
Delroy Simmonds (အသက် ၃၀) နှစ်သည် အလုပ်အင်တာဗျူးသို့ အသွား၊ ဘူတာရုံတွင် လေပြင်းထန်သဖြင့် ကလေးတွန်းလှည်း မှောက်ကျကာ အဆိုပါ ကလေးငယ်သည် သံလမ်းပေါ်သို့ ပြုတ်ကျသွားခဲ့ရသည်။
ထိုအချိန်တွင် J ရထား သည်လည်း ဘူတာရုံသို့ ဆက်ရောက်လာသည့် အချိန်ဖြစ်သည်။
ကလေးငယ်၏ မိခင်အပါအဝင် အနီးအနားရှိ လူအများက ထိတ်လန့်တုန်လှုပ်ပြီး ကြက်သေသေသွားစဉ် Simmonds က မဆိုင်းငံ့ပဲ လာနေသည့် ရထားကိုပင် ဂရုမစိုက်ပဲ သံလမ်းအတွင်း ခုန်ဆင်းကာ ကလေးငယ်အား သက်စွန့်ဆံဖြား ကယ်တင်ခဲ့ပြီး ကလေးငယ်နှင့် Simmonds တို့သည် ရထားမဆိုက်မီ စက္ကန့်ပိုင်းတွင် ဘေးလွတ်ရာသို့ ရောက်ရှိခဲ့ကြသည်။

မျက်မြင်များ၏ အဆိုအရ Simmonds ၏ လှုပ်ရှားမှုများသည် လွန်စွာမြန်ဆန်လှကြောင်း၊ သံလမ်းတွင်းသို့ ချက်ခြင်းခုန်ချကာ ကလေးငယ်အား ကယ်ဆယ်ခဲ့ကြောင်း သိရှိရသည်။
ဒဏ်ရာရရှိသွားသည့် ကလေးငယ်အား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
လူစွမ်းကောင်း Simmonds က NY Daily News သတင်းစာအား “လူတိုင်းကဗျာ၊ ကျွန်တော့ကို လူစွမ်းကောင်းလိုပဲ ပြောဆိုဆက်ဆံနေကြတယ်။ ကျွန်တော်က သာမန်လူပါပဲဗျာ။ ဒီလို အခြေအနေမျိုးမှာ ဘယ်သူမဆို ကျွန်တော်လုပ်သလို လုပ်ခဲ့မှာပါပဲ။” ဟု ပြောပြခဲ့သည်။
“ကျွန်တော် အခုအချိန်မှာ အမှန်တကယ် လိုချင်တာက နာမည်တစ်လုံး မဟုတ်ပါဘူး။ အလုပ်တစ်ခုပါဗျာ။” ဟု ထပ်လောင်းပြောကြားခဲ့သည်။
shwelone
မှ
တင်ပြပေးပါသည်။
ရဲဇော်ကို(မလေး)
No comments:
Post a Comment