စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အီဘိုလာ တိုက်ဖျက်ရေးအတွက် Facebook တည်ထောင်သူ ဇူကာဘာ့ဂ် ဒေါ်လာ (၂၅)သန်း လှူ


Photo- Themalaysianinsider

Facebook ဝက်ဘ်ဆိုက် ထူထောင်သူ မာ့ခ်ဇူကာဘာ့ဂ်နှင့် ဇနီးဖြစ်သူ ပရစ်စီလာချန်တို့သည် အီဘိုလာရောဂါ တိုက်ဖျက်ရေး ကဏ္ဍအတွက် ဒေါ်လာ(၂၅)သန်း ထည့်ဝင် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ယခုနှစ်အတွင်း အနောက်အာဖရိက နိုင်ငံများတွင် စတင်ကူးစက်လာပြီး ကမ္ဘာ့ကျန်းမာရေး ပြဿနာကြီး တစ်ခုသဖွယ် ကျယ်ပြန့်လာသည့် အီဘိုလာ ရောဂါကို ထိန်းချုပ်နိုင်အောင် ကြိုးပမ်းနေသည့် CDC ဖောင်ဒေးရှင်း ရန်ပုံငွေ အဖွဲ့သို့ ဇူကာဘာ့ဂ်တို့ ဇနီးမောင်နှံက ငွေကြေးလှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ဇူကာဘာ့ဂ်တို့ လှူဒါန်းသည့် ငွေကြေးများကို အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဌာနမှတစ်ဆင့် ဂီနီရာ၊ လိုက်ဘေးရီးယား၊ ဆီအာရာလီယွန် နိုင်ငံများရှိ အီဘိုလာ ကုသရေး စင်တာများသို့ ခွဲဝေပေးသွားမည်ဟု CDC ဖောင်ဒေးရှင်းက ကြေညာသည်။

အီဘိုလာရောဂါသည် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေပြီဖြစ်ကြောင်း အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက မှတ်ချက်ပြုခဲ့ဖူးပြီး အမေရိကန် ဆေးရုံများတွင်လည်း အီဘိုလာ ကုသရေးဆိုင်ရာ ကိရိယာများကို တပ်ဆင်လျက် ရှိသည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ယခုနှစ်အတွင်း အီဘိုလာကြောင့် သေဆုံးသူ ဦးရေသည် (၄၀၀၀)ကျော်သွားပြီဟု ကြေညာထားသည်။

နည်းပညာ နယ်ပယ်မှ ကျော်ကြားသူများအနက် Microsoft ကော်ပိုရေးရှင်း ပူးပေါင်းတည်ထောင်သူ ပေါလ်အလန်သည်လည်း ပြီးခဲ့သည့် လအတွင်းက အီဘိုလာ တိုက်ဖျက်ရေးအတွက် ဒေါ်လာ(၉)သန်း လှူဒါန်းခဲ့ဖူးကြောင်း သိရသည်။
_Ref: ABC

http://7daydaily.com/story/22829#.VD_Q32OM-Sp

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...