စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သွားရင်းလာရင်း ဖုန်းအားသွင်းလို့ရမယ့် သဘာဝ ဘက်ထရီ



သဘာဝ ဘက်ထရီလို့ခေါ်ရတဲ့ အကြောင်းအရင်း ကတော့ သူဟာ ဘာ လျှပ်စစ် အားနဲ့မှ အားဖြည့်ထားစရာ မလိုအပ်တဲ့ ဘက်ထရီမို့လို့ ဖြစ်ပါတယ်။ သဘာဝ အတိုင်း လှုပ်ရှားမှုကနေ လျှပ်စစ်ဓာတ်အားကို မဖြစ်ဖြစ်အောင် ထုတ်ပြီး လျှပ်စစ် ဓာတ်အား အဖြစ် ဘက်ထရီထဲသို့ ထည့်သွင်းသိုလှောင်ပေးထား ပါတယ်။

ြေ

ခြေလှမ်းပေါင်း တစ်သောင်း လျှောက်ထားရင် ဖုန်းကို ၃ နာရီကြာ ဆက်တိုက် အသုံးပြုလို့ရအောင် အားပြည့်ပါတယ်။ ခြေလှမ်းပေါင်း တစ်သောင်း လျှောက် မယ့် အစား စက်ဘီးကို တစ်နာရီစာ မောင်းနှင်ရင်လည်း အားပြည့် ပါတယ်။ မဟုတ်ရင်လည်း မိနစ် ၃၀ စာ ပြေးလွှားခြင်းဖြင့်လည်း အားပြည့် ပါတယ်။ ယင်း အားဖြည့်စက်ရဲ့ အမည်က Ampy ဖြစ်ပါတယ်။ ဒီတော့ လက်မောင်း၊ ခြေထောက်၊ အိပ် ခန္ဓာကိုယ်က အဆင်ပြေတဲ့ နေရာမှာ ထပ်ဆင်၊ ထည့်သွင်းထားလို့ ရပါတယ်။ မိမိရဲ့ လှုပ်ရှားမှုများက သူ့ကို အားပြည့်စေပါလိမ့်မယ်။

စမတ်ဖုန်း အမျိုးမျိုး အပြင် အခြားသော ဒီဂျစ်တယ် ပစ္စည်းများကိုလည်း အားသွင်း နိုင်ပါသေးတယ်။ အသေးစိတ် အချက်အလက်ကို https://www.kickstarter.com/projects/1071086547/ampy-power-your-devices-from-your-motion မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
 

အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...