စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်းရဲ့ လီရှန်လွန်းနဲ့ အတူ Selfie



စင်ကာပူ ၀န်ကြီးချုပ် မစ္စတာ လီရှန်လွန်းလည်း Selfie ရိုက်ကူးတာ ၀ါသနာပါတယ်ဆိုတဲ့ မှတ်တမ်း တခုပါ။ စင်ကာပူနိုင်ငံ ဆန်တိုဇာကျွန်းမှာရှိတဲ့ Madame Tussauds Singapore ပြတိုက်ထဲမှာ စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်း ရဲ့ ဖယောင်းရုပ်တုနဲ့ အတူ လီရှန်လွန်က သူ့ရဲ့ အသစ်စက်စက် အိုင်ဖုန်းနဲ့ အမှတ်တရ Selfie ဓာတ်ပုံရိုက် ပြီး ဖေ့စ်ဘုတ်မှာ တင်ခဲ့ပါတယ်။

ဓာတ်ပုံ- စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ

စမတ်ဖုန်းတွေ ခေတ်စားလာတာနဲ့အမျှ နိုင်ငံ့ခေါင်းဆောင်တွေလည်း ထင်ပေါ်ကြော်ကြားသူတွေလို Selfie ဓာတ်ပုံ ရိုက်ကူးလာတာဟာ Trend တခုဖြစ်လာတယ်လို့ ပြောရမလိုပါဘဲ။

အခုလို ၀န်ကြီးချုပ် လီရှန်လွန်းအစစ်နဲ့ အတု တို့ရဲ့ ဓာတ်ပုံဟာ တမျိုးဆန်းသစ်တဲ့ Selfie တခုလည်း ဖြစ်နေ ပါတယ်။

ဆန်တိုဇာက ပြတိုက်ထဲမှာ နိုင်ငံတကာနဲ့ ဒေသတွင်းက ထင်ရှားကြော်ကြားသူတွေ၊ နိုင်ငံရေး
ခေါင်းဆောင်တွေရဲ့ ဖယောင်း ရုပ်တုတွေလည်း ရှိကြပါတယ်။

စင်ကာပူနိုင်ငံရဲ့ ပထမဆံးသမ္မတကြီး မစ္စတာ Encik Yusof Ishak အပါ အ၀င် Fandi Ahmad နဲ့ Phua Chu Kang တို့ရဲ့ ဖယောင်းရုပ်တုတွေလည်း ရှိပါတယ်။ စင်ကာပူရဲ့ ယဉ်ကျေးမှု ပြယုဂ်တွေနဲ့ အထိမ်း အမှတ်တွေလည်း ပြတိုက်မှာထားရှိတာပါ။

အခုလို စင်ကာပူနိုင်ငံက ဖယောင်းရုပ်တုတွေနဲ့ ဂုဏ်ပြုထားနိုင်တာကို ၀န်ကြီးချုပ် လီရှန်လွန်းက ဂုဏ်ယူကြောင်းလည်း သူ့ဖေ့စ်ဘုတ်မှာ ရေး ထားပါတယ်။

အိမ့်သံစဉ် ~

ဧရာဝတီ


https://www.facebook.com/royalheromedia/photos/a.452811328083074.110728.4527936

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...