမည့် မြန်မာကျပ်ငွေ စုစုပေါင်း (၁၀) သိန်း ၀န်းကျင်တန်ဖိုးရှိဆုများ ရယူနိုင်သောပြိုင်ပွဲအစီအစဉ်များလည်း ပါရှိမည်ဟုသိရသည်။ ပါဝင်မည့်အစီအစဉ်များတွင် ကျောင်း (၆) ကျောင်းနှင့် ပတ်သက်သော အကြောင်းအရာအချက်အလက်များဆွေးနွေးဟောပြောမည့်အပြင် ၊ ထူးခြားသည့် ပြိုင်ပွဲများ အနေဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် - နိုင်ငံတကာရှိတက္ကသိုလ်များနှင့်ပတ်သက်သည့် ‘ကျဘမ်းစကား ပြောပြိုင်ပွဲနှင့် ဓမ္မဓိဌာန်အမေးအဖြေပြိုင်ပွဲများ’ ပြုလုပ်သွားမည် ။
ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်မြို့နယ် ၊ မြန်မာအင်ဖိုတက် (MICT Park) တွင် ၂၀၁၂ ခုနှစ် ၊ ဇူလိုင်လ ၊ ၂၉ရက် (တနင်္ဂနွေနေ့) နေ့လည် ၁း၀၀ နာရီ မှ ၅း၀၀ နာရီ အထိ နှင့် မန္တလေးတိုင်းဒေသကြီး Hotel Mandalay (Ball Room) တွင် ၂၀၁၂ ခုနှစ် ၊ သြဂုတ်လ၊ ၁ ရက်၊ (ဗုဒ္ဓဟူးနေ့) ၊ နေ့လည် ၂း၀၀ နာရီ မှ ၆း၀၀ နာရီအထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်။
MSI Education Day နိုင်ငံတကာပညာရေးစုံညီပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်မှာ - မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများ အင်္ဂလန်၊သြစတြေးလျ၊ကနေဒါ၊အမေရိကန်နှင့် အခြားကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များမှအရည်အချင်းစံချိန် စံညွှန်းမှီဘွဲ့ဒီဂရီလက်မှတ်များကို အရှေ့တောင်အာရှအိမ်နီးချင်းနိုင်ငံများဖြစ်သည့် စင်္ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံတို့တွင် ကိုယ်ပိုင် Campus ဖြင့်တိုက်ရိုက်လာရောက်ဖွင့်လှစ်သောတက္ကသိုလ်များတွင် ကုန်ကျစရိတ်သက်သာစွာဖြင့်ရယူနိုင်ရန်နှင့် နိုင်ငံတကာ ပညာရေးစံချိန်စံညွှန်းကို သိရှိနားလည်စေရန်ရည်ရွယ်ပြီးကျင်းပခြင်းဖြစ်သည်။
ကျောင်းသားများအတွက် အထူးအစီအစဉ်များနှင့် ပတ်သက်၍ MSI ၏ မန်နေးဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်က ‘‘ အဲဒီပွဲကို တက်ရောက်မယ့် ကျောင်းသားတွေအတွက် (Kaplan Higher Education Academy (KHEA) , PSB Academy , International Medical University (IMU) , Curtin University – Sarawak/Malaysia (Australia) , Taylor’s University , Webster University Thailand (U.S.A) ) ကျောင်းတွေနဲ့သက်ဆိုင်တဲ့မေးခွန်းတွေကို ဓမ္မဓိဌာန်အမေးအဖြေကဏ္ဍ ၊ ကျဘမ်းစကားပြောပြိုင်ပွဲ မှာဖြေဆိုနိုင်တဲ့သူကို ထိုက်တန်တဲ့ဆုတွေတပါတည်းချီးမြှင့်သွားမယ်။ နောက်ပြီးအဲဒီကျောင်းတွေမှာသင်တဲ့ ဘာသာရပ်တွေ ၊ ယူနိုင်တဲ့ဘွဲ့တွေ ၊ ဘာသာရပ်ကင်းလွတ်ခွင့်နဲ့ ပညာသင်နှစ်ကင်းလွတ်ခွင့်တွေကို ကျောင်းအသီးသီးကဆွေးနွေးဟောပြော သွားမယ်။ တမူထူးခြားပြီး ကျောင်းသားတွေပညာရေးအတွက်အကျိုးရှိစေမယ့် ပျော်ရွှင်မှုနဲ့ ဗဟုသုတတွေကိုလည်း တပြိုင်တည်း ရစေဖို့ ဒီလိုပြိုင်ပွဲတွေကို ကျင်းပပေးတာပါ။ ၂၀၁၂ ခုနှစ်ထဲမှာအခုလို ဓမ္မဓိဌာန်အမေးအဖြေကဏ္ဍ ၊ ကျဘမ်းစကားပြောပြိုင်ပွဲ များနှင့် စကားရည်လုပွဲ လေးတွေလုပ်တာဟာ MSI ပညာရေးဝန်ဆောင်မှုကပထမဦးဆုံးပဲလို့ပြောကြတယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။’’ ဟုပြောကြားခဲ့သည်။
မှတ်ချက် ။ ။ ပြိုင်ပွဲများနှင့်ပူးတွဲကျင်းပသော ၂၀၁၂ ခုနှစ် နိုင်ငံတကာပညာရေးစုံညီပွဲတော်ကို မည်သူမဆိုအခမဲ့ တက်ရောက်နိုင်ပြီး ၎င်းပွဲ - ၂ ပွဲလုံးအတွက် ကြိုတင် စာရင်းပေးသွင်းလိုပါက ၊ ဇူလိုင်လ ၊ ၂၆ ရက် ၊ (သောကြာနေ့) နောက်ဆုံး ထားပြီး ဖုန်း - ၂၅၀၉၂၉ ၊ ၃၈၉၉၁၅ ၊ ၀၉-၅၁၀၃၉၁၅ နှင့် myanmarsearchinternational@gmail.com သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...