
အသက် ၁၂ နှစ်သာ ရှိသေးတဲ့ Jenna Gavin လို့ အမည်ရတဲ့ ကနေဒါက ကျောင်းသူ ကလေးငယ်လေးဟာ ကမ္ဘာ့အကြီးဆုံး တူနာငါးကို ဖမ်းမိတဲ့ စံချိန်တင်သွား ပါတယ်။ ကနေဒါနိုင်ငံ အရှေ့ပိုင်း Northumberland Strait မှာ ဖြစ်ပါတယ်။ ၄၄ စတုံ (၂၈၀.၅ ကီလို) အလေးချိန် ရှိတဲ့ ငါး ဖြစ်ပါတယ်။
ယင်းငါးကို လှေပေါ်စွဲတင်ဖို့ အတွက် ၂ နာရီတောင် အချိန်ကြာခဲ့ကြောင်း ဆိုပါတယ်။ ဒီအတွက် အဖေ ဖြစ်သူကလည်း ဝင်မကူပါဘူး။ ငါးရရင် iPad mini ဝယ်ပေးမယ်ဆိုတဲ့ မက်လုံးနဲ့ ကလေးကို ကြိုးစားဆွဲနိုင်အောင် အားပေးခဲ့ ကြောင်း ဆိုပါတယ်။ ယင်းအချက်ကို ကြည့်ခြင်း အားဖြင့် အနောက် နိုင်ငံမှာ ငါးမြှား၊ ငါးဖမ်းဒါဟာ အနားယူ အပန်းဖြေတဲ့ အလေ့အထ ရှိကြောင်းကိုလည်း လေ့လာ တွေ့မြင်နိုင်ပါတယ်။
ငါးမြားခြင်းကို အနောက်နိုင်ငံမှာတင် မကပဲ စင်္ကာပူ နိုင်ငံမှာပါ အားလပ်ရပ်တွေမှာ ပင်လယ်ကမ်းခြေနားက ရေငြိမ်နေတဲ့ ကန်၊ ချောင်းတို့မှာ ငါးမြှားတဲ့ အလေ့အထကိုလည်း မြင်တွေ့ခဲ့ဖူးခဲ့ ပါတယ်။ ဒီတော့ အကြီးဆုံးငါး မြှားနိုင်သူ၊ ဖမ်းနိုင်သူများက Celebrity ဖြစ်လာတတ် ပါတယ်။ ပုံမှာ မြင်တွေ့ နေရတဲ့ ကလေးမလေး ကတော့ ကမ္ဘာ့အကြီးဆုံး တူနာငါး ကို မြှားနိုင်ခဲ့တဲ့ မိန်းကလေး ဖြစ်လာ ပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewwsmyanmar.com)
http://
No comments:
Post a Comment