စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မျက်နှာ သစ်ရာတွင် အမှတ်မထင် လုပ်မိတတ်သော အမှား (၁၀) ချက်


 

မျက်နှာ သစ်တာကို တော်တော် များများက အသေးအမွှား ကိစ္စတစ်ခု အနေနဲ့သာ သဘောထား ကြပါတယ်။ ဒါပေမဲ့ မျက်နှာ အသားအရေ ခြောက်သွေ့ခြင်း၊ အဆီပြန်ခြင်း၊ ယားယံခြင်း စတဲ့ အရေပြား ပြဿနာတွေဟာ မှားယွင်းတဲ့ မျက်နှာသစ်တဲ့ အပြုအမူတွေကြောင့် ဖြစ်ပါတယ်။

၁။ မျက်နှာသစ် ဆပ်ပြာ အမျိုးအစားကို ရွေးချယ်ခြင်း။

သင့်တော်တဲ့ မျက်နှာသစ် ဆပ်ပြာဟာ ဖုန်မှုန့်၊ မိတ်ကပ်နဲ့ ချေးညှော်တွေကို လုံးဝသန့်စင် ဖယ်ရှားနိုင်ပြီးတော့ သင့်မျက်နှာပေါ်က ကောင်းမွန်တဲ့ ဆဲလ်တွေနဲ့ သဘာဝ အဆီတွေ ကိုတော့ ချန်ထားပါတယ်။ အဲဒီလို မျက်နှာသစ် ဆပ်ပြာမျိုးကို ရွေးချယ်ပါ။ မျက်နှာသစ်တဲ့ အခါ နှစ်ခါထပ်သစ်ပါ၊ ခပ်ဖွဖွလေး ဆေးကြော သန့်စင်ပါ။

၂။ အလွန်အကျွံ မျက်နှာသစ်ခြင်း။

တစ်နေ့ကို မျက်နှာ တစ်ကြိမ်၊ နှစ်ကြိမ် သစ်တာက ကောင်းမွန် စေပေမယ့် ဒီထက် ပိုရင်တော့ အရေပြားကို ထိခိုက်စေပြီး အဆီပိုပြန် စေတတ်ပါတယ်။ တစ်နေ့လုံး ချွေးမထွက်၊ မိတ်ကပ်၊ နေရောင်ကာ လိမ်းဆေး မလိမ်းထားဘူး ဆိုရင် ညဘက်မှာ မျက်နှာသစ် ဆပ်ပြာ မသုံးပါနဲ့၊ ကြက်သီးနွေး ရေနဲ့သာ သစ်ပါ။ သင့် မျက်နှာကို ဓာတုပစ္စည်းတွေနဲ့ ခဏတာ အဆက်ဖြတ်တာက အသားအရေကို ပိုကျန်းမာစေပါတယ်။

၃။ ရေအပူချိန်

ရေနွေးဟာ ချွေးပေါက်တွေကို ဖွင့်ပေးပြီး ရေအေးကတော့ ချွေးပေါက် ပိတ်စေပါတယ်။ ရေအရမ်း ပူလွန်းရင်လည်း မျက်နှာပြင်က အကျိုးပြု အဆီတွေကို ဖယ်ပစ်ပြီး အရေပြား ခြောက်သွေ့ စေပါတယ်။ ကြက်သီး နွေးရေသာ အသင့်တော်ဆုံး ဖြစ်ပါတယ်။

၎။ အရေပြားကို လွန်ကဲစွာ ပွတ်တိုက် ဂျီးချွတ်ခြင်း။

အရေပြားကို ဂျီးချွတ်တာက ဆဲလ် အသေတွေကို ဖယ်ရှား နိုင်ပေမယ့် တော်သင့်ရုံ လုပ်တာပဲ ကောင်းပါတယ်။ ဂျီးချွတ်လျှင်လည်း သကြားတို့၊ သစ်သီးတို့ကို သုံးပါ။ တစ်ပတ်ကို အလွန်ဆုံး နှစ်ကြိမ်၊ သုံးကြိမ်ပဲ ဂျီးချွတ်တာ ကောင်းပါတယ်။ ဂျီးချွတ်တဲ့ အခါ မျက်နှာ အရေတွန့်ခြင်း မှ ကာကွယ်နိုင်အောင် အ၀တ်စ အစား လက်ချောင်းတွေကိုပဲ သုံးပါ။

၅။ မျက်နှာ ဘယ်လိုသစ်မလဲ

မျက်နှာကို သေသေချာချာ မသစ်တာက အညစ်အကြေး အကြွင်းအကျန်တွေကို စုပုံ လာစေပြီး ချွေးပေါက် ပိတ်စေပါတယ်။ မနက်ခင်းမှာ ဘယ်လောက်ပဲ အလျင် လိုနေပါစေ၊ ညဘက်မှာ ဘယ်လောက်ပဲ ပင်ပန်း နေပါစေ မျက်နှာကိုတော့ သေချာသစ်ပါ။ မေးရိုး တစ်ဝိုက်၊ ဆံပင် အစပ်နားနဲ့ နှာခေါင်းတစ်ဝိုက် ကိုလည်း သစ်ဖို့ မမေ့ပါနဲ့။

၆။ ပြင်းထန်တဲ့ ပါဝင် ပစ္စည်းများကို သုံးခြင်း။

အမွှေးရနံ့များ၊ အရောင်နှင့် ကြာရှည်ခံ ပစ္စည်းများ ပါဝင်သော မျက်နှာသစ် ဆပ်ပြာကို ရှောင်ပါ။ Sodium Lauryl Sulfate ပါရင် ဓာတ် မတည့်မှု ဖြစ်စေနိုင်လို့ ရှောင်သင့်ပါတယ်။ အရေးကြီးတာက မျက်နှာသစ် ဆပ်ပြာ ၀ယ်တိုင်း ပါဝင်ပစ္စည်း အညွှန်းကို အရင်ဖတ်ပါ။

၇။ မျက်နှာသုတ် ပ၀ါနဲ့ ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်း။

မျက်နှာကို မျက်နှာ သုတ်ပ၀ါ နဲ့ ကြမ်းတမ်းစွာ မပွတ်တိုက်ပါနဲ့၊ ညင်သာစွာ သုတ်ပါ။ မျက်နှာ သုတ်ပ၀ါနဲ့ ကြမ်းတမ်းစွာ ပွတ်တိုက်ခြင်းဟာ အရေ တွန့်စေပါတယ်။ သင့်ရဲ့ သန့်ရှင်းသော မျက်နှာ အတွက် နူးညံ့ သန့်ရှင်းတဲ့ မျက်နှာ သုတ်ပ၀ါကို သုံးပါ။

၈။ အစိုဓာတ်ထိန်းခရင်မ် သုံးရန် စောင့်ခြင်း။

အစိုဓာတ်များများ စိမ့်ဝင်နိုင်စေရန် မျက်နှာသစ် ပြီးပြီးချင်း အရေပြား စိုစွတ်နေစဉ် အစိုဓာတ်ထိန်း ခရင်မ်လိမ်းပါ။ Serum တို့ကဲ့သို့သော တခြား အသားအရေ ထိန်းသိမ်းရေး ပစ္စည်းများကိုလည်း ထိုနည်းတူ သုံးပါ။ မျက်နှာ ရေခြောက်မှ လိမ်းခြင်းဟာ အသားထဲကို စိမ့်ဝင် မှုနည်းပါးစေပြီး အရေပြား စေးကပ်ကပ် ဖြစ်စေပါတယ်။

၉။ ငွေကြေး အများအပြား သုံးခြင်း။

မျက်နှာသစ် ဆပ်ပြာလေး တစ်ခု အတွက်နဲ့ ပိုက်ဆံ အများကြီး မသုံးသင့်ပါ။ ရိုးရိုးရှင်းရှင်း နှင့် သဘာဝ ပစ္စည်းတွေသာ သုံးထားတဲ့၊ သင့်မျက်နှာကို ကြာရှည် အထောက်အကူ ပြုမယ့် အမျိုးအစားကိုသာ ရွေးချယ်ပါ။

၁၀။ အဆီပြန်မှာကို ကြောက်ခြင်း။

အရင်က မျက်နှာ အဆီပြန်တာဟာ ချွေးပေါက် ပိတ်စေတယ်လို့ ယူဆ ခဲ့ကြပေမယ့် အခုတော့ ဒီ အယူအဆက ပြောင်းလဲ သွားပါပြီ။ ကျွမ်းကျင် ပညာရှင်တွေက မျက်နှာကို ဆီသုံးပြီး သန့်စင်တာဟာ ပင်ကို အဆီပြန်တဲ့ မျက်နှာကိုတောင် အကျိုးရှိ စေတယ်လို့ ဆိုပါတယ်။

သဘာဝ အဆီများ၊ အပင်မှ ထုတ်ယူထားသော ဆီ၊ ဗာဒံဆီ၊ ဆီးသီး အစေ့ဆီ၊ စပျစ်သီး အစေ့ဆီ၊ နေကြာစေ့ဆီ စသည် ဆီများဟာ ချွေးပေါက်ရှိ ဖုန်မှုန့်များ နှင့် ဘက်တီးရီးယားများကို ဖယ်ရှားနိုင်ပါတယ်။ (အုန်းဆီနှင့် သံလွင်ဆီ တို့က တချို့သော သူများနှင့် ဓာတ် မတည့်တတ်ပါ။) ထိုဆီများ နှင့် မျက်နှာကို လိမ်းကာ ရေနွေးထဲတွင် နှစ်ထားသော အ၀တ်နှင့် ညင်သာစွာ ပြောင်စင်အောင် သုတ်ပါ။


 http://www.lyhealthcare.com/topics/အလှအပ/
messenger 


https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741828.34

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...