စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသက်ရှည်ချင်လျှင်အရင်ဖက်ပါ။

 ရယ်မောစရာဟာသလေးတွေပါ။
    လူစကား

လူစကားပြောတတ်သော ကြက်တူရွေးကို မိန်းမကြီး ၀ယ်လာသည်။
အိမ်သို့ရောက်ရောက်ချင်း ကြက်တူရွေးကို ပြောသည်။
"ငါပြောတဲ့အတိုင်း လိုက်ပြောစမ်း၊ ကျွန်ုပ်သည် လူဖြစ်သည်။ လူစကားကို
ပြောတတ်သည်လို့"
ကြက်တူရွေးက အံ့သြတကြီး ပြန်မေးသည်။
"ဘာ ဘာ. ခင်ဗျားလည်း လူစကား ပြောတတ်တယ် ဟုတ်လား"
  ကြောက်တာပေါ့
တစ်ခါက ခွဲစိတ်ခန်းကနေ လူနာတစ်ယောက် ထွက်ပြေးလာတာကို
အပြင်မှာရှိတဲ့လူနာရှင်အမေက
မေးတယ်.....

အမေ။ ။သားခွဲစိတ်လို့ မပြီးသေးဘဲနဲ့ ဘာလို့ ထွက်လာတာလဲ...
သား။ ။မကြောက်ပါနဲ့ ခွဲစိတ်မှုအောင်မြင်မှာပါလို့ ပြောလို့အမေရ
...အမေ။ ။သြော်သားကလည်း ဒါကအားပေးစကားလေ ကြောက်ပြီးထွက်ပြေးစရာမလိုပါဘူး ...သားကြောက်မှာစိုးလို့ပြောတဲ့ဟာကို...

သား။ ။ကြောက်တာပေါ့အမေရ..သားကိုပြောတာမှ မဟုတ်တာ..သူနာပြုဆရာမက ဆရာဝန်လက်တုန်နေတာတွေ့လို့ ပြောတာအမေရ...
  ကြိုးစားကြည့်လေ

ဆရာက မေးသည်
"ငါးတွေ ဘာဖြစ်လို့ စကားမပြောသလဲ"
ပီတာက ချက်ချင်းပြန်ဖြေသည်။
"ရေထဲမှာ ဆရာ စကားပြောကြည့်ပါလား"
  ဘောင်းဘီထဲ ဘဲအရှင် .
တစ်ခါတုန်းက တောရွာတစ်ရွာမှာနေထိုင်တဲ့ လူကြီးတစ်ဦးက
မြို့မှာနေတဲ့သူရဲ့သားဆီကို အလည်အပတ်သွားပါသတဲ့၊
သူသွားရာမှာ ဘဲအရှင်တစ်ကောင်ကိုလည်းယူဆောင်သွားပါတယ်။

မြို့ရောက်တော့ ဘဲတစ်ကောင်ကိုင်ပြီး လျှောက်သွားနေတဲ့သူ့ကို မြို့ကလူတွေ
...လိုက်ကြည့်တာကိုခံရတော့
စိတ်ညစ်ညစ်နဲ့ ဘဲကိုလူမမြင်အောင် ဘောင်းဘီထဲထည့်တားလိုက်ပါရော၊

ပြီးတော့ ဘဲအသက်ရှုနိုင်ဖို့ ဘောင်းဘီကို ကြယ်သီးသာတတ်ပြီး
ဇစ်ကိုဆွဲမတင်ထားတော့ပဲ ဟထားလိုက်ပါသတဲ့ ၊

ကားမှတ်တိုင်မှာ ကားစောင့်နေခိုက်မှာ သူနဲ့သက်တူရွယ်တူ
မိန်းမကြီးတစ်ယောက်က သူ့ရဲ့ဘောင်းဘီဇစ်အဟကို
သေသေချာချာ စိုက်ကြည့်နေတာကိုတွေ့တော့ သူတော်တော်စိတ်ဆိုးသွားပြီး မေးလိုက်တယ်

“ခင်ဗျားက ဘာကြည့်နေတာလဲဗျ ကြည့်နေတာ မမြင်ဘူးတာကြနေတာပဲ”
အဲဒီမိန်းမကလည်း ခပ်ဆတ်ဆတ်ပဲ ပြန်ဖြေလိုက်တာကတော့

“မမြင်ဘူးလို့ ကြည့်တာမဟုတ်ဘူး၊
ဒီလိုပေကလပ် ပေကလပ် လုပ်ပြနေတဲ့ဟာကိုတော့
ခုမှမြင်ဘူးလို့ သေသေချာချာကိုကြည့်သွားတာ”
  နောင်တ

"လက်မထပ်ခင်တုန်းက ငါ့မိန်းမကို ငါဘယ်လောက် ချစ်သလဲဆိုရင် တစ်ခါတလေ
သူ့ကို ကိုက်စားချင်စိတ် ပေါ်မိတယ်"
"အခုကော"
"မစားလိုက်မိတာ မှားလေခြင်းလို့ နောင်တရတယ်"
   မငြင်းတော့ပါဘူး

ကျောင်းတွင် ဆ၇ာက ကလေးတယောက်ကိုမေးသည်..
`ကမ္ဘာကြီးက ဘယ်လိုပုံရှိသလဲကွ´
ကလေးက မဆိုင်းမတွ ဖြေသည်..
`လုံးတယ် ဆရာ´
´ကမ္ဘာကြီးလုံးကြောင်း ဘယ်လို သက်သေပြနိင်သလဲ´
ကလေးက ခဏတိတ်သွားပြီး ပြန်ဖြေသည်..
`ဆရာပြားတယ် ထင်ရင်လဲ ထားလိုက်ပါတော့ ဆရာ..ကျွန်တော် ဆရာနဲ့ ပြိုင်မငြင်းချင်ပါဘူး´
   ဘယ်အချိန်လာရမလဲ

ဈေးမ၀ယ်ဖူးသော အမျိုးသားတစ်ယောက် ဈေးဝယ်ထွက်လာသည်။
အမျိုးသား - အမကြီး ခရမ်းသီး တစ်လုံး ဘယ်လောက်လဲ
ဈေးသည် - မောင်လေး ခရမ်းသီးက အချိန်နဲ့ ရောင်းတာကွဲ့
အမျိုးသား - အဲ့ဒါဆို ကျွန်တော် ဘယ်အချိန် လာဝယ်ရမလဲ?
   "သိသင့်တာကြာပြီ"

အင်္ဂလိပ်စာဘာသာရပ် သင်ခန်းစာ သင်ကြားနေတဲ့ ဆရာမက မေးလိုက်တော့ ကျောင်းသားတွေအားလုံး ပြိုင်တူ ပြန်ဖြေကြပုံလေးပါ. . .
"တစ်ဖက်သားရဲ့ စိတ်ပါဝင်စားမှု မခံရဘဲနဲ့ စကားတွေ တောက်လျှောက်ကြီး ပြောနေတဲ့လူမျိုးကို ဘယ်လို ခေါ်မလဲ . . . သိကြလား "
"ဆရာမပါ ခင်ဗျား "
   ဘာမှမရှိဘူး

လူတစ်ယောက် စားသောက်ဆိုင်သို့ ၀င်လာပြီး စားပွဲထိုးကို မေးသည်
"ခင်ဗျားတို့ဆီမှာ ငါးဟင်းရလား"
"မရပါဘူး"
"အမဲနှပ်ရော"
"မရှိပါဘူး"
"ဟင်းသီးဟင်းရွက်ကြော်ကော"
"အဲဒါလည်း မရှိပါဘူး"
ယောက်ျားကြီး စိတ်ပျက်ပြီး ဆိုင်ထဲမှထွက်လာသည်။ နောက်မှ စားပွဲထိုး
ပြေးလိုက်လာပြီး အော်ပြောသည်။
"ကျွန်တော်တစ်ခု ပြောဖို့ မေ့သွားပါတယ်။ ကျွန်တော်တို့ဆိုင်မှာ
ဝက်သားဟင်းလဲ မရပါဘူး"
   “သက်တမ်း”

ဖန်ဆင်းရှင်က ခွေးကိုဖန်တီးလိုက်သည်။

ခွေး၏သက်တမ်း ကို ၂၀-နှစ် ရှိစေဟု သတ်မှတ်လိုက်သည်။
ခွေးက ဆင်ခြေတက်၏။

ခွေး။ ။ ဖန်ဆင်းရှင်ခင်ဗျား။နှစ် ၂၀ တောင်ဆိုတော့ အချိန်အကြာကြီး “ဟောင်”နေရမှာပေါ့။ ၁၀-နှစ်ပဲ နေချင် ပါတယ်။ ပိုတဲ့ ၁၀-နှစ် ပြန်ယူပေးပါလား။

ဖန်ဆင်းရှင် သဘောတူလိုက်သည်။
ထို့ နောက်မျောက်ကို ဖန်ဆင်းပြန်၏။
မျောက်၏ ဘ၀-သက်တမ်းကို နှစ် ၂၀-ဟု သတ်မှတ်ပေးလိုက် ပြန်သည်။

မျောက်။ ။ အောင်မယ်-လေးလေး။ နှစ် ၂၀-လုံးလုံး လူတွေကို ဖျော်ဖြေ နေရမယ်။
သွားဖြဲပြ နေရမယ်ဆိုတော့ ဘယ်ကောင်းတော့မလဲ။
ဖန်ဆင်းရှင်ရယ်- ၁၀-နှစ်ပဲနေပါရစေ။
ကျန်တဲ့ ၁၀-ပြန်နှုတ်ပေးပါ။

ဖန်ဆင်းရှင် သဘောတူ လိုက်ပြန်သည်။

ထို့ နောက်နွားကို ဖန်ဆင်းပြန်၏။
နွား၏သက်တမ်းကို နှစ် ၆၀ ဟု သတ်မှတ်ပြန်ရာ နွားက သနားခံသည်။

နွား။ ။ ဖန်ဆင်းရှင်ခင်ဗျ။ နွားဆိုတာ လယ်ထွန်ရမယ်။
နေဒဏ် မိုးဒဏ် ခံရမယ်။
လယ်သမား မိသားစုအတွက် နို့ ထုတ်ပေးရမယ် ဆိုတာတွေကို လိုက်နာပါ့မယ်။
ဒါပေမယ့် နှစ် ၆၀-တောင် အဲဒီလိုကြီး လုပ်နေရမယ်ဆိုတော့ နွားတောင် မဖြစ်ချင်တော့ပါဘူး။
နှစ် ၂၀-ပဲ နေပါရစေ။ ပိုတဲ့ နှစ် ၄၀- ပြန်နှုတ် ပေးပါ လားနော်။့ နော့့် ။

ဖန်ဆင်းရှင် သဘောတူလိုက်ပြီးနောက် လူကို ဖန်ဆင်းလိုက်သည်။

လူ့ သက်တမ်းက နှစ် ၂၀-ဟု သတ်မှတ်ပေးလိုက်သည်။
လူက ဆင်ခြေ တက်သည်။

လူ။ ။ ဖန်ဆင်းရှင် အနေနဲ့ သတ်မှတ်ပေးတဲ့ လူအဖြစ်နှစ် ကျွန်တော် နှစ်-၂၀-နေရမယ်။
ဘ၀တလျှောက် အိပ်လိုက်။စားလိုက်၊ ကစားလိုက်လုပ်ရမယ်။
လက်ထပ်ရမယ်လို့ ပြဌာန်းထားတာတွေကို ကျေနပ်ပါတယ်။ လိုက်နာပါ့မယ်။
ဒါပေမယ့် သက်တမ်း ၂၀-ဆိုတာ နည်းလွန်းပါတယ်ဗျာ။
ဖန်ဆင်းရှင် ပြန်နှုတ်ပေးထားတဲ့ နွားဆီက နှစ်၄၀၊ မျောက်ဆီက ၁၀-နှစ်နဲ့ ခွေးဆီက၁၀-နှစ်- စုစုပေါင်း နှစ်၆၀ - ကျွန်တော့်ကို ထပ်ဆောင်းပေး ပါလား။
ဒါမှ နေပျော်မှာပေါ့။

ဖန်ဆင်းရှင် သဘောတူလိုက်သည်။

ထို့ ကြောင့်လူသည် ပထမနှစ် ၂၀-တွင်စားခြင်း၊အိပ်ခြင်း၊ဆော့ခြင်း၊အပျော်ရှာခြင်းတို့သာ လုပ်၏။
ဒုတိယနှစ် ၄၀-တွင် နွားကဲ့သို့ ရုန်းကန် လှုပ်ရှားရပြီး
တတိယ ၁၀-နှစ်တွင်မျောက်ကဲ့သို့  မြေးများနှင့်ေ ဆာ့ရကာ နောက်ဆုံး ၁၀-နှစ်တွင် ဟောင်ဖွာဟောင်ဖွာ လုပ်ရလေ့ရှိ၏။


     အကြံကောင်း

အရက်ဆိုင်ပိုင်ရှင်ကို ဧည့်သည်က ပြောသည်
"ခင်ဗျားတို့ဆိုင်က တစ်နေ့တစ်နေ့မှာ စည်ဘီယာ ဘယ်နှစ်လီတာ ရောင်းရသလဲ"
"လီတာ ၂၀၀ လောက်ပါ"
"တစ်နေ့ကို လီတာ ၃၀၀ လောက် မရောင်းရချင်ဘူးလား"
"ရောင်းချင်တာပေါ့ဗျာ. နည်းရှိရင် မစပါလား"
"ဖန်ခွက်ထဲကို ဘီယာ အပြည့်ထည့်"
    CONNECTION ဘောပွဲ

ကဲ စပါပြီ…. ဟုတ်ကဲ့ အခုဆိုရင် Firefox က Google ကို စ ပေးတယ် ခင်ဗျ…. Google က Facebook ကို ထပ်ပေးပါတယ်။ ဟုတ်ကဲ့ တက်တယ်ခင်ဗျကျတယ် ခင်ဗျ ပြန်တက်တယ်။ ပြန်ပြုတ်ကျတယ်။ ရတနာပုံက မခံပါဘူးခင်ဗျာပြန်ဖြတ်ချတယ်ခင်ဗျ။ ဒါပေမယ့် ADSL က နာမည် အပျက်မခံဘူးခင်ဗျ။ အခုအချိန်မှာဆိုရင် ပုဂံက စိတ်ညစ်လို့ မှိုင်နေတယ်ခင်ဗျ။ ဟော.. ပြောရင်နဲ့  တက်လာပြန်ပါပြီခင်ဗျ။ရတနာပုံက ရာဇဝင်အရိုင်းမခံပါဘူးခင်ဗျာ.. ပြန်ဖြတ်ချပါတယ်။.. အခုဆိုရင် Connection ကြီးဟာ ပြောနေရင်းနဲ့ပြတ်ကျသွားပါပြီခင်ဗျား…. ရတနာပုံဘက် ပါသွားပြန်ပြီခင်ဗျ Facebook တက်တယ်။ User တွေက ဝိုင်းအားပေးတယ်ခင်ဗျရတနာပုံက ပြန်ဖြတ်ချတယ်။ Google တက်လာပြန်ပြီ… ဒိုင်လူကြီး ပုဂံက Network busy ပြပါတယ်ခင်ဗျ။ အသုံးကြမ်းလို့ ပါတဲ့… Gmail လေး က တက်ဖို့ ချောင်းနေတယ်ခင်ဗျ… Loading လေး ဆွဲပြေးသွားပြီ…… ပြည့်ခါနီးပါပြီခင်ဗျ… ဟုတ်ကဲ့ အပြည့်ရောက်ခါနီးမှာပဲ Connection က ပြန်ဖြတ်ချလို့  တစ် နေပါတယ်ခင်ဗျ။ အားပေးနေတဲ့ User တွေဟာဆိုရင် အခုဆိုရင် သုံးရတာ ဆန့် တငံ့ငံ့ ဖြစ်နေပါတယ်။ ရတနာပုံရဲ့  အစွမ်းတွေပေါ့ခင်ဗျ… ပွဲကို ကြည့်ရတာ ရင်တဖိုဖိုနဲ့  ဘယ်တော့ ပြန်ကောင်းမလဲဆိုတာကိုတော့ ဘယ်သူမှမသိနိုင်ပါဘူးခင်ဗျ… ဟုတ်ကဲ့ပြောရင်းနဲ့  Facebook လေး Signin ဝင်သွားပြီခင်ဗျ… Home Page လေး တက်နေရင်းတန်းလန်း တစ်ဝက်ပဲပေါ်သေးတယ် ငြိမ်သွားပါပြီခင်ဗျ… အောက်ကို ကြည့်လိုက်တော့ Done ပါတဲ့… ဒါနဲ့  User ကအငြိမ်မနေပဲ Refresh ပြန်လုပ်တယ်ခင်ဗျ… Network Timeout ပါတဲ့ဒိုင်လူကြီး ပုဂံက အလစ်ကို မပေးပါဘူးခင်ဗျ… ဟုတ်ကဲ့ User ကိုတိုးတိုး တိုးတိုးနဲ့  သွားပြောနေပါတယ်ခင်ဗျ… ဘာပြောတာပါလိမ့်…? ဟုတ်ကဲ့ User က ဒီဘက်ကိုပြန်ပြောတယ်ခင်ဗျ… ဒိုင်လူကြီးက ပြောပါတယ်တဲ့ “အဲလောက်နဲ့ တက်တက်မလာနဲ့ ” လို့ ပြောပါတယ်တဲ့။ ဟုတ်ကဲ့ အခုဆိုရင် User တွေနဲ့ ရတနာပုံနဲ့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်တော့မယ်ခင်ဗျ… User တွေကလဲ တင်းတယ်ခင်ဗျ… ရတနာပုံကို အသေရရ အရှင်ရရ ပါတဲ့… ရတနာပုံက Complain တက်တယ်ခင်ဗျ. FTTH တွေတပ်နေလို့ ပါတဲ့ဟုတ်ကဲ့ User က မယုံပါဘူးခင်ဗျာ.. ဟုတ်ကဲ့ အခုဆိုရင် ပွဲစနေတာ ၅ ရက်လောက်ရှိပါပြီခင်ဗျ… ပွဲဟာဆိုရင် ပြီးဖို့  နိုဝင်ဘာ ၇ ရက်နေ့ အထိ စောင့်ရမယ်သဘောရှိတယ်ခင်ဗျ… ဟုတ်ကဲ့ ကျွန်တော်ကြေငြာနေစဉ်အတွင်းမှာပဲ ကွင်းဘေးဒိုင် EPC က မီးဖြတ်ချလိုက်ပါတယ်ခင်ဗျားးးးးးးးးးးးးးးးးးးးးးးးးးးးး
  ပေးစားချင်တာကြာပြီ

သမီးရည်စားနှစ်ယောက် ခိုးပြေးကြသည်။ ခရီးတွင်စေရန် တက်စီတစ်စီငှားကာ
ကောင်လေး သူငယ်ချင်းအိမ်သို့ သွားကြသည်။ အိမ်ရောက်သောအခါ ကောင်လေးက
တက်စီသမားအား ပိုက်ဆံထုတ်ပေးမည် အလုပ်တွင် တက်စီသမားက
"မပေးပါနဲ့တော့။ သတို့သမီးအဖေက ကျွန်တော့်ကို ပေးပြီးပါပြီ။"
   ခင်ဗျားတို့ကိုး

ဆေးရုံမှ လင်မယာနှစ်ဦး ထွက်လာသည်။ လမ်းတွင် တက်စီငှားသည်။ မိန်းမက တက်စီသမားအား
"ကျေးဇူးပြုပြီး ဖြေးဖြေးမောင်းပေးပါနော်.ကျွန်မတို့နှစ်ယောက် မနေ့က
အမောင်းကြမ်းတဲ့ ဒရိုင်ဘာနဲ့တွေ့တာ ဆေးရုံတက်လိုက်ရတယ်။"
တက်စီသမား။ ။"ဪ....ခင်ဗျားတို့ကိုး။ ကြည့်စမ်း၊ ရုတ်တရက် မမှတ်မိဘူး"
   ရပါတယ်

အဆိုသင်တန်းတွင် သင်တန်းသူတစ်ဦးက နည်းပြအားမေးသည်။
"ဆရာ။ ကျွန်မကို ရှင်းရှင်းပဲ ပြောပါဆရာ။ ကျွန်မအသံက ဘယ်နေရာမှာမှ
သုံးစားလို့ မရတော့ဘူးလား"
"ဟာ...ဒီလိုလဲ မဟုတ်ပါဘူး။ ဥပမာ - မီးလောင်တာတို့၊ ရေနစ်တာတို့၊
ဓပြတိုက်ခံရတာတို့ဆိုရင် ခင်ဗျားအသံဟာ အစားထိုးလို့ကို မရဘူး။
တကယ်ပြောတာ"
  မှားပါတယ်

ကိုအူ တစ်ယောက် ရုပ်ရှင်ကြည့်ရန် လက်မှတ်ရုံတွင် လက်မှတ်ဖြတ်နေသည်။ တခဏာ
အကြာတွင် ကိုအူ တစ်ယောက် လက်မှတ်လာ ဖြတ်ပြန်သည်။ သိပ်မကြာလိုက်
လက်မှတ်ရုံသို့ ကိုအူ ပြန်ရောက်လာကာ လက်မှတ် ဖြတ်ပြန်သည်။
လက်မှတ်ရောင်းသူ- (အံသြ စွာဖြင့်) စောစောတုန်းက လက်မှတ်နှစ်ခါ လာဝယ်တာ
နောင်ကြီးပဲ မဟုတ်လား၊ ဒါကောဆို သုံး ခါရှိသွားပြီနော်။ ဘာလို့လဲဗျ။
ကိုအူ- ဘာဖြစ်ရမှာလဲဗျ။ ရုံပေါက်က လူပေါ့၊ တော်တော်ဆိုးတယ်ဗျာ
ကျုပ်လက်မှတ်ကို တောင်းပြီး စုတ်ဖြဲပစ်လိုက်တယ်။
   လျှော့ဈေး

တရားသူကြီးက တရားခံကို ခပ်တင်းတင်းကြည့်ရင်း မေးတယ်။
တရားသူကြီး။ ။“မင်းထောင်ကျတာ ဘယ်နှစ်ခါ ရှိပြီလဲ။”
တရားခံ။ ။“၉ ခါရှိပါပြီ။ တရားသူကြီးမင်း။”
တရားသူကြီး။ ။“၉ခါ။ ဟုတ်လား။ ဒါဆိုရင် မင်းကိုငါ အကြီးလေးဆုံး ပြစ်ဒဏ်ပေးရလိမ့်မယ်။”
တရားခံ။ ။“အကြီးလေးဆုံး ပြစ်ဒဏ်။ ဟုတ်လား။ အမြဲလာနေကျ ဖောက်သည်ပဲ။
Discount လေးတော့ ပေးပါဦး။”
   စေတနာရှင်

တစ်နေ့မှာ ရှေ့နေတစ်ယောက်ဟာ သူ့ရဲ့ ကားကို မောင်းလာရင်း လမ်းဘေးမှာ လူတစ်ယောက်
မြက်စားနေတာကို တွေ့ရပါတယ်။အဲဒါနဲ့ ရှေ့နေက သူ့ရဲ့ ဒရိုင်ဘာကို ကားရပ်ခိုင်းပါတယ်။
နောက်တော့ အပြင်ကို ထွက်ပြီး အဲဒီလူကို မေးပါတယ်။“မင်းဘာလို့ မြက်တွေ စားနေတာလဲ။”
“ကျွန်တော်က အရမ်းပဲ ဆင်းရဲပါတယ်။ ဘာကိုမှ စားဖို့ မတတ်နိုင်လို့ပါ။” လို့ အဲဒီလူက ဖြေပါတယ်။
“သနားစရာပဲ။ ငါ့အိမ်ကို လိုက်ခဲ့ပါလား။” လို့ ရှေ့နေက ခေါ်ပါတယ်။
အဲဒီလူက “ကျွန်တော့်မှာ မိန်းမနဲ့ ကလေး ၃ယောက်လည်း ရှိသေးတယ်။” လို့ ပြောတော့ ရှေ့နေက
သူတို့ကိုပါ ခေါ်ခဲ့ဖို့ ပြောပါတယ်။သူတို့ အားလုံးကားထဲကို ရောက်တော့ မြက်စားနေတဲ့လူက
“ကျွန်တော်တို့ကို အိမ်ခေါ်သွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားဟာ အလွန်ကြင်နာတတ်တဲ့သူပဲ။”
လို့ ရှေ့နေကို ပြောပါတယ်။ ရှေ့နေကတော့ “မင်းကြိုက်မှာ သေချာတယ်။ ငါ့အိမ်က မြက်ပင်တွေက
၁ ပေလောက်ရှည်တယ်” လို့ ပြန်ပြောလိုက်ပါတယ်။
...ရယ်မောချင်းဖြင့်အသက်ရှည်ကြပါစေ......

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...