စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တစ်ကီလိုဂရမ်ထက်ပိုသော ဧရာမကျောက်ကို ဆီးအိမ်အတွင်းမှခွဲထုတ်ရ

 
တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်းမြို့မှ ကျန်အမည်ရှိ အသက် ၄၃ နှစ်

အရွယ်လူတစ်ဦးသည် ဆီးအိမ်၌ ကျောက်တည်သည့် ရောဂါကို နှစ်ရှည် လများ ခံစားခဲ့ရပြီးနောက် ဇွန်လ ၁ ရက်နေ့တွင် ဆရာဝန်များက အောင်မြင်စွာ ခွဲထုတ် ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်မှန်ရိုက်ကြည့်ရာ၌ သူ၏ကျောက်သည် အချင်း ၁၁ စင်တီမီတာရှိသည်။ သူ၏ကျောက်သည် အလေးချိန် တစ်ကီလို ဂရမ်ကျော် (၁၀၂၅ ဂရမ်)ရှိပြီး သူ့အား ခွဲစိတ်ပေးခဲ့သည့် ဆရာဝန် ဝူကျန်ပင်းက အဆိုပါကျောက်သည် သူမြင်ဖူးသမျှ ကျောက်ထဲတွင် အကြီးဆုံးဖြစ်ပြီး တရုတ် နိုင်ငံ၌ ခွဲထုတ်ဖူးသမျှထဲ၌ ဒုတိယအကြီးဆုံးဖြစ်သည်ဟုဆိုသည်။

တရုတ်နိုင်ငံ၌ အကြီးဆုံးကျောက်လည်းဖြစ်သည့်အပြင် ကမ္ဘာပေါ်၌ပါ အကြီးဆုံးကျောက်ဖြစ် သော ဆီးအိမ်အတွင်းတည်သည့် ကျောက်ကြီးကို ၂၀ဝ၉ ခုနှစ်က အသက် ၄၀ အရွယ် တရုတ်အမျိုးသမီးတစ်ဦးထံမှ ဖယ်ရှားပေးခဲ့ဖူးရာ ယင်းကျောက်သည် အလေးချိန် ၂၄၀ဝ ဂရမ် ရှိသည်။


ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...