စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“နိုင်ငံတကာတက္ကသိုလ်ပေါင်း (၅ဝ)ကျော်မှပညာရေးသတင်း အချက်အလက်များ ရယူနိုင်မည့်GLOBAL EDUCATION EXHIBITION 2014”




ယူကေ-ဆွစ်ဇာလန်-အမေရိကန်-သြစတြေးလျ-နယူးဇီလန်-စင်ကာပူ-ဘန်ကောက်-
တရုတ်နိုင်ငံတို့မှတက္ကသိုလ်စုစုပေါင်း(၅ဝ)ကျော်တို့၏ပညာရေး သတင်းအချက်များကို
ရှင်းလင်းပြောကြားမည့်"Global Education Exhibition 2014" ကို အောက်တို ဘာ(၂၄)၊သောကြာနေ့ ၊ နံနက်(၁ဝ)နာရီမှနေ့လည်(၁)နာရီထိ၊ ရန်ကုန်မြို့၊ Summit Parkview Hotel တွင်လည်းကောင်း၊ အောက်တိုဘာ(၂၆)တနင်္ဂနွေနေ့၊ မွန်းလွဲ (၂)နာရီမှညနေ(၅)နာရီ ထိမန္တလေးမြို့ Hotel Mandalay (Ballroom)တွင်ကျင်းပမည်ဖြစ်ရာ မည်သူမဆိုအခမဲ့  တက်ရောက်လေ့လာနိုင်ကြောင်း၊အဆိုပါပြပွဲကိုစီစဉ်သည့် CROWN Education ၏
တာဝန်ရှိ သူတစ်ဦးမှ ပြောကြားသည်။

အဆိုပါပညာရေးပြပွဲတွင် စင်ကာပူမှ(၁ဝ)ကျောင်း၊ ယူကေပညာရေး အဖွဲ့အစည်းကြီး၏
ကိုယ်စားပြု ကျောင်းများပါဝင်သည့် တက္ကသိုလ်ကျောင်းပေါင်း(၂၆)ကျောင်း၊ အမေရိကန်မှ
(၁၂) ကျောင်း၊သြစတြေး လျနှင့်နယူးဇီလန်ကိုယ်စားပြုကျောင်း(၈)ကျောင်း၊ ဘန်ကောက်နှင့် ဆွစ်ဇာလန်မှ(၁)ကျောင်းစီ၊ တရုတ်မှ(၂)ကျောင်း ပါဝင်မည်ဖြစ်ပြီးသက်ဆိုင်ရာကျောင်း များမှတာဝန်ရှိသူများကိုယ်တိုင်နိုင်ငံအလိုက်ပညာရေးစနစ်များ၊ဘာသာရပ်အလိုက်ကျောင်း ဝင်ခွင့်လိုအပ်ချက်များ၊ပညာသင်ထောက်ပံ့ကြေး လျှောက်ထားခြင်းများ အားဆွေးနွေး အကြံညဏ်ပေးမည်ဖြစ်ပါသည်၊၊

အဆိုပါပြပွဲတွင်အောက်ပါသတင်းအချက်အလက်များကိုရယူနိုင်မည်ဖြစ်ပါသည်၊၊

● မြန်မာနိုင်ငံတွင် အမှတ်မမှီ၍ဆရာဝန်လိုင်းတက်ရောက်ခွင့်မရ၍ဖြစ်စေ၊ နိုင်ငံတကာ
အသိအမှတ်ပြု MBBS တက်ရောက်လို၍ဖြစ်စေ၊ ကုန်ကျစရိတ်သက်သာစွာဖြင့်
ဆုံးတက်ရောက်နိုင်မည့် MBBS ကျောင်း၊မြန်မာနိုင်ငံမှ MBBS, Pharmacy,
သွားဆရာဝန်ဘွဲ့ရများအတွက်ဘွဲလွန်ဆေးပညာဘာသာရပ်များ….

● ကုန်ကျစရိတ်သက်သာစွာဖြင့် ဘန်ကောက်တွင်တက်ရောက်နိုင်မည့် Civil Engineering,
IT,Business ကျောင်းများနှင့် အလုပ်အကိုင်မပျက်ပဲ သိန်း (ရဝ)ကျော်ခန့်ဖြင့်ဘန်ကောက်
တွင်တက်ရောက်နိုင်မည့် MBA

● ပြပွဲအတွင်းကျောင်းအပ်သူများအတွက် (ကျောင်းသားနှင့် မိဘအပါအဝင်) Myanmar Apex
Bank မှနိုင်ငံတကာတွင်သုံးနိုင်မည့် Visa ကဒ်များ အခမဲ့ပြုလုပ်ပေးမည်အစီအစဉ်

● သြစတြေလျသံရုံးမှ လာရောက်ရှင်းလင်းပြောကြားမည့် မြန်မာနိုင်ငံကျောင်းသား
များအတွက် AusAID ပညာသင်ဆုများ……

● မြန်မာနိုင်ငံမှ HND Civil, Electronic, Mechanical, Business, IT ကျောင်းသားများ
အတွက်အင်္ဂလန်တွင် BE Civil အချိန်တိုတွင်း တက် ရောက်နိုင်မည့် ကျောင်းများ…

● မြန်မာနိုင်ငံမှ (၉ )တန်းအောင်ကျောင်းသားများ iGCSE/A Level/များမလိုအပ်ပဲ ဆက်လက်
တက်ရောက် နိုင်မည့်ကျောင်းများ, International School များမှာ Grade 8,9,10
ကျောင်းသားများကိုတိုက်ရိုက်လက်ခံမည့်နိုင်ငံတကာမှကျောင်းများ

● စင်္ကာပူအစိုးရတက္ကသိုလ် NUS, NTU, SMU နှင့် ပိုလီများသို့ ဝင်ခွင့်ပြင်ဆင်ပေးမည့်
ကျောင်းများ ပါဝင်ပြသသွားမည်ဖြစ်ပါသည်၊၊

ပြပွဲတွင်ပါဝင်မည့်ကျောင်းများစာရင်းကို www.crown-education.com တွင်ဝင်ရောက် ကြည့်ရှုနိုင်ပြီးပြပွဲတက်ရောက်လေ့လာသူတိုင်းအား"နိုင်ငံတကာပညာရေးလမ်းညွှန်(၂ဝ၁၅)
စာအုပ်"သစ်အခမဲ့ပေးအပ်သွားမည်ဖြစ်ကာ Global Education Exhibition” သို့တက်ရောက် လိုပါက ဖုန်း ဝ၁ ၅၂၇ ၈၃၈ နှင့် ဝ၉ ၇၃၂၇၃၂၇၇ သို့ ဆက်သွယ် စာရင်းပေး သွင်းနိုင်ပါသည်။
 
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...