စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







“အရှိကို အရှိအတိုင်း ဟောတာ ဖြစ်တယ်”



ဘယ်ခေတ်၊ ဘယ်အခါပဲဖြစ်ဖြစ် “ကမ္မနိယာမ”“The Law of Kamma” ကို ပြောင်းလို့ မရဘူး။
ကံတရားမှာ အခြံအရံ အကြောင်းတရား၊ “Conditions” တွေ ရှိသော်လည်း
ပင်မအကြောင်းတရားကိုသာ ဖော်ထုတ်ဟောထားတာ။

●အကုသိုလ်မှန်သမျှ သာဝဇ္ဇ - အပြစ်ရှိတယ်။
●ဒုက္ခဝိပါက - ဆင်းရဲတဲ့ အကျိုးကို ထုတ်လုပ်တယ်။
●ကုသိုလ်မှန်ရင် အနဝဇ္ဇ - အပြစ်ကင်းတယ်။
●သုခဝိပါက - ချမ်းသာသော အကျိုးကို ထုတ်လုပ်တယ်ဆိုတာ “The Law of Nature” ကို ဖော်ပြတာ။
“ဒါ အကုသိုလ်ဖြစ်စေ၊ ဒါ ကုသိုလ်ဖြစ်စေ ၊ဒါ မကောင်းမှုဖြစ်စေ” လို့ ဒီလို သတ်မှတ်ပေးတဲ့ သဘောမျိုး မဟုတ်ဘူး။အရှိကို မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က ဖော်ထုတ်ပြီး ဟောတာ။

မီးဟာ ဘုရားဖန်ဆင်းလို့ ပူတာ မဟုတ်ဘူး။ သဘာဝက ပူတာ။ အဲဒီပူတဲ့ မီးကို သွားထိရင် ပူမယ်၊
လောင်မယ်ဆိုတာ သူ့ရဲ့ Nature ပဲပေါ့။ သဘာဝကပေးတဲ့ အပြစ်ဒဏ်ကို
လူသားတစ်ယောက်ကဝင်ပြီး ခွင့်လွှတ်တယ်ဆိုတာ မဖြစ်နိုင်တဲ့ အရာတစ်ခုပဲပေါ့။
မဖြစ်နိုင်သော်လည်း လူတွေဟာ အလွယ်လမ်းကို ကြိုက်ကြတယ်လေ။ ကိုယ့်အားကိုယ်ကိုးရမယ်။
ကိုယ့်အလုပ် ကိုယ်လုပ်ရမယ်ဆိုတာကျတော့လူတွေက ပျင်းကြတယ်။ ပျင်းတော့ ကယ်တင်မယ်ဆိုတဲ့ ပုဂ္ဂိုလ်နောက်လိုက်ကြတယ်ပေါ့။

■ဒီကနေ့ခေတ်ပဲကြည့် “ဒီ ဓါတ်လုံးလေးဆောင်ထားရင် ၊ဒီ လက်ဖွဲ့လေး ဆောင်ထားရင် စီးပွားဥစ္စာတွေ
တိုးတက်တယ်။ သိဒ္ဓိပြီးတယ်” ဆိုရင် လိုက်ကြတာ အများကြီးပဲ။ ဒါက မြန်မာပြည်မှာ ဖြစ်တဲ့ နမူနာလေး
တစ်ခုကို ပြောပြတာ။ ယုံကြည်မှုရဲ့ နောက်ကို လိုက်နေကြတာ။ တကယ်ရတာ၊ မရတာ မသိဘူး။
ယုံကြည်မှုနဲ့ လိုက်နေကြတယ်။

■တစ်ချိန်တုန်းက ဟိုထိုင်းနိုင်ငံက ဆက်သွယ်လာတဲ့ကူးစက်လာတဲ့ ချဲထီဆိုတာတွေ၊ 
မြန်မာပြည်မှာ ဖြစ်နေတဲ့ နှစ်လုံးထီဆိုတာတွေ၊ နံပါတ်ပေးတဲ့ပုဂ္ဂိုလ်တွေကိုယုံကြတာပဲလေ။
နဲနဲလေးစဉ်းစားလိုက်ပေါ့။ပေါက်တဲ့နံပါတ် သူသိရင် သူပဲ ထိုးမှာပေါ့။
အဲဒီတော့ သူ့ဟာသူ ဘာဖြစ်လို့ မထိုးသလဲ။ သူများကို ဘာကြောင့် ထိုးခိုင်းသလဲ။
အဲဒီလောက်လေး စဉ်းစားလိုက်ရုံနဲ့ပဲ ဒါ မဟုတ်ဘူးဆိုတာ ထင်ရှားတာပေါ့။
သို့သော် ယုံတဲ့လူတွေက ယုံတာပဲလေ။အေး ဒါက နမူနာကို ပြောပြတာ။
ဘာသာတရားနဲ့ ပတ်သတ်ပြီးတော့လည်း “လက်တွေ့မကျတဲ့ အရာ”တွေကို လူတွေက ယုံနေကြတာပဲ။

ဗုဒ္ဓမြတ်စွာဟောတဲ့တရားမျိုးက ဒါမျိုး မဟုတ်ဘူး။“သွာက္ခာတ” မှန်မှန်ကန်ကန် ဟောထားတာ ဖြစ်တယ်။
အရှိကို အရှိအတိုင်း ဟောတာ ဖြစ်တယ်။ကောင်းတာကို ကောင်းတယ်၊ ဆိုးတာကို ဆိုးတယ်။
ကုသိုလ်ကို ကုသိုလ်၊ အကုသိုလ်ကို အကုသိုလ်၊ ကယ်တင်လို့ရရင် ကယ်တင်လို့ရတယ်။
မရရင် မရဘူး။ ဟော အမှန်အတိုင်း ဟောထားတာ အဲဒီ အမှန်အတိုင်း ဟောတဲ့ တရားဟာ “သွာက္ခာတ”။
 
-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ】
Posted by
www.facebook.com/youngbuddhistassociation.mm
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...