စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခရီးလွန်လို့ မျက်လုံးထဲဝင်သွားတဲ့ သန်ကောင်




         “သန်ကောင်တစ်ကောင်က လူတစ်ယောက်ရဲ့ မျက်လုံးထဲကို ၀င်တယ်ဆိုရင် ယုံမှာလား? အန္ဒိယနိုင်ငံမှာတော့ ၁၃ စင်တီမီတာရှိတဲ့ သန်ကောင်တစ်ကောင်ဟာ မျက်လုံးထဲကို ၀င်နေလို့ ခွဲထုတ်လိုက်ရပါသတဲ့။ မူလန်ပြည်နယ်က ကရစ်စနားမွတ်သီး ဆိုတဲ့ အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ အဖိုးအိုဟာ သူ့ညာဖက်မျက်လုံးတွေ အောင့်လို့ဆေးခန်းကိုသွားပြခဲ့ပါသတဲ့။ ပထမတော့ မျက်စေ့ဆရာဝန်တွေဟာ သူ့ကို မျက်စဉ်းဆေးရည်ပေးပေမယ့် မသက်သာခဲ့ပါဘူး။
“ကျွန်တော်တို့ တစ်သက်မှာတော့ သန်ကောင်တစ်ကောင်ဟာ ဒီလောက်အထိ လျှောက်သွားနိုင်တာမျိုးမတွေ့ဘူးသေးပါဘူး” လို့ အဘိုးအို ကရစ်စနားမွတ်သီးကို ခွဲစိတ်ပေးတဲ့ ဆရာဝန်တွေက ပြောပါတယ်။

       “ဆရာဝန်က ကျွန်တော့်မျက်လုံးထဲမှာ သန်ကောင်တစ်ကောင်ဝင်နေတယ်။ အဲ့ဒါကို ခွဲထုတ်ရမယ်ပြောတော့” ကျွန်တော် အံအားသင့်လွန်းလို့ ဘာမှတောင် ပြန်မပြောနိုင်ပါဘူးလို့ ခရစ်စနားက ဆိုပါတယ်။ ဒီသန်ကောင်ဟာ မျက်လုံးကို သွားတဲ့ အာရုံကြောတွေကဆင့် ဦးနှောက်နဲ့၊ မျက်လုံးအတွင်းပိုင်းကို ၀င်ရောက်ခဲ့ရင်တော့ ဒါဟာ သေစေနိုင်လောက်တဲ့အထိ အန္တရာယ်များတယ်လို့ ဆိုပါတယ်။အဖိုးအိုကို ခွဲစိတ်နေတုန်းမှာ သူ့ရဲ့ ဇနီးကတော့ ခွဲစိတ်ခန်းထဲမှာ ကြည့်နေပါသတဲ့။ “ကျွန်မက သန်ကောင်ကို မျက်လုံးထဲမှာလည်းတွေ့ရော ထခုန်နေတော့တာပဲ၊ ကြောက်လဲ ကြောက်တာကိုး” လို့ အဖိုးအိုရဲ့ ချစ်ဇနီးက ဆိုပါသတဲ့။

      အဖိုးရဲ့ ဇနီးသည် ဆာဝတီကတော့ ဒီသန်ကောင်ဝင်ရခြင်းအကြောင်းဟာ အဖိုးအို သစ်ပင်ပန်းမာန်စိုက်ပျိုးတာကို ၀ါသနာထုံလို့ဆိုပြီးတော့ ယူဆပေမယ့် ဆရာဝန်တွေကတော့ ဒါဟာ အဖိုးအိုရဲ့ အူထဲကနေလာတဲ့ သန်ကောင်ဖြစ်ပါတယ်လို့ ဖြေရှင်းပါတယ်။
http://blog-aunghtut.blogspot.com

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...