စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ငါးမိနစ် တရားရူမှတ်နည်း

    ခန္ဓာငါးပါး၏ အဖြစ်အပျက်ကိုမမြင်ဘဲ အနှစ်တစ်ရာ အသက်ရှင်နေရခြင်းထက်၊ ခန္ဓာငါးပါး၏ အဖြစ်အပျက်ကို ၀ိပဿနာဉာဏ်ဖြင့် ရူမြင်သောသူ၏ တစ်ရက်မျှ အသက်ရှင်ခြင်းက ပို၍ မြတ်ပေ၏။ ဘုရားသနာနှင့် ကြုံရခိုက်၊ လူ့ဘ၀ရခိုက်၊ တရား အားထုတ်ဖို့ အခွင့်သာခိုက် အမြတ်ဆုံး အသက်ရှည်နည်းကို သိလိုလျှင် ဤပိုစ့်လေးကို ဖတ်ကြည့်ပါ၊ ဖတ်ပြီးလျှင် လက်တွေ့ လေ့ကျင့်ကြည့်လိုက်ပါ၊ ဒိဋ္ဌအကျိုးထူး ခံစားရပါလိမ့်မယ်ရှင်။
ဤပိုစ့်လေးတင်ရခြင်း ရည်ရွယ်ချက်မှာ -

၁။ အချို့သော ပုဂ္ဂိုလ်များသည် တရားဘာဝနာကိစ္စကို လုံးဝ မသိရှိကြပါ။

၂။ အချို့သော ပုဂ္ဂိုလ်များသည် သိရှိ စိတ်ဝင်စားကြပါသော်လည်း အချိန်ပေး၍ တစ်သီးတစ်သန့် အားမထုတ်နိုင်ကြပါ။

၃။ အချို့သော ပုဂ္ဂိုလ်များသည် စိတ်ဝင်စား၍ အချိန်ပေး အားထုတ်နေကြသော်လည်း နည်းလမ်းကျကျ မှန်ကန်စွာ နားမလည်ကြပါ။

၎။ အချို့သောပုဂ္ဂိုလ်များသည်ကား အယူအဆ အတွေးအမြင်မှောက်မှား၍ “တရား” ဆိုလျှင် ဝေးဝေးကရှောင်၍ ရှား၍ နေကြပါသည်။

ဤသို့အားဖြင့် လေးမျိုးလေးစား ခွဲခြား၍ တွေ့ကြုံရသည်။

အမှတ် ၁ - အခြေအနေပါ ပုဂ္ဂိုလ်မျိုးသည် တရားဘာဝနာရူမှတ်ခြင်း၏ တန်ဖိုးနှင့် အကျိုးအာနိသင်ကို သိရှိနားလည်ခွင့်ရှိပါက ဤကျင့်စဉ်ကို မုချကျင့်ဆောင်လာမည်ဟု မိမိယုံကြည့်ပါသည်။

အမှတ် ၂ - အခြေအနေပါ ပုဂ္ဂိုလ်မျိုးသည် အကြောင်းအမျိုးမျိုးဖြင့် အချိန်မပေးနိုင်ကြသော်လည်း ဘာဝနာကျင့်စဉ်၏ အမှန်တကယ် လိုအပ်သော အချိန်နှင့် တန်ဖိုးများ သဘောပေါက်လာလျှင် လက်တွေ့ကျင့်ဆောင်လာမည်ဟု မိမိယုံကြည်ပါသည်။

အမှတ် ၃ - အခြေအနေပါ ပုဂ္ဂိုလ်မျိုးသည် မှန်ကန်သော နည်းလမ်းနှင့် တိကျသေချာသော ကျင့်စဉ်ကို ဧကန်အမှန်ကို သိရှိရလျှင် လမ်းမှန်နည်းမှန်သို့ ဒိဋ္ဌရောက်ရမည်ဟု မိမိယုံကြည်ပါသည်။

အမှတ် ၄ - အခြေအနေပါ ပုဂ္ဂိုလ်မျိုးသည်ကား အမြင်မှန် အယူမှန်သို့ ကြည်ကြည်လင်လင် မရောက်သရွေ့ တရားကျင့်စဉ်တို့နှင့် ဝေးကွာနေကြဦးမည် ဖြစ်ပါသည်။

ဤသို့တွေ့ကြုံရ ယုံကြည်ရသောကြောင့် မိမိ၏ကိုယ်တွေ့ ကျင့်ကြံကြိုးကုတ် အားထုတ်မူနှင့် စာတွေ့ ဗဟုသုတတို့ ပေါင်းစပ်ကာ ဤ ပိုစ့်ကို ရေးသားခြင်း ဖြစ်ပါသည်။

၁။ တရားဘာဝနာကိစ္စကို မနီးမစပ်မရင်းနှီးသောကြောင့် ခက်ခဲသည်ဟု ထင်မှတ်ကာ ဝေးကွာနေကြသူများ။

၂။ လောက ကိစ္စ လူမူရေးရာ စီးပွားရေးရာ စသည်တို့ဖြင့် မအားမလပ် အချိန်မပေးနိုင်ပါဟု ဆိုကြသူများ။

၃။ လူမူဒုက္ခအပေါင်း ဆုံးရကြုံရသဖြင့် စိတ်ညစ်ညူးကာ လွတ်လမ်း ထွက်ပေါက် ရှာကြံလိုကြသူများအတွက် အလွယ်ဆုံး၊ အရှင်းဆုံး၊ အတိုဆုံးနည်းလမ်းအားဖြင့် တရားဘာဝနာကို ကျင့်ကြံ ရူမှတ်နိုင်ရန် ညွှန်ပြပေးထားပါသည်။

ဤသို့ညွှန်ပြရာ၌ အသိဉာဏ်ရှိသော ထွက်သက် ၀င်သက်ရှိသူ လူအပေါင်းတို့အတွက် “ဆင်းရဲမူအားလုံး ကုန်ဆုံးရာ” သို့ ရည်ရွယ်ညွှန်ပြလိုသည်ဖြစ်ရာ လူမျိုး၊ ဘာသာ စသော အပိုင်းအခြားများ ကင်းလွတ်စေရန် တတ်နိုင်သမျှ ဘာသာစွဲ ၀ါဒစွဲများကို ရှောင်ကြဉ်၍ ရေးသားထားပါတယ်။

ငရုတ်သီးသည် ဘယ်သူစားစား ဘယ်အချိန်မှာစားစား ဘယ်နေရာမှာစားစား စပ်သည့်အရသာကို ကိုယ်တိုင် ခံစားရသကဲ့သို့ -

တရားဘာဝနာကျဉ့်စဉ်သည် ကျင့်သူတိုင်းအား အကျိုးအာနိသင်ကို ခံစားရစေသည်ဖြစ်ရာ လူမျိုးနှင့်ဘာသာ အယူဝါဒများကွဲပြားမူမှာ ဤကျင်စဉ်အား အတားအဆီး အကာအကွယ်တစ်ခုအသွင် မရှိစေလိုပါ။

လူမျိုးမရွေး ဘာသာမရွေး အသက်အရွယ်မရွေး သိတတ်နားလည်သောသူတိုင်း ဤကျင့်စဉ်တရားကို အားထုတ်ကျင့်ဆောင်နိုင်ကြပါသည်။ အားထုတ်ကျင့်ဆောင်၍ ခံစားရရှိစေချင်ပါသည်။

သို့သော် ဤကျင့်စဉ်နည်းလမ်းကို ဗုဒ္ဓဘာသာထေရ၀ါဒ အဆုံးအမတော်များမှ ထုတ်ယူ၍ ရေးသည်ကိုကား ပွင့်လင်းစွာ ၀န်ခံလိုပါသည်။

ဤကျင့်စဉ်ကို လက်တွေ့လိုက်နာကျင့်ဆောင်ရူမှတ်ခြင်းဖြင့် ရရှိခံစားကြရမည့် အကျိုးကို ကိုယ်တိုင်ကိုယ်ကျ သိရှိခံစားကြရမည် ဖြစ်သောကြောင့် အထူး မညွှန်းလိုတော့ပါ၊ အနည်းငယ်မျှ ဖော်ပြရလျှင် -

၁။ စိတ်တည်ငြိမ်းခြင်း။
၂။ မှတ်ဉာဏ်ကောင်းခြင်း။
၃။ ကိုယ်၊ စိတ် ပင်ပန်းနွမ်းလျမူများ ပြေပျောက်ခြင်း။
၎။ ကိုယ်၊ စိတ် ဆင်းရဲမူများဒဏ် ခံနိုင်ခြင်း။
၅။ ကောင်းသောအတွေးအမြင် ကြည်လင်ခြင်း။
၆။ ဖြောင့်မှန် တည့်မတ်သော ဆုံးဖြတ်ချက်ကို ပြုလုပ်နိုင်ခြင်း။
၇။ လေးနက်သော အယူဝါဒကို သိမြင်စွဲမြဲခြင်း စသည့် အကျိုးအာနိသင်များကို ရရှိမည်မှာ ဧကန်ဒိဋ္ဌိဖြစ်ပါသည်။

တစ်နာရီ၊ တစ်မိနစ်၊ တစ်စက္ကန့်စသော အချိန်ကာလ၏ တန်ဖိုးသည် လွန်စွာ ကြီးမားလှပါသည်။ တန်ဖိုးကြီးမားလှသော အချိန်ကို အကျိုးရှိစွာ လက်တွေ့အသုံးချတတ်ရန် ဤပိုစ့်လေးမှ ညွှန်ပြလိုက်ပါသည်။

အသုံးကျသော အရာတို့ကို အသုံးချတတ်ရန်လည်း အထူးလိုအပ်ပါသည်။

အို - မိတ်ဆွေ သင်၏ မအားလပ်ဖူးဆိုသော အချိန်ထဲမှ တစ်နေ့တာမှ (ငါးမိနစ်) မျှသော အချိန်ကာလကို လက်တွေ့ အသုံးချကြည့်စေချင်ပါသည်။

နိုးဆော်လင်္ကာ
ငါးမိနစ်မျှ ခဏချိန်တွင်၊
စိတ်ဝယ်စူးစိုက် ပြုလိုက်ပါလျှင်
ဘာဝနာမျိုး တနိဖိုးထင်ထင်၊
ညောင်စေ့ငယ်မှ ဖြစ်ရညောင်ပင်၊
ပမာထား ကြီးမားအာနိသင်။

စက္ကန့် သုံးရာ ဘာဝနာ စာအုပ်မှ ကိုးကား ရေးသား ဖော်ပြထားပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...