

ကျားဘုရားကျောင်းဟာ ထိုင်းနိုင်ငံ ၊ အနောက်ပိုင်း ၊ ကန်ချာနာဘူရီ ပြည်နယ်ရဲ့ Saiyok လို့ အမည်ရတဲ့ ခရိုင်အတွင်းမှာ တည်ရှိပြီး မြန်မာနိုင်ငံရဲ့ တောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီး ၊ ကရင်ပြည်နယ် ၊ မွန်ပြည်နယ်တို့နဲ့ နယ်နိမိတ်ချင်း ထိဆက်နေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ အဆိုပါ ဘုရားကျောင်း ကို ၁၉၉၄ ခုနှစ်မှာ စတင် တည်ထောင်ထားတဲ့ ဗုဒ္ဓဘာသာ တောရဘုန်းတော်ကြီးကျောင်း တစ်ကျောင်းဖြစ်ပါ တယ်။
၁၉၉၉ ခုနှစ်မှာ ဘုရားကျောင်းရဲ့ အနီးနားမှာရှိတဲ့ ရွာတစ်ရွာကနေပြီး ပထမဆုံး အဖြစ် ကျားသားပေါက်လေးတစ်ကောင်ကို စတင်လက်ခံကာ မွေးမြူခဲ့ပေမယ့် မကြာခင်မှာပဲ သေဆုံးသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကျားပေါက်လေး များစွာကို လက်ခံရရှိပြီး ဆက်လက်မွေးခဲ့ကြပါတယ်။ ယခု ၂၀၁၄ ခုနှစ်မှာတော့ ကျားအရေအတွက် စုစုပေါင်း ၁၃၅ ကောင်ကျော်အထိကို မွေးမြူထားလျှက်ရှိပါတယ်။ အဆိုပါ ကျားအများစုဟာ အင်ဒိုချိုင်းနားကျား အမျိုးအစားများပဲ ဖြစ်ပါတယ်။ ထိုအပြင် ဘန်ဂယ်ကျား နှင့် မလေးရှားကျား တို့လဲ ပါဝင်ကြပါတယ်။
ထိုအပြင် အဆိုပါကျားဘုရားကျောင်းတွင် ကျားမျိုးစိတ်များစွာအပြင် အခြား သော ဥဒေါင်း ၊ သမင် ၊ ဒရယ် ၊ ဆိတ် ၊ မြင်း အစရှိသည့် သတ္တ၀ါများ ကိုလည်း မွေးမြူ ထိန်းသိမ်းထားပါသေးတယ်။
Ref : Wiki










https://www.facebook.com/yangonmediagroup/posts/862460037106251
No comments:
Post a Comment