စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိန်းမတစ်ယောက်မှာ “ကောင်းခြင်း(၅)ဖြာ” နှင့်အတူပါရှိရမည့် “အင်အား(၅)ဖြာ”

 
မိန်းမတစ်ယောက်မှာ ကောင်းခြင်းငါးဖြာ ရှိရုံနဲ့တော့

မိန်းမတစ်ယောက်မှာ ကောင်းခြင်း(၅) ဖြာ ရှိရမယ်လို့ ဆိုတယ် ။ အဲသည်ကောင်းခြင်း ငါးဖြာနဲ့ ပြည်စုံမှသာ မိန်းမ ပီသမယ်လို့ ယူဆကြတယ် ။ အဲဒါ မှန်သင့်သလောက်တော့ မှန်ပါတယ် ။ အပြည့် အဝတော့ မမှန်ပါဘူး ။ လိုတဲ့အရာ ရှိပါသေးတယ် ။ မိန်းမတစ်ယောက်ရဲ့ ကောင်းခြင်းငါးဖြာဆိုတာကတော့ …….

●ဆံပင်ရဲ ကောင်းခြင်း

●အသားရဲ့ကောင်းခြင်း

●အရေရဲ့ ကောင်းခြင်း

●အရိုးရဲ့ ကောင်းခြင်း

●အရွယ်ရဲ့ ကောင်းခြင်း

` အဲသည်ကောင်းခြင်း ငါးဖြာ ရှိရုံနဲ့ မိန်းမကောင်း မိန်းမမြတ် ဖြစ်မလား မဖြစ်နိုင်သေး ပါဘူး။

` မိန်းမကောင်း မိန်းမမြတ် ဖြစ်ဖို့ အခြားအကြောင်းတရားများစွာ ရှိပါသေးတယ် ။ လောကမှာ ရုပ်တရား ကောင်းရုံနဲ မပြီသေးတဲ့ အကြောင်းတွေ များစွာရှိပါသေးတယ် ဆိုတာကို သိဖို့ လိုအပ်ပါတယ် ။

ဒါဟာ အရေးကြီးတဲ့ အချက်တစ်ချက် ဆိုတာကို လူတော်တော်များများ သတိ မထာမိကြပါဘူး ။

မိန်းမကောင်းဖြစ်ဖို့ ဆိုတာ ရုပ်ချောရုံ အပြင်ပန်းလှရုံနဲ့တင် မဟုတ်ပဲ စိတ်သဘော တရားလည်းကောင်းရပါမယ် ။

သဘောကတော့ အကာရော အနှစ်ပါ ကောင်းရမယ် ဆိုတဲ့ သဘောပါ ။ သာမည ဖြစ်တာရော ၊ အဓိက ဖြစ်တာပါ ကောင်းရမယ် ဆိုတဲ့ သဘောပါ ။

အသားအရေတွေ ၊ အရိုးတွေ အရွယ်တွေ ကောင်းပြီး လှပ ပြေပြစ် ချောမော နေပြီး စိတ်နှလုံး ကောင်း မရှိရင် ဘာလုပ်မလဲ ။ အပြင်ပန်းလှပြီး အတွင်းက သုံးမရတဲ့ ကျီးအာသီး ။ ပေါက်ပန်းပွင့် ပဲ ဖြစ်မယ် ။ နှင်းဆီမ ၊ စံပယ်မလေး မဖြစ်နိုင်ဘူးလေ ။



` ကောင်းခြင်းငါးဖြာနဲ့ အတူ ပူးတွဲ ရှိရမှာက အင်အားငါးဖြာရယ်ပါ 

အားငါးဖြာက ဘာတွေလဲ

● ရူပဗလံဆိုတဲ့ အဆင်းအင်အား

● ဘောဂဗလံဆိုတဲ့ ပစ္စည်းဥစ္စာ အင်အား

● ဉာတိဗလံဆိုတဲ့ ဆွေမျိုးအင်အား

● ပုတ္တဗလံဆိုတဲ့ သာသမီးအင်အား

● သီလဗလံ ဆိုတဲ့ အကျင့်သီလ အင်အားပါပဲ ။

ကောင်းဖြင်းငါးဖြာနဲ့ အတူ အဲသည်အားငါးဖြာ ရှိမှသာ မိန်းမကောင်း ၊ မိန်းမမြတ် ပီသမှာ ဖြစ်ပါတယ် ။ အရေးကြီးဆုံးကတော့ အားငါးဖြာတဲမှာ သီလဗလံဆိုတဲ့ အကျင့် သီလအားပါပဲ ။

သီလကပ်မှ မိန်းမမြတ် ဖြစ်ပါတယ် ။
သူငယ်ချင်းတွေ အားလုံး အားငါးဖြာနဲ့ ပြည့်စုံသူများ ပိုင်သူဆိုင်သူများဖြစ်နိုင်ကြပါစေ။

အင်းတော်ရှမ်း

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...