စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အားရှိတဲ့အချိန်မှာ ခုန်လိုက်ပါ


              
ဒီနေ့လည်း အွန်လိုင်းပေါ်မှာ ဖတ်မိတဲ့အကြောင်းလေးတစ်ခုကို ပြောပြချင်ပါတယ် … ဖားတစ်ကောင်ကို ရေဇလုံတစ်ခုထဲမှာ ထည့်ပြီးတော့ အဲဒီရေ ဇလုံကို အပူပေးပါတယ် … ။ စစခြင်းတော့ သိပ်ပြီးမပူသေးတော့ ဖားက အဆင်ပြေပါတယ် … တော်တော်လေးပူလာတဲ့အထိ ဖားက ဇလုံထဲမှာ ဆက်နေပါသေးတယ် … နောက်ဆုံးဘယ်လိုမှ မခံနိုင်တော့တဲ့ အချိန်ကျတော့မှ ဖားဟာ ရေဇလုံထဲက ခုံထွက်ဖို့ ကြိုးစားပါတယ် … ။ ဒါပေမယ့် သူဟာ ခုံမထွက်နိုင်တော့ဘဲ သေပွဲဝင်သွားရပါတယ် … ။ 


ဘာကြောင့်လဲဆိုတော့ သူက အားမှ မရှိတော့တာ … ဒီအကြောင်းအရာလေးကို ဖတ်ပြီးတဲ့အခါ ဘာကြောင့် ဖားက သေးတာလဲဆိုရင် ယေဘုယျအနေနဲ့တော့ အပူကြောင့်သေတယ် လို့ ပြောနိုင်ပါတယ် … ။ ဒါပေမယ့် သေသေချာချာ စဉ်းစားကြည့်လိုက်ရင် အပူကြောင့်မဟုတ်ဘဲ သူရဲ့ဆုံးဖြတ်ချက် အမှားကြောင့်ပါလို့ စာရေးသူက ဆိုထားပါတယ် … ။ ဟုတ်ပါတယ် … ဒါဟာ တကယ့်အမှန်တရားပါ တကယ်ဆိုရင် သူ့မှာ ခုန်နိုင်တဲ့ စွမ်းအား ရှိတဲ့အချိန်ကတည်းက ခုန်ထွက်ဖို့ ဆုံးဖြတ်ရမှာပါ …. ။ ခုန်ထွက်ဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ နောက်ကျနေပါပြီ … သူ့မှာ စွမ်းအားတွေ မရှိတော့ပါဘူး … ။

ဒါဆိုရင် ကျွန်တော်တို့တစ်တွေကရော ဘဝဒုက္ခတွေကြားမှာ … လုပ်ငန်းခွင် အခက်အခဲ တွေကြားမှာ ဘယ်လောက် ရှည်ကြာနေကြပြီလဲ … ? အလုပ်တစ်ခုကို စလုပ်လိုက်တဲ့အချိန်မှာတော့ အကြောင်းအမျိုးမျိုး တွေကြောင့် ကျွန်တော်တို့တစ်တွေဟာ စိတ်တိုင်းကျရွေးချယ်ဖို့ အခွင့်အလမ်း မရခဲ့ပါဘူး … ။ ဒါပေမယ့် အဲဒီအလုပ်ကို လုပ်နေရင်းနဲ့ ဒီအလုပ်ဟာ ကိုယ့်အတွက် အဆင်ပြေမယ့် ပတ်ဝန်းကျင်လား ဆိုတာကို သုံးသပ်ဖို့လိုပါတယ် … ။ အဆင်မပြေနိုင်တဲ့ ပတ်ဝန်းကျင်ဆိုရင်တော့ လုပ်နိုင်ကိုင်နိုင်တုန်းမှာ ရုန်းထွက်နိုင်ဖို့ ကြိုးစားသင့်ပါတယ် … ။ ရုံးထွက်ဖို့ ကြိုးစားတဲ့ အချိန်မှာ ကြုံရနိုင်တဲ့ Risk တွေလည်း ရှိပါတယ်…။ အဲဒီအကြောင်းတွေကို “ရုန်းထွက်နိုင်ဖို့ ကြိုးစားပါ” ဆောင်းပါးမှာ အသေးစိတ် ရေးခဲ့ပါပြီ … ။

အလုပ်တစ်ခုကို လုပ်လိုက်ပြီဆိုတာနဲ့ အကြောင်းကြောင်းတွေကြောင့် ရုံးမထွက်နိုင်ဘဲ နစ်နေတတ်ပါတယ် … ကိုယ့်အတွက် အဆင်ပြေတဲ့ ပတ်ဝန်းကျင်နေရာမှာ အချိန်အကြာကြီး မြှပ်နှံလိုက် ရင်တော့ အကျိုးရှိနိုင်ပေမယ့် အကျိုးမရှိနိုင်တဲ့ ပတ်ဝန်းကျင်မှာ မြှပ်နှံမိရင်တော့ အထက်က ဖားလို အဖြစ်မျိုးတွေ ကြုံတွေနိုင်ပါတယ် … ။

အဆင်မပြေမှန်သိလျက်နဲ့ ရုန်းမထွက်ဖြစ်ကြတာ တစ်ခုက ထပ်တွေ့ရမယ့် Risk တွေ Challenge တွေကို စိုးရိမ်ကြောင့်ကြနေတာလည်း ပါသလို ဒီမှာများ အဆင်ပြေလာ မလားလို့ မျှော်လင့်နေတာလည်း ပါ ပါလိမ့်မယ် … ။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အမှန်ကို မြင်နိုင်ဖို့လိုပါတယ် … ။ အမှန်ကိုမြင်ပြီးရင် ဆုံးဖြတ်ချက်ကို အချိန်မှန်ချနိုင်ဖို့ လိုပါတယ် … ဆုံးဖြတ်ချက်ချပြီး ပြီဆိုရင်လည်း အချိန်မဆိုင်းဘဲ အကောင်အထည် ဖော်နိုင်ဖို့ လိုပါတယ် … ။ ဒါမှသာ ကိုယ်နဲ့ သင့်တော်တဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်ကြမှာပါ … ။

စာဖတ်သူများ အနေနဲ့ ကိုယ့်နေရာကို ကိုယ်က အသေအချာ သုံးသပ်ပြီးလို့ အဆင်မပြေတော့ဘူး ဆိုရင် အားအင်မကုန်ခန်းခင် … အရွယ်မလွန်ခင် အချိန်ရှိတုန်း … စွမ်းအားရှိတုန်း ခုန်ထွက်လိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေ …
 

အောင်ကိုဦး(UMK)
Be the Best !

Credit to : [https://www.facebook.com/aungkouumk]


https://www.facebook.com/books4friends/photos/a.238058026339423.1073741828.23800

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...