စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိန္ဒိယဘောလုံးသမားတဦးရဲ့ ဂိုးသွင်းပြီး ၀မ်းနည်းဖွယ်ဖြစ်ရပ်

Tuesday, October 21, 2014
အိန္ဒိယ ဘောလုံးကစားသမားတဦးဟာ သူ့ကန်သွင်းလိုက်တဲ့ ဂိုးအတွက် အောင်ပွဲခံ ဂျွမ်းထိုး လိုက်စဉ် ဒဏ်ရာရ သွားပြီးနောက် နောက်ဆုံး အသက်ပါ ဆုံးပါးသွားခဲ့ရပါတယ်။ 




အသက် ၂၃ နှစ်အရွယ် အိန္ဒိယ ဘောလုံးသမား Peter Biaksangzuala ဟာ အောက်တိုဘာလ ၁၄ ရက်
နေ့က Bethlehem Vengthlang အသင်းနဲ့ Chanmari West အသင်းတို့ ယှဉ်ပြိုင်ကစားကြရာမှာ ကန်သွင်း လိုက်တဲ့ ဘောလုံးက ဂိုးရသွားတာကို ပျော်ရွှင်စွာနဲ့ ဂျွမ်းထိုးစဉ်မှာ ဇက်ကျိုးသွားခဲ့ပြီး ဒဏ်ရာ ပြင်း ထန်စွာ ရသွားခဲ့ပါတယ်။ 

ဒါကြောင့် သူ့ကို  ဆေးရုံ အရေးပေါ် ပို့ခဲ့ပေမယ့် ကံမကောင်းစွာပဲ အောက်တိုဘာလ ၁၉ ရက်နေ့ကတော့ အသက်ဆုံး ပါးသွားခဲ့ရပါတယ်လို့ အေပီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ 

ဘောလုံးအဖွဲ့ချုပ်လည်း အတော်ပဲ အလွန်တော်တဲ့ ဘောလုံးအားကစားသမားတယောက်ရဲ့ အခုလို အဖြစ်ဆိုး အတွက် စိတ်ကောင်းဖြစ်နေကြရတယ်လို့သိရပါတယ်။

ဘောလုံးသမား ပီတာရဲ့ ၀မ်းနည်းဖွယ်ဖြစ်ရပ်မြင်ကွင်းကိုလည်း ယူကျုမှာ လူကြည့်များပြီး ကြည့်သူတွေ လည်း ၀မ်းနည်းစကားဆိုနေကြပါတယ်။ ....

  
/////
အိမ့်သံစဉ် ~ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...