စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“စိတ်ဆိုးရင် မှန်ကြည့်၊အမှန်အတိုင်း သိမြင်၏”


 
 
မှန်ဆိုတာ ကိုယ့်အခြေအနေကိုအမှန်အတိုင်း သိရှိစေတဲ့ပစ္စည်းပဲ။
မှန်ထဲကြည့်လိုက်မယ်ဆိုရင် ကိုယ်မျက်နှာ“ညစ်ပတ်နေသလား ?သန့်ရှင်းနေသလား ?
ဆိုတာ သိနိုင်သလို၊“ပြုံးနေသလား ? မဲ့နေသလား ?
ဆိုတာလည်း သိနိုင်တယ်။ဒီအတိုင်းပဲ -“စိတ်ကောင်းနေသလား ?
စိတ်ဆိုးနေသလား ? ”ဆိုတာကိုလည်း သိနိုင်တယ်။

တကယ်လို့ ကိုယ်က စိတ်ဆိုးနေတယ်ဆိုရင်မှန်ထဲမှာ စိတ်ဆိုးနေတဲ့ ပုံ ပေါ်နေမှာပဲ။
အဲဒီ့အချိန်မှာ ဘယ်သူ့ကိုမှ ဘာမျှမပြောသေးဘဲ၊စိတ်ဆိုးနေတဲ့ပုံ ပျောက် သွားတဲ့အထိ
မှန်ကြည့်နေလိုက်ပါ။

စိတ်ဆိုးနေတဲ့ပုံ ပျောက်သွားတော့မှ ကိုယ်ပြောချင်တာတွေကို ပြောပေတော့
စိတ်မဆိုးတော့ဘူးဆိုရင် စကားလုံးလဲ မဆိုးတော့ဘူး။စကားသံတွေလည်း မဆိုးတော့ဘူး။
ချိုသာသွားမယ် ... ပြဿနာလည်း မဖြစ်တော့ဘူး။အားလုံးအဆင်ပြေသွားမယ်။
-【လေးအိမ်စု အရှင်ဝိစိတ္တသာရ】
Posted by
www.facebook.com/youngbuddhistassociation.mm
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...