စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာတွင် သစ္စာအရှိဆုံး သတ္တဝါ





ကမ္ဘာပေါ်မှာ သစ္စာ အရှိဆုံး သတ္တဝါ ဆိုတာ အိမ်မွေးခွေး တိရစ္ဆာန်များ ဖြစ်မယ် ဆိုတာ သိကြပါလိမ့်မယ်။ သူတို့အနေနဲ့ လူတစ်ယောက်ကို သခင် အဖြစ် သတ်မှတ် ပြီးရင် သူတို့ရဲ့ တစ်သက်စာလုံး ဘယ်လို အခြေအနေ ရောက်ရောက် မခွဲပဲ အတူနေထိုင် တတ်ပါတယ်။

ဒါကြောင့်မို့ မိသားစု တစ်ခုက မွေးထားပြီး ဖြစ်တဲ့ အရွယ်ရောက် ခွေးတစ်ကောင် ကို နောက်ထပ် မိသားစု တစ်ခုထံ သို့ လွဲပြောင်းရန် ခက်ခဲခြင်း ဖြစ်ပါတယ်။ သူတို့ရဲ့ သခင်က ဆင်းရဲပြီး စားစရာ မပေးနိုင်တော့ရင် သူ့ဘာသူ ရှာစားလို့ အတူနေတတ် ပါတယ်။ သခင်တို့ ပြောဆိုတဲ့ စကားများကို အများဆုံး နားလည်နိုင်တဲ့ တိရစ္ဆာန်လည်း ဖြစ်ပါတယ်။

ဒါကြောင့်မို့ ခွေးတို့နဲ့ လူတို့ကြား သံယောဇဉ် မေတ္တာ အကြောင်းများ အသားပေး ရိုက်ကူးတဲ့ ရုပ်ရှင်များကို ကြည့်ဖူးကြမှာပါ။ ခွေးမမွေးဖူးတဲ့ လူတစ်ယောက်အတွက် ဒါဟာ ထူးဆန်းနေမေပယ့် ခွေးတစ်ကောင် ပိုင်ဆိုင် သွားတဲ့ အခါ ယင်း တန်ဖိုးများကို သိရှိ နားလည်လာမှာ ဖြစ်ပါတယ်။
.
Ref: dyknow
အောင်ခမ်း (www.innewsmyanmar.com)

http://www.innewsmyanmar.com/2014/10/blog-post_7.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...