စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ထူးခြားဆန်းပြား အံ့သြဖွယ်ရာများ


ကျော်တော မြို့နယ် သာယာကန်းတိုက်နယ် လဥတော ကျေးရွာ တွင် နဂါးပေါက်စ လေးတွေ့ရှိ..
မှတ်ချက်။ ။ချင့်ချိန်ပြီးမှ ယုံပါရန်

မက်ဆာချူးဆက်ပြည်နယ် နော်သမ်တန်မြို့၌ နေထိုင်သော အေပရယ်ဘရစ်အမည်ရှိ အမျိုးသမီးသည် ထူးခြားသည့် ငှက်သံတစ်သံကိုကြား၍ သူ၏နောက်ဖေး မြေကွက်လပ်သို့ ထွက်ကာ စူးစမ်းကြည့်သည်။ ထိုအခါ ဦးခေါင်းနှစ်လုံးနှင့် နှုတ်သီးသုံးခုပါဝင်သော ငှက်ငယ်တစ်ကောင်ကို အံ့သြဖွယ်တွေ့ရှိရသည်။ သူသည် ယခုနေအိမ်၌ နေထိုင်လာသည်မှာ၂၆ နှစ်ရှိပြီဖြစ်သော်လည်း ယင်းကဲ့သို့သောငှက်မျိုး တစ်ခါမျှ မမြင်ဖူးဘူးဟု ဆိုသည်။ သူသည် ငှက်ငယ်ကို ဓာတ်ပုံရိုက်ကူးပြီး သူ့အတိုင်းထားခဲ့သော်လည်း နာရီအနည်းငယ်ကြာ၍ ယင်းနေရာသို့ပြန်ကြည့်သောအခါ ငှက်ငယ်သည် မြေပြင်ပေါ်၌ လဲလျောင်းနေသည်ကို တွေ့မြင်ရသည်။ ကြောင်များ ခုတ်သွားမည်စိုးသောကြောင့် သူသည် ငှက်ငယ်အား ကောက်ယူကာ သစ်ကိုင်းမြင့်တစ်ခုပေါ်၌ တင်ပေးခဲ့သည်။ နောက်တစ်နေ့အရပ်၌ ငှက်ငယ်သည် ယင်းနေရာမှ ပျောက်ကွယ်သွားသည်ကို တွေ့ရှိရသည်ဟုဆိုသည်။ ငှက်များကာကွယ်ရေး အဖွဲ့မှ ပညာရှင်များက ယင်းကဲ့သို့သော ငှက်မျိုးမှာ အသက်ရှင်နိုင်ခြေ အလွန်နည်းပါးသည် ဟုဆိုသည်။
http://swesonemedia.org/

၂၀ ပဲနိတန် အြွေကစေ့ထက်ပင် ပိုမိုသေးငယ်သော အီဂျစ်လိပ်များကို ကမ္ဘာ့အသေးဆုံး လိပ်မျိုးအဖြစ် သတ်မှတ်ထားသည်။ အဆိုပါ လိပ်ကလေးများကို လွန်ခဲ့သည့် ငါးနှစ်က ၀င်ချက်စတာမာဝဲလ် သဘာဝဘေးမဲ့တော၌ မွေးဖွားခဲ့ခြင်းဖြစ်သည်။ ယခုအခါ မျိုးသုဉ်းတော့မည့် အန္တရာယ်ကျရောက်နေသည့် အလွန်ရှားပါးလှသော အဆိုပါ လိပ်ကလေးများကို ဗြိတိန်နိုင်ငံတွင် အများပြည်သူသို့ ပြသတော့မည်ဟု ဆိုသည်။ လိပ်ကလေးတစ်ကောင်၏ အလေးချိန်သည် သုံးဂရမ် (၀ဒသမ၁အောင်စ) သာရှိသည်။

တက်စမေးနီးယား၌ ဖမ်းဆီးရမိသော ဧရာမ ကဏန်းကြီးတစ်ကောင်ကို ငါးဖမ်းသမားက ဗြိတိန်နိုင်ငံရှိ ရေသတ္တ၀ါပြတိုက်သို့ စတာလင်ပေါင်၃၀၀၀ဖြင့် ရောင်းချခဲ့ကြောင်းသိရသည်။ အဆိုပါ ဧရာမကဏန်းကြီးသည် သြစတြေးလျမှနေ၍ ၂၉နာရီကြာ လေယာဉ်စီးကာ ဗြိတိန်သို့ရောက်ရှိလာခဲ့သည်။ အဆိုပါကဏန်းကို ကလော်ဒီဟု အမည်ပေးထားပြီး ယင်းသည် ကိုယ်အလေးချိန် ၁၅ပေါင်နှင့်ခန္ဓာကိုယ် အကျယ် ၁၅လက်မရှိသည်။ အဆိုပါကဏန်းသည် ပေါင်ချိန် ၃၀အထိ ကြီးထွားနိုင်သည်ဟုဆိုသည်။ အဆိုပါကဏန်းကို ဗြိတိန်နိုင်ငံ ဒေါ်ဆက်ပြည်နယ် ဝေမောက်မြို့ရှိ ရေသတ္တ၀ါပြတိုက်၌ ထားရှိမည်ဖြစ်ကြောင်း သိရသည်။
http://swesonemedia.org/

ဦးခေါင်းထိပ်မှာ ရွှေရောင်လေးပိုင်ဆိုင်ထားတဲ့ Flying-fox bat လို့ခေါ်တဲ့ ဒီကြီးမားတဲ့ လင်းနို့ကြီး ဟာတ ကယ်တော့ ရှားပါးတဲ့ မျိုးစိတ် အနွယ်ဝင်ဖြစ်ပါတယ် ။ ရှည်လျှားတဲ့တောင်ပံတွေကိုပိုင်ဆိုင်ပြီး တခါတရံ လျှည် လျား တဲ့တောင်ပံတွေနဲ့ ခန္ဓာကိုယ်ကိုရစ်သိုင်းထုပ်ပိုးထားပုံက လှို့ဝှက်မှု ဆန်လှပါတယ် ။ Flying-Fox လို့ခေါ်ရတဲ့အကြောင်းကဒီကြီးမားတဲ့လင်းနို့တွေရဲ့မျက်နှာက မြေခွေးတစ်ကောင်နဲ့ဆင်တူတဲ့အတွက်ကြောင့်ဖြစ်ပါတယ် ။
ကမ္ဘာပေါ်မှာ ဖိလစ်ပိုင်နိုင်ငံကသာလျှင် သူတို့ရဲ့ မွေးဖွားကြီးပြင်းရာ စားကျက်ဖြစ်ပါတယ် ။ လူတွေကို အန္တရာယ် မပေးပဲ နေလေ့ရှိပြီး အခုတော့ သစ်တောပြုန်းတီးမှုနဲ့ ဒီလင်းနို့တွေကို ချက်ပြုတ်စားသုံးမှုတွေကြောင့် မျိုးတုန်းပျောက် ကွယ်တော့မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ် ။ သူတို့မှာ အမြီးမပါရှိပဲ သူတို့ရဲ့ တောင် ပံ နှစ်ဖက်အရှည်က 1.5–1.7 m (4 ft 10 in–5 ft 7 in) ဖြစ်ပြီး အလေးချိန်ကတော့weighing 0.7–1.2 kg (1.5–2.6 lb).ဖြစ်ပါတယ် ။
http://www.thettantcho.com/

ကျယ်ပြောလှသော သြစတြေးလျနိုင်ငံရှိ လယ်ကွင်းပြင်ကြီး တစ်ခုလုံးကို ပင့်ကူမျှင်များ ဖုံးလွှတ်းနေသော မြင်ကွင်းကြောင့် မြင်ရသူအများ အံ့သြခဲ့ရကြောင်း Metroသတင်းဌာနက မတ်လ၇ရက်နေ့တွင် ဖော်ပြသည်။ စိုက်ပျိုးရေးမြို့ဖြစ်သော ဝက်ကာဝက်ကာတွင် လယ်ကွင်းများသည် သန်းပေါင်းများစွာသော ပင့်ကူများကြောင့် ပင့်ကူမျှင်ပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ သြစတြေးလျနိုင်ငံတွင် ရေလွှမ်းမိုးမှုဘေး ဒုက္ခကြီးကျရောက် ပြီးနောက် ထောင်ပေါင်းများစွာသော နိုင်ငံသားများ ဒုက္ခကြုံတွေ့ခဲ့ရသည်။ ယင်းနောက် ပင့်ကူများလည်း အလုပ်ရှုပ်ကာ ရေဘေးမှ လွတ်မြောက်ရေးအတွက် ပင့်ကူအိမ်များကို အပူတပြင်း ဆောက်လုပ်ခဲ့ကြခြင်း ဖြစ်သည် ဟုဆိုသည်။
http://swesonemedia.org/

ကမ္ဘာ့အကြီးဆုံး လိပ်ပြာကြီးတစ်ကောင်ကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဟိမ၀န္တာဒေသရှိ လမ်းတစ်ခုပေါ်၌ နားနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ အဆိုပါလိပ်ပြာကို Attacus သို့မဟုတ် Atlasဟုခေါ်ပြီး သူ၏ဗြက်သည် ၂၅စင်တီမီတာ(တစ်ပေ) ရှိကြောင်း သိရသည်။ ဆန်ဒစ်ရှ်ကာဒါ ဆိုသူသည် ကားမောင်းလာစဉ် ဟိမ၀န္တာအရှေ့ပိုင်း၌ အဆိုပါလိပ်ပြာကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ အဆိုပါ အကောင်သည် အရွယ်အစား ကြီးမားသော်လည်း လူများအတွက် အန္တရာယ်မရှိ ဟုဆိုသည်။ အဆိုပါ လိပ်ပြာအမျိုးအစားကို အရှေ့တောင် အာရှဒေသရှိ သစ်တောများအတွင်း တွေ့ရှိရလေ့ရှိပြီး အထူးသဖြင့် မလေးကျွန်းစု တစ်လွှား၌ တွေ့ရှိရတတ်သည် ဟုဆိုသည်။
http://swesonemedia.org/

ပုတ်သင်ညိုလိုလို ဘာလိုလို အကောင်တွေပါ။ ဒါပေမယ့် သူတို့ရဲ့ ခေါင်းနဲ့ လည်ပင်းတွေမှာ ကြီးမားတဲ့ အရေပြားတွေ ရှိနေပါတယ်။ ဒါကပဲ သူတို့ကို Frill-necked Lizard လို့ အမည်တွင်စေတာပါ။ Frilled Dragon လို့လဲ ခေါ်ဆိုကြပါသေးတယ်။ Australia မှာတော့ Bicycle Lizard လို့ ခေါ်ကြပါတယ်။ သူတို့ဟာ အလျားအားဖြင့် တစ်မီတာ လောက်ပဲ ကြီးထွားနိုင်ကြပါတယ်။

Blobfish အရည်စက်နဲ့တူတဲ့ ငါးမျိုးပေါ့ဗျာ။ နောက်တစ်ခုက လူရဲ့ မျက်နှာနဲ့တူတဲ့ငါး၊ အကျည်းတန်တဲ့ ငါးမျိုးပါပဲ။ Blobfish တွေဟာ Australia နဲ့ Tasmania ပင်လယ် ကမ်းရိုးတန်းက ရေနက်ပိုင်းတွေမှာ နေထိုင်လေ့ရှိကြပါတယ်။ သူတို့ကို လူတွေအနေနဲ့ မြင်တွေ့ဖို့ရန် ခက်ခဲပါတယ်။

ရုရှားပြည်နဲ့ မြို့တော် Chelyabinsk မှာ ဒီထူးဆန်းအံ့သြဖွယ်ရာ ကောင်ကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ် ။ ဒီသတ္တ၀ါ ကောင်ကို နာမည်ပေးဖို့တောင် ခက်ခဲလှပါတယ် ။ မြွေလိုလို ကင်းလိုလို နဲ့ ကျောပေါ်မှာလည်း အခွံမာကြီး ပါပါသေးတယ် ။ ဒီသတ္တ၀ါကောင်ကို လက်ပေါ်တင်ပြီး ကြည့်ဖို့ဆိုတာ အတော့်ကို အူယားစရာကောင်းလှပါတယ် ။ အဆိပ်ရှိပုံရပြီး စစတွေ့ခြင်း ဒေသခံတွေက သတ္တ၀ါ နားကို မကပ်ရဲကြပါဘူး ။ ဒါပေမယ့် ဒီကောင်က မြွေတွေ လို ပါးပြင်းထောင်ပြီး ရန်မူရဟန်ရှိတာကြောင့် လောလောဆယ် ထိမ်းသိမ်းထားတယ်လို့ ဆိုပါတယ် ။

Sakhalin Shoreline မှာ ရုရှားစစ်သားတွေဟာ အမည်မသိ သတ္တ၀ါတစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ Sakhalin ဧရိယာဟာ ဂျပန်နိုင်ငံနားမှာတည်ရှိပြီး ရုရှားနိုင်ငံရဲ့ အရှေ့ဖက်အကျဆုံး နေရာ တစ်ခု လည်းဖြစ် ပါတယ် ။ ဒါ့အပြင် Moscow မှလည်း အရှေ့ဖက်ကို မိုင် ၅၀၀၀ လောက်ဝေးတဲ့နေရာလည်းဖြစ်ပါတယ် ။ လူတွေ ကတော့ ဒီသတ္တ၀ါဟာ ဘာကောင်ဖြစ်မယ်ဆိုတာ မသိကြပါဘူး ။ အရိုး နဲ့သွားတွေအရတော့ ဒီကောင်ဟာ ငါးတစ်ကောင်မဟုတ်ဘူးလို့တော့ ပြောနိုင်ပါတယ် ။ သူ့ရဲ့ အရိုးဖွဲ့စည်းပုံအရ ဒါဟာ မိချောင်း (သို့မဟုတ်) ဖွတ် တစ်ကောင်လည်းမဟုတ်ပါဘူး ။ သူ့မှာ သားမွှေးတွေနဲ့ အမွှေးတွေပါရှိတဲ့ အရေခွံပါရှိပါတယ် ။ အဲဒီအမည် မသိသတ္တ၀ါကောင်ကို ရုရှားနိုင်ငံကို အထူးလုပ်ဆောင်ချက်အနေနဲ့ နက်ရှိုင်းတဲ့လေ့လာမှုတွေပြုလုပ်ဖို့ သယ်ဆောင်သွားခဲ့ပါတယ် ။

ဒီထူးဆန်းတဲ့ သတ္တ၀ါကောင်ကို Chupacabras လို့ခေါ်ပြီး Chupar ရဲ့ အဓိပ္ပါယ်ကတော့ စုပ်ယူခြင်းဖြစ်ပြီး Cabra ကတော့ ဆိတ်ကို ခေါ်ပါတယ် ။ ဒီတော့ ဆိတ်သွေးစုပ်ကောင်လို့ ဘာသာပြန်ရမှာဖြစ်ပါတယ် ။ အမေရိ ကားမှာ နေထိုင်ကျက်စားကြပြီး ထူးဆန်းတဲ့ ဒဏ္ဍာရီဆန်ဆန် အကောင်မျိုးဖြစ်ပါတယ် ။ မက်ဆီကိုနဲ့ ယူနိုတ် တက်စ တိတ်မှာ ဒီလို ထူးဆန်းသတ္တ၀ါကောင်ကို မြင်တွေ့ရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ် ။ ဆိတ်သွေး စုပ်ကောင်ဆိုတဲ့နာမည်ကလည်း ဆိတ်ရဲ့သွေးကို စုပ်ယူပြီးမှ အသက်ရှင်နေထိုင်ရတဲ့အတွက် ဒီလိုကြောက် မက်ဖွယ်နာမည်ပေးထားရခြင်းဖြစ်ပါတယ် ။

Proboscis monkey ကို နှာခေါင်းရှည်မျောက်မျိုးအဖြစ်လူသိများကြပါတယ် ။ သူတို့ကို Borneo ကျွန်းစွယ် ၊ အရှေ့တောင်အာရှမှာ တွေ့ရလေ့ရှိပါတယ် ။ နီညိုရောင်အဆင်းရှိတဲ့ မျောက်များဖြစ်ပြီး အင်ဒိုနီးရှားမှာ Bangkatan လို့ခေါ်ပြီး မလေးရှားမှာတော့ Monyet Belanda လို့ခေါ်တွင်ပါတယ် ။

Aww လို့ခေါ်တဲ့ စာရင်းထဲမှာမှာ ဒီသေးငယ်တဲ့ လက်ချောင်းစာမျှသာရှိတဲ့ Pygmy marmoset မျောက်မျိုးနွယ်လည်းပါဝင်ပါတယ် ။ သူတို့ဟာ ၅ လက်မ သို့မဟုတ် ၆ လက်မလောက်သာရှိပြီး အမြီးမပါရှိပါဘူး ။ အလွန်ဆုံးရှိလှမှ ၆ လက်မကနေ ၈ လက်ထက် မပိုပါဘူး သူတို့ကို DRB လို့လည်းခေါ်ပါတယ် ။ Marmoset ဆိုတာကတော့ ပြင်သစ်စကားလုံး ဖြစ်ပြီး ပုဇွန်ဆိတ် သို့မဟုတ် ငါးသေးသေးလေးတွေလို့အဓိပ္ပါယ်ရှိပါတယ် ။ Marmoset ကနေ မှတ်သားထားတဲ့ သတ္တ၀ါပေါင်း ၁၈ မျိုးရှိပါတယ် ။ လက်ကောက်ဝတ်မှာ တွေ့ထိမှုဆိုင်ရာ အမွှေးရှည်တွေပါရှိပြီး အံဆုံးသွား မပါရှိပါဘူး ။ အဲဒီလိုဖြစ်နေခြင်းက သူတို့ကို အခြားမျောက်အမျိုးနွယ် တွေထက်ပိုပြီး ရှေးကျစေပါတယ် ။
Pygmy marmosets တွေကို Brazil , Ecuador , Peru , Columbia နိုင်ငံတွေရဲ့ မိုးသစ်တောတွေထဲမှာ တွေ့နိုင်ပါတယ် ။ သူတို့ဟာ သစ်တောအုပ်တွေရဲ့ ထိပ်ဖျားမှာနေလေရှိပြီး သူတို့ထက် ပိုကြီးတဲ့ အစားစားသတ္တ၀ါတွေရဲ့ရန်ကနေ ကိုယ်ပိုင် အသိဥာဏ်နဲ့ ကာကွယ်လေ့ရှိပါတယ် ။ သူတို့ဟာ အင်းဆက်ပိုးမွှားတွေနဲ့ သစ်သီးတွေ အရွက်တွေကိုသာစားလေ့ရှိတဲ့ အရွက်စား သတ္တ၀ါ Omnivorous တွေဖြစ်ပါတယ် ။ သူတိုဟာ သစ်ပင် သစ်စည်းတွေကို တတိတိနဲ့ ကိုက်စားလေ့ရှိပါသေးတယ် ။သူတို့ရဲ့ ချွှန်မြ နေတဲ့ရှေ့သွားတွေက မာကျောတဲ့သစ်ပင်စည်တွေကိုတောင် ကိုက်ဝါးနိုင်ပါတယ် ။ အဲဒီလိုနည်းနဲ့ပဲ သစ်ပင်တွေထဲက သစ်စည်းတွေ အရည်တွေကို စုပ်ယူလေ့ရှိတာပေါ့ ။

ထူးဆန်းအံ့သြဖွယ်ရာ မြန်မာနိုင်ငံမှ မြင်ကွင်းတစ်ခု
မြန်မာနိုင်ငံရဲ့ ရှမ်းရိုးမ တောင်တန်းကြီးတွေမှာ ရှိတဲ့ တောနက်တစ်နေရာမှာ ရှိတဲ့ ကန်ကြီးတစ်ကန်အနီးက ကျောက်ဆောင်တွေကို ရိုက်ကူးထားခြင်း ဖြစ်ပါတယ် ။ နေရာအတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ် ။ ဒီပုံဟာ ရှုထောင့်တစ်ခုကနေပြီး ကျောက်ဆောင်တွေပေါ်ကို နေရောင်ခြည် ကျရောက်နေတဲ့အချိန်မှာ ရိုက်ကူးထားတာဖြစ်ပါတယ် ။ သင့်ရဲ့ ဦးခေါင်းကို ဘယ်မှ ညာ ၊ ညာမှ ဘယ်သို့ စောင်းပြီးကြည့်ကြည့်ပါ ။ ဘာထူးခြားသလဲလို့ ။
ဘာထူးခြားမှုကို သင်တွေ့ပါသလဲ ။
အခုပုံကို အတည့်အတိုင်း ထောင်ကြည့်လိုက်ပါ ။
လှည်းကူးမြို့က လူထူးလူဆန်း ကိုဝင်းကျော်
အသက်(၃၆)နှစ်ရှိပြီလို့သိရှိရပြီး သူထူးဆန်းတာကတော့ အများနဲ့မတူ ကြံကြံဖန်ဖန် စအိုကနေ ရေကိုစုတ်ယူနိုင်ပြီးတစ်ခါစုတ်ယူရင် ရေသန့်ဗူးတစ်ဗူးခန့်စုတ်ယူနိုင်ပြီး
၁နာရီခန့်စအိုထဲမှာထိန်းထားနိုင်ပါတယ်။ ထို့အပြင် လည်ကောင်းစုတ်ယူ
သောရေဖြင့် အူလမ်းကြောင်းကိုဆေးနိုင်ခြင်းနှင့်မိမိစားထားသမျှ အစာအကုန်လုံးကို မိမိစုတ်ယူထားသော ရေဖြင့် အစာအိမ်ကို ဆေးကာ ချက်ခြင်းပြန်လည် စွန့်ထုတ်နိုင်ပါတယ်။ ထို့အပြင် လေ ကိုလည်းအချိန်မရွေးလည်နိုင်ပြီး တစ်ခါလေလည်ခိုင်းရင် အကြိမ်ရေ ၁၀၀၀
ထိလေလည်နိုင်တာတွေ့ရတယ်။ တကယ့်ကိုထူးထူးဆန်းဆန်းကြံကြံဖန်ဖန်လုပ်တက်တဲ့လူပါ။ ထိုမျိုးလုပ်တာဟာကျင့်ထားခြင်းမဟုတ်ပဲ မွေးရာပါလို့ သူက ပြောပြပါတယ်။
ဂရင်းနစ်မှတ်တမ်းဝင်လောက်ပါရဲ့။ အသေးစိတ်သိချင်ရင်တော့
http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:80343

နယူးဇီလန်နိုင်ငံတွင် အလွန်ရှားပါးသော အဖြူရောင်ရှိ ခရုတစ်ကောင်ကိုတွေ့ရှိရကြောင်း တရုတ်နိုင်ငံဆင်ဟွာ သတင်းဌာနက ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဖော်ပြခဲ့သည်။

ကိုယ့်နှာခေါင်းကို ပါးစပ်နဲ့ကိုက်မရဘူးလို့ ကိုယ့်လူကို ဘယ်သူပြောသလဲ ။ အခုပုံတွေကို ရှူစားကြည့်ု လိုက်ပါဦး ။ ဒီပုံထဲက လူဟာ သူ့နှာခေါင်းကို သူ့ပါးစပ်နဲ့ ရအောင်ကိုက်ပြသွားသဗျို့ ။ ကိုယ့်လူတို့လည်း ရမရ ဖြစ်နိုင်မဖြစ် နိုင်စမ်းကြည့်ကြပါဦး

Rafflesia arnoldii - ဒီကပ်ပါးအပင်ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ အကြီးဆုံးပန်းပွင့်တဲ့ အပင်ဖြစ်ပြီး အဲဒီအပွင့်ဟာ ၃ ပေ အမြင့် ထိတိုင်အောင်ကြီးထွားနိုင်ပါတယ် ။ သူရဲ့အပွင့်ဟာ သွေးသားရောင်ဖြစ်ပြီး သူရဲ့ အစက်ပြောက်တွေက ဆယ်ကျော်သက်အရွယ်တွေရဲ့ ၀က်ခြံပုန်းတွေနဲ့ဆင်တူလှပါတယ် ။ အနံ့ကတော့ အလွန်ဆိုးရွားပြီး အလယ်မှာ ရှိတဲ့ကြီးမားတဲ့ အပေါက်ကြီးက ရေ ၆ ဂါလံ (သို့မဟုတ်) ၇ ဂါလံလောက်ဆန့်ပါတယ် ။ အထူးခြားဆုံးက ဒီအပင်မှာ အရွက်မရှိဘူး ပင်စည်မရှိဘူး အမြစ်မရှိပါဘူး ။

Uzekistan မှာရှိတဲ့ ဒီနေရာကို ငရဲပြည်သို့တံခါးဝ ဟု အမည်ပေးထားပါတယ် ။ Darvaz ဟုခေါ်သောမြို့ငယ်လေးရဲ့အနီးမှာ တည်ရှိပါတယ် ။ ဒီပုံပြင်လေးဟာ ၃၅ နှစ်တိုင်အောင် တည်ရှိခဲ့တာ ဖြစ်ပါတယ် ။ တစ်ခါတုန်းက ဘူမိဗေဒပညာ ရှင်တွေဟာ ဓါတ်ငွေ့တူးဖော် ခဲ့ကြပါတယ် ။ ဓါတ်ငွေ့တူးဖော်နေစဉ် အတွင်းမှာပဲ သူတို့ဟာ လှိုဏ်ခေါင်းကြီး တစ်ခုကို တွှေ့ရှိခဲ့ ကြပါတယ်။ ဒါဟာ အလွန်ကြီးမားပြီး တူးခဲ့သမျှထဲမှာ အနက်ဆုံး လှိုဏ်ခေါင်းတွင်းကြီးကို ရှာဖွေတွေ့ရှိခဲ့ ခြင်းဖြစ်ပါတယ် ။ ဘယ်သူမှ ဒီတွင်းကြီးထဲကို မဆင်းရဲ ကြပါဘူး ။ လှိုဏ်ခေါင်းတွင်းကြီးတစ်ခု လုံးဟာဓါတ်ငွေ့တွေနဲ့ ပြည့်နေလို့ ဖြစ်ပါတယ် ။ ဒါကြောင့်သူတို့ဟာ အဆိပ်ဓါတ်ငွေ့တွေ မထွက်အောင် မီးရှို့ခဲ့ကြပါတယ် ။အဲဒီအချိန်ကစပြီး မီးတွေစွဲလောင် ကြပါတယ် ။ ရပ်နားခြင်းမရှိပဲ ၃၅ နှစ်တိုင်တိုင် မီးတွေစွဲလောင်ခဲ့တာ ဖြစ်ပါတယ်။ ဓါတ်ငွေ့ဘယ် နှစ်တန်လောက် မီးလောင်သွားတယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး ။ မြင်ရသူတိုင်းကတော့ ဒါဟာယခုလေးတင်မှ မီးရှို့ထားတယ်လို့ ထင်မှတ်ကြပါတယ် ။

အမေရိကန်နိုင်ငံ နာဆာမှ လွှတ်တင်ထားသော Landast7 အရ ကောင်းကင်ဂြိုလ်တုဖြင့် မင်းတုန်းမင်းလက်ထက်က တူးဖော်ခဲ့ကြည်သည့် မြန်မာ့အကြီးဆုံးရွှေကြောကို ကရင်ပြည်နယ် မဲဝိုင်ဒေသတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ရွှေကြောသည် ရွှေတန်ချိန်ပေါင်း မြောက်မြားစွာ ထွက်ရှိမည်ဖြစ်ပြီး နှစ်ရာကျော်ထိအောင် ကုန်ဆုံးနိုင်ခြင်းမရှိဟု ဒဂုံတက္ကသိုလ် ဘူမိဗေဒ အငြိမ်းစားပါမောက္ခဦးစိုးသိန်းက ပြောသည်။ ၄င်းရွှေကြောမှာ နေရာကြီးမားလွန်းသဖြင့် နေရာခြောက်နေရာခွဲပြီး Landast7 အရ ကောင်းကင်ဂြိုလ်တုဖြင့် ရိုက်ယူရာကာ ကရင်ပြည်နယ် မဲဝိုင်ဒေသမှ ရွှေကြောသည် ရွှေကျင်၊ ကျော်ကြီး၊ တောင်ငူ၊ ဘီးလင်း၊ သထုံကိုဖြတ်သွားပြီး ပင်လယ်ထဲတွင် မြုပ်နေကာ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်းငံများထိပင် ရောက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံဟေတီပြည်နယ်မှ လယ်သမားတစ်ဦးမွေးမြူထားသော နွားတစ်ကောင်သည် ဦးခေါင်းအလယ် တည့်တည့်မှ ကြံ့များကဲ့သို့ တတိယမြောက် ဦးချို တစ်ချောင်း ထွက်ပေါ်နေသည်ကို မြင်ရပုံဖြစ်သည်။ အရှည်၂၀ စင်တီမီတာ(၈ လက်မ)ခန့်အထိရှိလာသော အဆိုပါဦးချိုသည် လွန်ခဲ့သည့်နှစ်နှစ်က စတင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကြံ့နွားဟုခေါ်ဆိုရမည်ဖြစ်သော အဆိုပါနွားကို နိုင်ငံတစ်ဝန်းရှိ ဒေသအရပ်ရပ်မှ လူများက အခကြေးငွေပေး၍ လာရောက်ကြည့်ရှုလျက်ရှိသဖြင့်ပိုင်ရှင်လယ်သမားမှာ ၀င်ငွေကောင်းလျက်ရှိသည်။

နာဂရီ ဆမ်ဘီလန်မှ အမျိုးသားတစ်ဦးသည် ကလေးငယ်အရွယ်ရှိသော ဖားကြီးတစ်ကောင် တွေ့ရှိခဲ့ကြောင်းသိရှိရသည်။၂၀ ကီလိုဂရမ် အလေးချိန်ရှိပြီး အသက် ၇ နှစ် ၈ နှစ်အရွယ်ကလေးငယ်တစ်ဦးဧ။် အရွယ်အစားမျှ ရှိသော အဆိုပါဖားကြီးကို လွန်ခဲ့သော ၂ ပတ်ခန့်က မြစ်ကမ်းနံဘေး တောင်စောင်းတစ်ခုတွင် ဖမ်းဆီး ရမိခဲ့ကြောင်းသိရသည်။ဂန်မန်ချာ ဒေသခံများက ဖမ်းဆီးခဲ့သော ဖားကြီးကို မိုးဘိုင်းလ်ဖုန်း ကင်မရာဖြင့် မှတ်တမ်းတင် ဓါတ်ပုံရိုက်လာခဲ့သည်။လူမျိုးစု ခေါင်းဆောင်တစ်ဦးက ဖမ်းဆီးထားသူများထံမှ ဝယ်ယူရန် ငွေကြေးမလုံလောက်သဖြင့် အိမ်ပြန်ကာ ငွေကြေးပြန်ယူခဲ့ရသည်။သို့သော်လည်း အိမ်မှပြန်လည်ရောက်ရှိလာ ချိန်တွင် ဖားကြီးမှာ အသတ်ခံရပြီးနောက် ဟင်းလျာအဖြစ် ချက်ပြုတ်စားသောက်ပြီး ဖြစ်နေရာ ထိုတွားသွားသတ္တဝါကြီးနှင့် ပတ်သက်ပြီး မှတ်တမ်း ဓါတ်ပုံတစ်ခုသာ ကျန်နေခဲ့သည်။ထိုဖားကြီး၏ ဓါတ်ပုံမှာမှု ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားခြင်း ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...