စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အွန်လိုင်းပေါ်မှာ အခမဲ့ သင်ကြားလေ့လာစရာ နေရာ



www.coursera.org ဟာ လက်တလော လူသုံးများလာတဲ့ အွန်လိုင်း သင်တန်းကျောင်း တစ်ခု ဖြစ်လာပါတယ်။ သူဟာ အခမဲ့ သင်ကြား လေ့လာစရာ နေရာ ဖြစ်ပါတယ်။ အကယ်၍ စာမေးပွဲ ဖြေပြီး Certificate များ လိုချင်တယ်ဆိုရင်တော့ ဒေါ်လာ အနည်းငယ် သွင်းရပါတယ်။ သို့ပေမယ့် ဒါဟာလည်း အနည်းငယ် ပါပဲ။ ဥပမာ ၄၉ ဒေါ်လာ ဝန်းကျင်လောက်ပဲ ဖြစ်ပါတယ်။

သူ့မှာ စုံလင်လှတဲ့ ဘာသာရပ်များ ပါဝင်ပါတယ်။ ဥပမာ Marketing, Digital Marketing, Cloud Computing, Management, Entrepreneurship အစရှိသဖြင့် ဘာသာရပ်ပေါင်း များစွာ ရှိပါတယ်။ သူဟာ နိုင်ငံတကာ ကောလိပ်၊ တက္ကသိုလ် အချို့နဲ့လည်း ချိတ်ဆက်ထားပြီး အွန်လိုငးကနေ အသိအမှတ်ပြု Certificate များ ပေးအပ် ပါတယ်။ မြန်မာပြည်ကနေလည်း တက်ရောက်နေသူ အများအပြား ရှိပါတယ်။ သင်ကြားမှုအတွက် လိုအပ်တဲ့ စာအုပ်များ၊ ဗီဒီယို များကိုလည်း ပေးအပ် ပါတယ်။ 

ဒါကြောင့်မို့ www.coursera.org ကို လူတိုင်း အသုံးပြု နိုင်အောင် မျှဝေပေးလိုက် ရပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)
http://www.innewsmyanmar.com/2014/10/blog-post_30.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...