စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဟောင်ကောင် Mr. Asia ပြိုင်ပွဲဝင်တဲ့ မိုးကုတ်သား ၊ မြန်မာ ဆုအများဆုံးရရှိ

ဟောင်ကောင်မှာ ကျင်းပတဲ့ MISTER ASIA 2014  မောင်ပြိုင်ပွဲ ဒီကနေ့ပဲ ပြီးစီးသွားပါပြီ။

ဆုပေါင်း ၁ဝ ဆု သတ်မှတ်ထားရာမှာ   မြန်မာပြည်က  ဝင်ပြိုင်သူကတော့ Khar Ra (ခေါ်) မျိုးထွဋ်နိုင်က ၅ ဆု ယူခဲ့တယ်လို့ ဆိုတယ်။

ပထမ ရရှိသွားသူကတော့ တရုတ်ပြည်ကပါ။
မြန်မာကတော့ ဒုတိယ ရပါတယ်။

Mr. Asia ပြိုင်ပွဲကြီးမှာ ဆုအများဆုံးရရှိခဲ့ပြီး အာရှမှာ ထင်ရှားခဲ့တဲ့ Mr. Asia Myanmar - Khar Ra ဆုများ တစ်ပွေ့ တစ်ပိုက်နဲ့ အတူ မြန်မာပြည်သယ်လာတော့မည်... လို့ သူ့ရဲ့ အေဂျင်စီက ဆိုပါတယ်။

* Mr. Asia - Second Runner Up
* Viewers' Choice Winner (Mr. Popularity)
* Mr. Charismatic Award
* Mr. Gorgeous Award
* Missosology 's Top Favourite
ဆိုတဲ့ ဆုတွေကို ရခဲ့ပါတယ်။

http://blog.irrawaddy.org/2014/10/mr-asia_17.html





ဟောင်ကောင်မှာ ကျင်းပတဲ့ မောင်ပြိုင်ပွဲကို ဝင်ပြိုင်သူကတော့ Khar Ra (ခေါ်) မျိုးထွဋ်နိုင် ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ရက်တွေအတွင်း အစပြုခဲ့တဲ့ ပြိုင်ပွဲမှာ သူ ရရှိထားတဲ့ဆုကတော့ Mr. Asia Popularity Award ဖြစ်ပါတယ်။

မိုးကုတ်သား၊ ရှမ်း-မြန်မာ မျိုးထွဋ်နိုင်က အသက် ၂ဝ၊ အရပ် ၆ ပေ ၃ လက်မ။
သီချင်းဆို၊ မြန်မာအက တို့ကို စိတ်ဝင်စားတယ်လို့ ဆိုပါတယ်။

 သူ့ရဲ့ ပြိုင်ပွဲဆိုင်ရာ ဓာတ်ပုံများကို ကူးယူ ဖော်ပြလိုက်ပါတယ်။

 








တတ


http://blog.irrawaddy.org/2014/10/mr-asia.html 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...