စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ငွေစက္ကူအဟောင်းအနွမ်း သံသရာမလည်အောင် ဘယ်လိုလုပ်မလဲ


        
''အစ်မ ဒီပိုက်ဆံလေး ပြန်လဲပေးပါဦး။လုံးဝ သုံးမရလို့။ ကျွန်တော်တို့ ပြန်ပေးရင် လည်း ခရီးသည်တွေကမယူချင်ကြလို့ပါ'' ဟုယာဉ် နောက်လိုက်ဖြစ်သူ၏ အသံက တိုးဝှေ့ကျပ် ညပ်နေသော ဘတ်စ်ကားအတွင်းမှ တစ်ယောက် တစ်ပေါက် ဆူညံသံများကို ကျော်လွန်၍ထွက် ပေါ်လာခဲ့ခြင်းဖြစ်သည်။

၎င်း၏ လက်ထဲတွင်တော့ တိပ်အကြည် ရောင်အထပ်ထပ်ကပ်ထားပြီး ငွေစက္ကူဟုပင် ထင်မြင်စရာမရှိဘဲ အရောင်များ ပေစွန်း၍ ညစ်ထေးနေသောစက္ကူစုတ်တစ်ရွက်မျှထင်မှတ်စရာရှိသည့် ငါးရာကျပ်တန် အနွမ်းလေး တစ်ရွက်အားလက်ထဲတွင်ဆုပ်ကိုင်လျက်ကား တံခါးပေါက်ဝအနီး ရပ်လျက်တွေ့ရသည်။ သူ့အား ယာဉ်စီးခအဖြစ် ငွေစက္ကူဟု ထင် မြင်စရာပင် မရှိသော မြန်မာနိုင်ငံတော်ဗဟို ဘဏ်ထုတ် ငါးရာကျပ်တန် ငွေစက္ကူ အ ဟောင်းအစုတ်လေးအားပေးခဲ့သည့်ခရီးသည် အမျိုးသမီးအား အခြားကောင်းမွန်သော ငွေ စက္ကူဖြင့် ပြန်လဲလှယ်ပေးရန် တောင်းဆိုနေ ခြင်းသာ ဖြစ်သည်။

ထိုနောက် ယင်းငွေစက္ကူအဟောင်းအား ၄င်းအားယာဉ်စီးခပေးခဲ့သော အမျိုးသမီး ဖြစ်သူက ''ရော့ရော့ ဒီဟာပဲရှိတော့တယ်''ဟု ဆိုကာ ယခင်ပေးလိုက်သော ငွေစက္ကူထက် အနည်း ငယ်လတ်သည့် ငါးရာကျပ်တန် အဟောင်းတစ်ရွက် ဖြင့်လဲလှယ်ပေးရင်း ယာဉ်နောက်လိုက်ပေးသော တိတ်ကပ်ရာများဖြင့် ဖုံးလွှမ်းနေသည့်ငွေစက္ကူ အား သူမ၏အိတ်ထဲသို့ ပြန်ထည့်လိုက်သည် ကို တွေ့ရသည်။ ထိုငွေစက္ကူအဟောင်း၏သံသ ရာသည်ကား ယင်းအမျိုးသမီး၏အိတ်အတွင်း မှ အခြားတစ်နေရာသို့ ဖလှယ်ရေးကိရိယာ တစ်ခုအနေဖြင့် ဆက်လက် လည်ပတ်နေဦး မည်သာဖြစ်သည်။

အများအားဖြင့် ထိုငွေစက္ကူအဟောင်းအစုတ် အများစုတွင် တန်ဖိုးကြီးငွေစက္ကူများ ပါဝင်မှုနည်းပါးပြီး တန်ဖိုးနည်းငွေစက္ကူရာတန် နှင့် ဆယ်တန်များ အများဆုံးပါဝင်လျက်ရှိခြင်း ကြောင့် ငွေစက္ကူအဟောင်းအစုတ်များ ပေါ များလာသည့် အပြင် ငွေအကြွေ ရှားပါးမှု ပြဿနာမှာလည်း ဈေးကွက်အတွင်းကြုံတွေ့ လာနေရခြင်းသာဖြစ်သည်။

''လူတော်တော်များများက ကျွန်တော်တို့ ယာဉ်နောက်လိုက် စပယ်ယာတွေနဲ့ ကားသမား တွေကို ငွေအကြွေလဲလှယ်တဲ့နေရာ၊ သုံးမရတဲ့ ငွေစက္ကူအဟောင်းတွေလဲပေးတဲ့နေရာလို့ သဘောထားပြီး ယာဉ်စီးခပေးတဲ့အခါကျရင် အဟောင်းအစုတ်တွေကိုပဲပေးတာ ခေတ်အဆက် ဆက်ပဲ။ သူတို့သုံးမရတဲ့ ငွေတွေကိုကျတော့ ပေးပြီးကျွန်တော်တို့ ကပြန်ပေးရင်တော့မယူ ချင်ကြဘူး။ နောက်ပြီး ကျွန်တော်တို့မှာလည်း အကြွေက ရှားလို့ မထသကလဲပေးတဲ့ အကြွေ အပြင် အပြင်ကနေ အကြွေရဖို့အတွက် ငွေ တစ်သောင်းကို နှစ်ထောင်အလိုက်ပေးနေရ တာကြောင့် ကိုယ့်အတွက် နေ့တွက်ထဲကနေ့ တိုင်းဆိုသလို့ ပြန်ပါနေတယ်'' ဟု ယာဉ်နောက် လိုက်တစ်ဦးဖြစ်သူ ကိုအေးမင်းက ဆိုသည်။

လက်ရှိတွင် ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူ အဟောင်းများပျောက်ကွယ်ရေးနှင့် အကြွေရှားပါးမှုပြဿနာပြေလည်စေရေးအတွက် ငွေ စက္ကူအကြွေ အများဆုံး အသုံးပြုသည့်လုပ်ငန်း များဖြစ်သော ရန်ကုန်တိုင်းဒေသကြီးမော်တော် ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးလုပ်ငန်း (မ.ထ.သ)အား တစ်လလျှင် ငွေကျပ်သိန်း နှစ်ရာကျပ်ဖိုးရှိ ငွေစက္ကူအကြွေ အသစ်များကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိဈေးများအတွက် ရန်ကုန်မြို့တော် စည်ပင်၊ ဈေးများဌာနအား တစ်လလျှင် ငွေ ကျပ်သိန်းခြောက်ဆယ်တန်ဖိုးရှိ ငွေစက္ကူအကြွေ အသစ်များကိုလည်းကောင်း၊ စတိုးဆိုင်နှင့် စူပါမားကက်များ အတွက် တစ်လလျှင်ငွေကျပ် ဆယ်သိန်းတန်ဖိုးရှိ ငွေစက္ကူအကြွေသစ်များ ကိုလည်းကောင်း၊ စားသောက်ဆိုင်နှင့် လက် ဖက်ရည်ဆိုင်များအား တစ်လလျှင် ငွေကျပ် နှစ်သိန်းဖိုးရှိ ငွေစက္ကူအကြွေသစ်များအား လ စဉ်ပုံမှန် လဲလှယ်ပေးလျက်ရှိကြောင်း ဗဟိုဘဏ် မှသိရသည်။

ယင်းအပြင် အခြားငွေစက္ကူအဟောင်း အစုတ်များ လဲလှယ်လိုသူများအနေဖြင့် ငွေ စက္ကူအသစ်များအဆင်ပြေစွာလဲလှယ်နိုင်စေ ရန်အတွက် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ ဗိုလ်ဆွန်ပက်လမ်းရှိဗဟိုဘဏ်ငွေလဲလှယ်ရေး ကောင်တာနှင့် မြန်မာ့စီးပွားရေးဘဏ်ခွဲများ အားလုံးတွင် တစ်ပတ်လျှင် သုံးရက်နှုန်းဖြင့် လဲ လှယ်နိုင်အောင်စီစဉ်ပေးထားကြောင်း သိရသည်။

သို့သော် ဗဟိုဘဏ်မှလဲလှယ်ပေးလျက် ရှိသော ငွေစက္ကူအသစ်များနှင့် အကြွေများ မှာ ပြည်သူများ၏ လက်ဝယ်သို့ ရောက်ရှိလာ မှုမှာ နည်းပါးလျက်ရှိနေပြီး တရားမဝင်ငွေလဲ ဈေးကွက်အတွင်းရှိ ငွေလဲသူများထံရောက် ရှိသွားနေသည်က ပိုများလျက်ရှိကြောင်းပြည် သူများထံမှ သိရသည်။

အဘယ်ကြောင့်ဆိုသော် ဗဟိုဘဏ်မှဖွင့် လှစ်ထားသော ငွေစက္ကူအဟောင်းများ လဲလှယ် ရေးကောင်တာနှင့် မြန်မာ့စီးပွားရေးဘဏ်များ အနေဖြင့် ပြည်သူများ လက်ဝယ်တွင်ရှိနေသော ငွေစက္ကူအဟောင်းများအား နေ့စဉ်လဲလှယ် ပေးခြင်းကားမရှိ။ တစ်ပတ်လျှင် သုံးရက်မျှသာ လဲလှယ်ပေးခြင်းဖြစ်သည့်အပြင် အကြောင်းပြ ချက် ခိုင်လုံစွာဖြင့် လဲလှယ်ခွင့်လျှောက်ထား ရန် လိုအပ်သည့် အတွက် အများစုအနေဖြင့် ငွေစက္ကူအဟောင်းအစုတ်များအတွက် ဗဟို ဘဏ်ငွေလဲကောင်တာနှင့် အစိုးရဘဏ်များ သို့ သွားရောက်ငွေလဲလှယ်ခြင်း မပြုလိုသည့် အတွက် ငွေစက္ကူအသစ်နှင့်အကြွေများအား ပြင်ပတွင်အလိုက်ပေးကာ လဲလှယ်နေခြင်းက ပိုမိုများပြားလျက် ရှိကြောင်းသိရသည်။

''ကိုယ့်မှာရှိတဲ့ငွေအဟောင်းအစုတ်တွေ ကို တစ်ခါလဲရဖို့အတွက် ဘဏ်ကိုသွားပြီးတန်း စီရမှာနဲ့ လျှောက်လွှာတင်ရမှာကျတော့ အချိန် လဲကုန်သလို ကားခအတွက်လဲ ထပ်ကုန်ဦး မယ်။ ဒါကြောင့်သွားမလဲတော့ပဲ သုံးလို့ရတဲ့ အထိသုံးနေတာ။ အမှန်ဆို အစိုးရအနေနဲ့ ငွေစက္ကူအဟောင်း အစုတ်တွေနဲ့အကြွေတွေ ကိုတကယ်လဲပေးချင်တယ် ဆိုရင်ဈေးတွေ အကုန်လုံးမှာလဲ ပေးလိုက်ရင်လဲရတာပဲ။ ခက် တာက အဲဒီလိုလဲပေးတာမျိုးတွေ မရှိတော့ ငွေ စက္ကူအဟောင်းတွေက ပြည်သူတွေကြားမှာပဲ တဝဲလည်လည်ဖြစ်နေတာ' 'ဟု တာမွေမြို့နယ် တွင်နေထိုင်သူ အိမ်ရှင်မတစ်ဦးက ပြောသည်။

ယင်းအပြင် ၃၉ ခရီးသည်တင်ယာဉ်လိုင်း မှယာဉ်နောက်လိုက် တစ်ဦးက ''မထသက ကျွန်တော်တို့ကို ငွေအကြွေလဲပေးတယ်လို့ သာပြောပေမယ့် အဲဒီအကြွေက နေ့စဉ်လဲ လို့ရတာမျိုး မဟုတ်ဘူး။ ဆယ်ရက်တစ်ခါ၊ဆယ့် ငါးရက်တစ်ခါမျိုးမှ အများဆုံးငွေတစ်သောင်း ဖိုးလောက်ပဲလဲလို့ရတာ။ ကျန်တဲ့အချိန်တွေ ကတော့ အကြွေလိုရင် အပြင်ကနေအလိုက် ပေးပြီးဝယ်သုံးနေရတာပဲ။ အကြွေပဿနာနဲ့ ငွေစက္ကူ အဟောင်းအစုတ်ပြဿနာကတော့ အောက်ခြေအဆင့်အထိ မဖြေရှင်းပေးနိုင်ရင် တော့ ပျောက်ကွယ်သွားဖို့ဆိုတာ မလွယ်ဘူး လို့တော့ မြင်မိတယ်''ဟု ဆိုသည်။

ဗဟိုဘဏ်အနေဖြင့် ငွေအကြွေများနှင့် ငွေစက္ကူအဟောင်းများအား အသစ်များဖြင့် ပြန်လည်လဲလှယ်ပေးနေသော်လည်း အများ ပြည်သူများအကြား ငွေစက္ကူအဟောင်းများ

ကိုသာ သုံးစွဲနေရကြောင်း၊ ဗဟိုဘဏ်မှလဲလှယ် ပေးသည့် ငွေစက္ကူအသစ်များအား လဲလှယ် သိမ်းဆည်း၍ ပြင်ပတွင် အမြတ်အစွန်းယူကာ လဲလှယ်ပေးသူများရှိနေခြင်းကြောင့် ငွေအကြွေ ရှားပါးမှုနှင့် ငွေစက္ကူအဟောင်းများပြည်သူ များလက်ဝယ်တွင် ကျယ်ပြန့်စွာသုံးစွဲနေရခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ထို့သို့ငွေစက္ကူများအပေါ်အမြတ်အစွန်း ယူ၍ တရားမဝင်အဟောင်းနှင့် အသစ်လဲလှယ် ပေးနေသူများအား ရန်ကုန်တိုင်းဒေသကြီးအစိုး ရမှ စစ်ဆေးအရေးယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ တာဝန်ရှိသူတစ် ဦးက ပြောကြား ထားသော်လည်း လက်ရှိအခြေ အနေအားဖြင့် ငွေစက္ကူများအပေါ်အမြတ်အစွန်း ယူ၍ တရားမဝင် အသစ်နှင့် အဟောင်းလဲလှယ်ပေး သူမည်မျှအားအရေးယူထားသည်နှင့် ယင်းသို့ တရားမဝင်ငွေအဟောင်းနှင့်အသစ်လဲ လှယ် သူများထံသို့ငွေစက္ကူ အသစ်များအား မည် သည့် လမ်းကြောင်းမှ ရောက်ရှိလာသည်ကို စုံစမ်းစစ်ဆေးထားရှိမှုအခြေအနေတို့အား ပြည်သူများသိရှိရန် ထုတ်ဖော်ပြောကြားခြင်းမရှိသေးသည်က စဉ်းစားစရာအခြေအနေ တစ်ရပ်ပင် ဖြစ်ကြောင်း မြန်မာနိုင်ငံရေး လေ့လာသူဦးတင်မောင်အေးကသုံးသပ်ပြော ကြားသည်။

အလားတူ တရားမဝင်ငွေလဲလှယ်ရေး လုပ်ကိုင်နေမှုများနှင့် ပတ်သက်၍ဗဟိုဘဏ် မှ ညွှန်ကြားရေးမှူး အဆင့်ရှိတာဝန်ရှိသူတစ်ဦး က''ဗဟိုဘဏ်ကတော့ ငွေစက္ကူအဟောင်းတွေ ပပျောက်အောင် ငွေစက္ကူအသစ်တွေနဲ့လဲလှယ် ပေးပေမယ့် အဲဒီငွေစက္ကူအသစ်တွေက ပြည် သူတွေ လက်ထဲမရောက်တာက များနေ တယ်။ တချို့ကြတော့လဲ သွားလဲရမှာအလုပ် ရှုပ်တယ်လို့ယူဆပြီး သွားမလဲဘဲ နီးစပ်ရာ မှာရှိတဲ့ ငွေစက္ကူအဟောင်းနဲ့ အသစ်လဲပေး တဲ့ နေရာတွေမှာ ပိုက်ဆံ အလိုက်ပေးပြီးလဲကြ တာမျိုးတွေလဲရှိတယ်။ ဒါကြောင့် အများပြည် သူအနေနဲ့ ငွေစက္ကူအသစ်တွေကို သိမ်းမထား ဘဲနဲ့ သုံးစေချင်တယ်။ ဒါမှလဲငွေစက္ကူအဟောင်း တွေက ပပျောက်သွားမှာ။ ကျွန်တော်တို့အ ပိုင်းကလဲ ငွေစက္ကူအဟောင်းတွေပပျောက်သွား အောင်လို့ တရားမဝင် ငွေလဲတဲ့သူတွေကိုလဲ ရန်ကုန်တိုင်းဒေသကြီးအစိုးရအကူအညီနဲ့စဉ် ဆက်မပြတ် ဖော်ထုတ်အရေးယူနေတယ်''ဟု ပြောသည်။

ထိုသို့ ငွေစက္ကူအဟောင်းအစုတ်များနှင့် အကြွေများအား ဗဟိုဘဏ်၏အစီအစဉ် ဖြင့် လဲလှယ်ပေးလျက်ရှိသည်ဟုဆိုသော်လည်း ပြည်သူများအကြားနှင့် ဈေးကွက်အတွင်းဖြစ် ပေါ်လျှက်ရှိသောငွေအကြွေရှားပါးမှုနှင့် ငွေစက္ကူ အဟောင်း အစုတ်ပြဿနာများအား ပြေလည် အောင်ဖြေရှင်း ပေးနိုင်ခြင်း မရှိသေးကြောင်း စီးပွားရေးနှင့်ဘဏ် လုပ်ငန်းကျွမ်းကျင်ပညာ ရှင်များကဆိုကြသည်။

ယင်းအပြင် ဗဟိုဘဏ်မှ ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များအား ယင်းပုဂ္ဂလိကဘဏ်များ ထံ ပြည်သူများမှ လာရောက်အပ်နှံလဲလှယ် သော ငွေစက္ကူအဟောင်းများ အပါအဝင် အကြွေများအား လဲလှယ်ပေးရန် အကြောင်း ကြား ထားသော်လည်း သီးသန့်ငွေလဲကောင် တာများ ဖွင့်လှစ်၍ လဲလှယ်ပေးခြင်းမှာ မရှိသ လောက်နည်းပါးကြောင်း ပြည်တွင်း ပုဂ္ဂလိက ဘဏ်များမှစုံစမ်း သိရှိရသည်။

''အန်ကယ်တို့ဆီကိုတော့ ဗဟိုဘဏ်က ငွေစက္ကူအဟောင်းတွေနဲ့ အကြွေတွေလဲပေး ဖို့ အကြောင်းကြားထားပေမယ့် ဗဟိုဘဏ်နဲ့ အစိုးရဘဏ်တွေက ဒီငွေစက္ကူအဟောင်းတွေ နဲ့ အကြွေတွေကို လဲပေးနေတဲ့အတွက် သီး သန့်ကောင်တာဖွင့်ပြီးလဲပေးတာမျိုးတော့မရှိ ဘူး။ အခြားပုဂ္ဂလိက ဘဏ်တော်တော်များများ လည်း ဒီအတိုင်းပဲ။အကယ်၍ ဘဏ်ကိုငွေလာ အပ်တဲ့အခါမှာ ငွေစက္ကူအဟောင်းတွေပါလာရင် တော့ လက်ခံလိုက်တယ်။ အဲဒီလိုပါလာတဲ့ ငွေစက္ကူ အဟောင်းအစုတ်တွေကို အန်ကယ် တို့က ဗဟိုဘဏ်မှာတစ်ဆင့်ပြန်လဲရတယ်'' ဟု ပြည်တွင်းပုဂ္ဂလိကဘဏ် တစ်ခုဖြစ်သော ကမ္ဘော ဇဘဏ်မှ ဒုဥက္ကဋ္ဌဖြစ်သူ ဦးသန်းလွင်ကဆိုသည်။

ထိုသို့သော အခြေအနေများကြောင့်ပင် လျှင် ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာမှ ငွေ စက္ကူ အဟောင်းအစုတ်များနှင့် အကြွေများအား မည်မျှလဲလှယ်ပေးလျက်ရှိစေကာမူ လက် တွေ့၌ ဗဟိုဘဏ်မှ ဆောင်ရွက်လျက်ရှိသော ငွေစက္ကူ အသစ်နှင့် အဟောင်းလဲလှယ်ပေးမှု များအား ပြည်သူများအနေဖြင့် အပြည့်အဝ ခံစားခွင့် မရရှိခြင်းကြောင့် ငွေစက္ကူအဟောင်း နှင့် ငွေအကြွေလဲလှယ်မရသည့်အခက်အခဲ ပြဿနာများမှာ ပြည်သူများအကြား ဆက်လက် ဖြစ်ပေါ်လျက်ရှိကြောင်းပြည်သူများထံမှသိရ သည်။

''ဒီခေတ်မှာ အကြွေကတော်တော်လေးရှား လာတယ်။ တစ်ခါတလေ အကြွေပန်မအမ်း နိုင်လို့ တစ်ရှူးလေးယူပါ။ သကြားလုံးလေး ယူပါ။ ဆေးလိပ်လေးယူပါလို့ ဈေးလာဝယ်တဲ့ သူတွေကို ပြောရတာလဲ ခဏခဏပဲ။ကိုယ် တွေလဲ ကိုယ်ချင်းစာပါတယ်။ အဲဒီလိုမျိုးအ ကြွေအမ်းစရာမရှိလဲ တခြားပစ္စည်းတစ်ခုခုကို အစားထိုးမပေးချင်ဘူး။ ဒါပေမဲ့ကိုယ့်မှာ ကျတော့လဲ အကြွေက ရှားနေတော့ရှိတဲ့ဟာ လေးတွေပဲပေးလိုက်ရတာ။ အစိုးရက အကြွေ လဲ ပေးတယ်လို့ပြောပေမယ့်လိုသလောက်တော့ အခုထိမရသေးတဲ့အတွက် အကြွေလိုရင်အပြင် ဈေးကွက်ကနေပဲ တစ်သောင်းကိုနှစ်ထောင် အလိုက်ပေးပြီးပြန်လဲရတယ် ဟု သာကေတမြို့ နယ်မှ ကုန်မျိုးစုံဆိုင် ဖွင့်လှစ်ရောင်းချသူတစ် ဦးကပြောသည်။

အမှန်စင်စစ် ငွေစက္ကူဆိုသော အရာသည် လူတိုင်းနီးပါး ကိုင်တွယ်သုံးစွဲလေ့ရှိခြင်းကြောင့် သာမန်မျက်စိဖြင့် မမြင်နိုင်သောမှိုနှင့် ဗက် တီးရီးယား ပိုးမွှားများ ကပ်တွယ်နေနိုင်သည့် အတွက် အဆိုပါ ဗက်တီးရီးယား ပိုးမွှားများနှင့် ရောဂါပိုးများ ကပ်တွယ်နေသော ငွေစက္ကူ များမှတစ်ဆင့် လူသို့ရောဂါပိုးများမကူးစက် စေရန် ငွေစက္ကူများအား ကိုင်တွယ်ပြီးပါက လက်အားဆပ်ပြာဖြင့်စင်ကြယ်စွာဆေးကြော ရန်လိုအပ်ကြောင်း၊ ယင်းအပြင် ငွေစက္ကူများ အား တံတွေးဆွတ်၍ရေတွက်ခြင်းများကို ရှောင် ကြဉ်ရန် လိုအပ်ကြောင်း အထွေထွေရောဂါ ကုဆရာဝန် ဒေါက်တာထွန်းထွန်းဦး ကသုံးသပ် ပြောကြားသည်။

''ပိုက်ဆံ အဟောင်းပဲဖြစ်ဖြစ်၊ အသစ်ပဲဖြစ် ဖြစ် ကိုင်တွယ်အသုံးပြုပြီဆိုတာနဲ့ လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင်ဆေးတဲ့ အလေ့ အကျင့်က ကျွန်တော်တို့နိုင်ငံမှာတော့ တော် တော်လေးနည်းနေသေးတယ်။ ဒီငွေစက္ကူတွေ က လှည့်လည်သုံးစွဲနေတာဆိုတော့ ဒီငွေစက္ကူ တွေမှာ သာမန်မျက်စိနဲ့မမြင်ရတဲ့ရောဂါပိုးမွှား တွေ အများကြီးကပ်ပါလာတာကို အလွယ်တကူ မမြင်ရဘူးလေ။ ငွေစက္ကူအဟောင်းတွေဆိုရင် ပိုဆိုးတာပေါ့။ ငွေစက္ကူတွေမှာကပ်ပါတဲ့မှို တွေနဲ့ ဗက်တီးရီယားပိုးတွေက ချက်ချင်းတော့ ဒုက္ခမပေးနိုင်ပေမယ့် ရေရှည်မှာတော့ အသက် ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ အစာ အိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါတွေဖြစ် စေနိုင်တယ်။ နေ့စဉ်ငွေစက္ကူ အများအပြား ကိုကိုင်တွယ်အသုံးပြုနေရတဲ့ဘဏ်ဝန်ထမ်း တွေဆိုရင်တော့ ငွေစက္ကူတွေ ရေတွက်ရာမှာ ပဲဖြစ်ဖြစ်၊ ကိုင်တွယ်တဲ့နေရာမှာပဲဖြစ်ဖြစ် ပါး စပ်နဲ့နှာခေါင်းထဲကိုငွေစက္ကူမှာကပ်ပါလာတဲ့ ဗက်တီးရီယားနဲ့ မှိုတွေမဝင်အောင်ျာေု တွေ တပ်ဆင်သင့်သလို အလုပ်ပြီးတဲ့ အချိန်မှာလက်ကိုဆပ်ပြာနဲ့စင်ကြယ်အောင်ဆေးသင့် တယ်''ဟုဆိုသည်။

 
ငွေစက္ကူအဟောင်းများပပျောက်၍ အကြွေရှားပါးမှုပြဿနာ ကင်းအောင်လုပ်ဖို့ ဘာတွေလိုအပ်နေလဲ
**********************************************************************

''ဈေးကွက်ထဲမှာရှိနေတဲ့ ငွေစက္ကူအဟောင်း တွေနဲ့ အစုတ်တွေကို ပြန်လဲလှယ်ပေးဖို့က အစိုးရမှာတာဝန်ရှိနေပါတယ်။ ဒီလိုပြန်လဲလှယ်ပေးနိုင်ဖို့အတွက်ကိုလည်းအစိုးရက ငွေ အဟောင်းနဲ့ အသစ်လဲလှယ်ရေးစင်တာတွေ ကို နိုင်ငံအနှံ့အပြားမှာ ဖွင့်လှစ်ပေးရပါမယ်။အစိုးရနဲ့ပုဂ္ဂလိကဘဏ်တွေမှာပဲ ငွေအဟောင်း နဲ့အသစ်လဲပေးမယ်ဆိုရင် ငွေလဲလှယ်ချင်တဲ့ ပြည်သူလူထုက တန်းစီစောင့်ဆိုင်းနေရမယ်၊ အကန့်အသတ်နဲ့ပဲလဲခွင့်ပြုမယ် ဆိုရင်တော့ ငွေလဲလှယ်ရေးမှောင်ခိုဈေးကွက်ပြဿနာက ရှိလာနိုင်တယ်။ လက်ရှိမှာလည်း ဒီလိုမျိုး တွေဖြစ်နေတဲ့အတွက် တရားမဝင် ငွေအ ဟောင်းအသစ်နဲ့အကြွေလဲလှယ်ရေးဈေးကွက် တွေကရှိနေတာ။ ဒါ့အပြင် ဘဏ်မရှိတဲ့ ကျေး လက်ဒေသတွေမှာလဲ ဒီလိုပြဿနာတွေဖြစ် လာနိုင်တယ်။

ဒါကြောင့် ပြည်သူတွေနဲ့ဈေး ကွက်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ငွေအကြွေရှားပါး မှုနဲ့ ငွေစက္ကူအဟောင်းတွေ တဖြည်းဖြည်းနဲ့ လျော့နည်းပပျောက်သွားဖို့ဆိုရင် နိုင်ငံအနှံ ငွေလဲလှယ်ရေး ကောင်တာတွေဖွင့်ဖို့တော့လို မယ်''ဟု စီးပွားရေးနှင့်ဥပဒေရေးရာအကြံပေး ဦးတင်သန်းဦးက ၄င်း၏အမြင်အားသုံးသပ်ပြော ကြားသည်။

ထို့အပြင် ဗဟိုဘဏ်မှထုတ်ဝေသော ငွေစက္ကူများ၏အရည်အသွေးအားနိုင်ငံ တကာ စံချိန်စံညွှန်းများနှင့်အညီ ငွေကြေး ဆိုင်ရာ အာမခံချက်ပြည့်ဝစွာဖြင့် တာရှည်ခံ စေရန်အတွက် စီစဉ်ဆောင်ရွက်ထုတ်ဝေရန် လည်းလိုအပ်ကြောင်း ယင်းကဆက်လက်ပြော သည်။

''တချို့နိုင်ငံတွေက ငွေကြေးတွေက ခေတ် မီနည်းစနစ်တွေကို အသုံးပြုပြီးထုတ်ဝေထား တဲ့အတွက် အလွယ်တကူကျိုးပဲ့တွန့်လိပ်တာ၊ ဟောင်းနွမ်းပျက်စီးတာနည်းပါးတဲ့အတွက် တာရှည်လည်းခံပြီး ငွေစက္ကူအဟောင်းအစုတ် ပြဿနာဖြစ်တာနည်းတယ်။အကယ်၍ငွေစက္ကူ တစ်ရွက်ရွက်က ဟောင်းနွမ်းစုတ်ပြဲသွားပြီဆိုရင်လည်း ဘဏ်တွေက ချက်ချင်းပြန်သိမ်း ပြီး အသစ်နဲ့ အချိန်မီပြန်လဲပေးတဲ့အတွက် ငွေစက္ကူအဟောင်းပြဿနာဆိုတာ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာက မရှိသလောက်နည်းတယ်။ ဒီမှာ ကတော့ လဲပေးတယ်ဆိုပေမယ့်လည်း ထိ ရောက်မှုသိပ်မရှိတာတွေ့ရတယ်''ဟု ယင်းက ထပ်မံသုံးသပ်ပြောကြားသည်။

အလားတူ ဗဟိုဘဏ်၏ဒုဥက္ကဋ္ဌ(ငြိမ်း) နှင့် ကမ္ဘောဇဘဏ်မှဒုဥက္ကဋ္ဌဖြစ်သူ ဦးသန်းလွင် က လက်ရှိပြည်သူများအကြားနှင့်ဈေးကွက် အတွင်းလည်ပတ်သုံးစွဲနေသော ငွေစက္ကူအ ဟောင်းအများစုမှာ တန်ဖိုးကြီးငွေစက္ကူများ ထက် ဆယ်တန်၊ ရာတန်ကဲ့သို့သော တန်ဖိုး နည်းငွေစက္ကူအကြွေ များသာပိုများကြောင်း၊ ထိုငွေစက္ကူများသည် အသုံးပြုမှုများသည့်အပြင် လက်ပြောင်းလက်လွှဲမှု များပြားခြင်း နှင့် ငွေစက္ကူကိုင်တွယ် အသုံးပြုသူများ၏ စနစ်တကျ ကိုင်တွယ်သုံးစွဲမှု မရှိခြင်းစသောအခြေအနေများကြောင့် ဟောင်းနွမ်းပျက်စီးမှုအားလွယ် ကူသွားစေခြင်းဖြစ်သည့်အပြင် ဗဟိုဘဏ်မှ လည်းငွေစက္ကူအကြွေ အသစ်များထပ်မံရိုက် နှိပ်ထုတ်ဝေမှုနည်းပါးခြင်းစသော အခြေအနေ များကြောင့် ငွေအကြွေရှားပါးမှုပြဿနာအား ဖြစ်ပေါ်လာစေခြင်းဖြစ်ကြောင်းပြောသည်။

''ဗဟိုဘဏ်နဲ့မြန်မာ့စီးပွားရေးဘဏ်တွေ အနေနဲ့က ငွေစက္ကူအဟောင်းတွေကို အသစ် တွေနဲ့ လဲပေးနေတယ်ဆိုပေမယ့် အောက်ခြေ အဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့်လဲပေးနိုင်တဲ့ အနေအထားမရှိသေးသလို ငွေစက္ကူအကြွေတွေကိုထပ်ပြီးရိုက်ထုတ်ဖို့ကြတော့လည်း ကုန် ကျစရိတ်အရမ်းများပြီးဈေးကြီးတဲ့အတွက်ခဏ ခဏရိုက်ထုတ်တာ မလုပ်နိုင်ဘူးဖြစ်နေတယ် လို့ထင်တယ်။ အဲဒီပြဿနာက ဘာကြောင့်ဖြစ် တာလဲဆိုရင် မြန်မာနိုင်ငံမှာ ဗဟိုဘဏ်ကထုတ် ဝေထားတဲ့ ငွေစက္ကူအရွယ်အစားဆိုက်တွေက တန်ဖိုးနည်းနည်း၊ များများ အရွယ်အစားတွေ က တစ်ပုံစံတည်းဖြစ်နေတော့ စက္ကူတန်ဖိုးနဲ့ မင်ဖိုးတွေပိုမိုကုန်ကျတယ်။ နိုင်ငံတကာမှက တော့ငွေအကြွေတွေကို ဆိုက်အသေးပုံစံနဲ့ထုတ် တော့ ရိုက်နှိပ်ရာမှာလည်းလွယ်ကူတယ်။ငွေကုန် ကြေးကျစရိတ်လည်းသက်သာတယ်။ငွေစက္ကူ အဟောင်းနဲ့ အကြွေရှားပါးမှုပြဿနာကိုလည်း ဖြေရှင်းပြီးသားဖြစ်မယ်လို့ အန်ကယ်ဗဟိုဘဏ် မှာ တာဝန်ထမ်းဆောင်တဲ့ အချိန်တုန်းက အကြံပြုတင်ပြခဲ့ဖူးတယ်။ ဒါပေမဲ့ ဖြစ်မလာ ခဲ့ဘူး။ ယနေ့ကမ္ဘာပေါ်မှာ ငွေစက္ကူတွေကို အရွယ်အစား တစ်ပုံစံတည်းထုတ်တာဆိုလို့ မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံနှစ်ခုပဲရှိတယ်။ အမေရိကန်ကတော့ ဖွံဖြိုးပြီးနိုင်ငံဖြစ်တဲ့ အတွက် ပြဿနာမရှိပေမယ့်အန်ကယ်တို့မြန် မာနိုင်ငံမှာကတော့ တန်ဖိုးနည်းငွေစက္ကူအသစ် တွေ ထပ်ပြီးရိုက်ထုတ်ဖို့အတွက် ကုန်ကျ စရိတ်ကြီးတာကြောင့် ငွေစက္ကူအဟောင်းတွေ ကို လိုအပ်သလောက်ပြန်လဲ မပေးနိုင်တာနဲ့ ငွေအကြွေရှားပါးတဲ့ပြဿနာတွေကြုံနေရတယ်။ ဒီတော့ ဒီပြဿနာကို စရိတ်သက်သာစွာနဲ့ အဆင်ပြေအောင်ဖြေရှင်းနိုင်ဖို့အတွက်ဆိုရင် အရွက်သေးငွေစက္ကူအသစ်တွေများများရိုက် ထုတ်ဖို့လိုတယ်။ အကယ်၍ဒီမှာရိုက်လို့မရ ရင်လည်း နိုင်ငံခြားမှာသွားရိုက်လို့ရနေတာ ပဲ။ ဒါမှမဟုတ်ရင် အကြွေစေ့စနစ်ကိုပြန်ပြီး အကောင်အထည်ဖော်လို့ရတယ်။ အဲဒီအစား အင်ဒိုနီးရှားတို့၊ စင်ကာပူတို့လို ပလတ်စတစ် အုပ်ထားတဲ့ ငွေကြေးတွေကို ထုတ်မယ်ဆိုရင် တော့ ငွေကုန်ကြေးကျလည်း ပိုများလာနိုင် သလိုရေရှည်မှာလည်း ပြဿနာတွေပိုလာနိုင် တယ်။ ဘာကြောင့်လည်းဆိုတော့ မြန်မာနိုင်ငံ မှာ လမ်းဘေးဈေးသည်တွေ တစ်အားများတဲ့ အပြင် စနစ်တကျရိုရိုသေသေကိုင်တွယ် အသုံး ပြုတဲ့သူကလည်း နည်းတယ်။ ဒီလိုငွေစက္ကူ တွေ ထုတ်လိုက်ရင်လည်း ခဏလေးနဲ့ ဟောင်း နွမ်းပျက်စီးသွားမှာပဲ။ နောက်ပြီးဒီ ပလတ်စတစ် ငွေတွေကဆီစွန်းသွားတာနဲ့ ပျက်စီးသွားရော'' ဟု ဦးသန်းလွင်က ဆက်လက်ပြောကြားသည်။

ယင်းအပြင်ထိုသို့ငွေစက္ကူအသစ်များထပ်မံရိုက်နှိပ်၍ ငွေစက္ကူအဟောင်းများအား ပြန်လည်သိမ်းဆည်းနိုင်ကာ ငွေကြေးပုံမှန်လည် ပတ်စီးဆင်းမှုရှိပါက ငွေကြေးဖောင်းပွမှုများ မဖြစ်ပေါ်စေနိုင်ကြောင်း၊ ယင်းအပြင် ဗဟို ဘဏ်နှင့်မြန်မာ့စီးပွားရေးဘဏ်များမှဆောင် ရွက်လျက်ရှိသည့် ငွေစက္ကူအဟောင်းနှင့်အကြွေ လဲလှယ်ရေးလုပ်ငန်းများအား ယခုထက်ပိုမို ၍ အောက်ခြေအဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် လိုအပ်နေကြောင်း ယင်းကထပ် မံသုံးသပ်ပြောကြားသည်။

အချုပ်အားဖြင့်ဆိုရသော် ငွေစက္ကူအ ဟောင်းများ ဈေးကွက်အတွင်းနှင့် ပြည်သူများ အကြား လည်ပတ်စီးဆင်းနေခြင်း၊ ငွေအကြွေ ရှားပါးလာမှုပြဿနာအား ဖြေရှင်းခြင်းများဆောင် ရွက်ရာတွင် ငွေစက္ကူအသစ်များ ပြည်သူများ လက်ဝယ်ရောက်ရှိသုံးစွဲနိုင်စေရေးနှင့် အ
ကြွေရှားပါးမှုပြဿနာများပြေလည်စေရေးအ တွက် အောက်ခြေအဆင့်ထိငွေစက္ကူအ ဟောင်းများအား ကျယ်ကျယ်ပြန့်ပြန့်လဲလှယ် နိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ရန်မှာ အမှန်တကယ်လိုအပ်လျက်ရှိနေသည်။

ယင်း အပြင် ဗဟိုဘဏ်မှထုတ်ဝေသောငွေစက္ကူအသစ် များအား ပြည်သူများလက်ဝယ်သို့မရောက်ရှိ ဘဲပြင်ပငွေလဲလှယ်ရေး မှောင်ခိုဈေးကွက်များ အတွင်း ရောက်ရှိနေခြင်းများကိုလည်း သက်ဆိုင် ရာမှ စနစ်တကျစုံစမ်းဖော်ထုတ်အရေးယူမှု များပြုလုပ်ရန်လိုအပ်လျက်ရှိပါကြောင်း အကြံ ပြုရေးသားတင်ပြလိုက်ရပါသည်။

- သူ ရိန် မိုး

#Democracytoday


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.452793

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...