စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြတ်ဗုဒ္ဓ တရားတော် နှင့် လူဝတ်ကြောင်များး။





အနတ္တတရားအခန်းတွင် တွေ့ ရခဲ့ကြရသော ပရိဗိုဇ်ဝစ္ဆဂေါတက ပင် တချိန်က မြတ်စွာဘုရားအား အိမ်ရာ ထောင်သော လူဝတ်ကြောင်ယေင်္ကျားမိန်းမတို့ တွင် ဗုဒ္ဓ၏ အဆုံးအမကို နာယူလျက် အောင်မြင်စွာကျင့်သုံး ခြင်းကြောင့် နိဗ္ဗာန်ကို မျက်မှောက်ပြုကြသူများ ရှိပါသလောဟု တိုက်ရိုက်လျှောက်ထားမေးမြန်းဘူးလေသည်။

 
မြတ်စွာဘုရားက ….
“ အိမ်ရာထောင်သော လူဝတ်ကြောင် ယောင်္ကျားမိန်းမတို့ တွင် တစ်ဦးနှစ်ဦးမဟုတ်၊ တစ်ရာ နှစ်ရာ ငါးရာ မဟုတ် အလွန်ပိုမြောက်မြားလှသော လူဝတ်ကြောင် ယောင်္ကျားမိန်းမတို့  သည် အိမ်ထောင်သားမွေးပြုရင်း ဗုဒ္ဓ အဆုံးအမကို နာယူလျက် အောင်မြင်စွာ ကျင့်သုံးခြင်းကြောင့် နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးကြပေပြီ ” ဟု တိတိလင်းလင်း ထုတ်ဖော်ဟောကြားခဲ့ပေသည်။ {မဇ္ဈိမနိကာယ် ၁၊ (ပတစ)၊ စာမျက်နှာ ၄၉၀}

Vacchagotta the Wanderer, (whom we met earlier in the chapter on Anatta), once asked the Buddha straight-forwardly whether there were laymen and women leading the family life, who followed his teaching successfully and attained to high spiritual states. The Buddha categorically stated that there were not one or two, not a hundred or two hundred or five hundred, but many more laymen and women leading the family life who followed his teaching successfully and attained to high spiritual states. (Ibid., pp. 490 ff.)

(ဒေါက်တ်ာဝါလ်ပိုလာရာဟုလာအရှင်သူမြတ် ရေးသားပြုစုသော ‘What the Buddha Taught’ စာအုပ်ကို ဦးကိုလေး(ဇေယျာမောင်)မှ မြန်မာဘာသာပြန်ဆိုထားသည့် “မြတ်ဗုဒ္ဓဒေသနာ” စာအုပ် စာမျက်နှာ ၁၆၇ မှ ကူးယူ ဖေါ်ပြပူဇော်ပါသည်။)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...