စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြေမြိုသွားတဲ့ လမ်းမကြီး


      တရုတ်နိုင်ငံ ဟူနန်ပြည်နယ်က လမ်းမကြီးတစ်ခုမှာတော့ ရုတ်တရက် တွင်းကြီးတစ်ခုဖြစ်သွားပြီး မနက်စောစောမောင်းလာတဲ့ BMW ကားကို မြိုလိုက်ပါသတဲ့။ မီတာ ၃၀ ပတ်လည်လောက်ကျယ်တဲ့ အဆိုပါတွင်းကြီးထဲကို ကျသွားတဲ့ ကားပေါ်မှာ ခရီးသည် ၃ ယောက်ပါလာပြီးတော့ ၁ ယောက်ကတော့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ဆိုပါတယ်။

       ချန်ရှားမြို့ရဲ့ ရှန်ကျန်းအဝေးပြေးလမ်းမကြီးမှာ ဒီလိုမျိုးကြီးမတဲ့ အပေါက်ကြီး မနက်စောစောပိုင်းမှ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ယန်ဇီမြစ်ကမ်းဘေးမှာ ရှိတဲ့ အဆိုပါလမ်းမကြီးဟာ ဘာအတွက်ကြောင့် ဒီလိုမျိုး အပေါက်ကြီး ဖြစ်သွားရတယ်ဆိုတာကိုတော့ စုံစမ်းဆဲ ဖြစ်ပါသတဲ့။ ဒီလိုမျိုး ကမ္ဘာ့မြေမျက်နှာပြင်မှာ အပေါက်ကြီးတွေ ဖြစ်ပေါ်တတ်တာကတော့ ကမ္ဘာအ၀ှမ်းမှာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အရွယ်အစားကလည်း ၁ မီတာကနေ ၆၀၀ မီတာအထိ ကျယ်နိုင်သလို၊ နက်လည်း နက်နိုင်ပါတယ်။ မြေအောက် မြေသားလွှာတွေ ရေတိုက်စားသွားတဲ့အခါမျိုး၊ မြေသားပျော့တဲ့နေရာတွေကို ရေတိုက်စားသွားတဲ့အခါမျိုးမှာတော့ ဒီလိုမျိုး အပေါက်ကြီးတွေ ဖြစ်လာနိုင်ပါတယ်။ ကဲ.. ကားစီးရင်း ဘုရားစာလေး ဘာလေး ရွတ်ကြစို့ရယ်..

http://blog-aunghtut.blogspot.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...