စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆေးရုံက အပြေးပြိုင်ပွဲ



မိန်းကလေးငယ်လေး ၇ယောက် အပြေးပြိုင်ပွဲတွင် အပြေးပြိုင်ဖို့ အဆင်သင့် အနေထားတွင် ရှိနေသည်။ ရယ်ဒီ ဂိုး ဟု ဆိုကာ သေနတ်တစ်ချက် ဖောက်သံ ကြားလိုက် သည်နှင့် တစ်ပြိုင်နက် ဘာမှ မစဉ်းစားတော့ပဲ ပြေးကြပါတော့သည်။ သိပ်မကြာပါ ထို ၇ယောက် ထဲမှ တစ်ယောက်မှာ ချော်လဲ ဒူးပြဲကာ လဲသည့်နေရာတွင်ပင် အာပြဲကြီးနှင့် ထိုင်ငိုနေပါတော့သည်။ ဘာကိုမှ မတွေးပဲ ပြေးမြဲ ပြေးနေတဲ့ ကျန်တဲ့ ခြောက်ယောက်ကလည်း ငိုသံကြားတော့ ပြေးနေရာမှ ခဏရပ်ပြီး ပတ်ဝန်းကျင်ကို ခဏ စူးစမ်းလိုက်သည်။
 

အော် သူတို့ရဲ့ ပြိုင်ပွဲဝင်ဖော် တစ်ယောက် ချော်လဲသွားတာပဲ......

ထို့နောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အတိုင်အဖောက် ညီစွာ ချော်လဲနေတဲ့ သူတို့ သူငယ်ချင်းဆီ ပြေးလာကြသည်။ ထို့နောက် ထူပေးသည်။ ထို့နောက် အတူတူ လက်တွေတွဲကာ ပန်းဝင်ကြသည်။

ပွဲကြည့်သူတွေကတော့ ပါးစပ် အဟောင်းသား.........။ သူတို့ရဲ့ အုပ်ထိန်းသူ မန်နေဂျာ ကတော့ မအံ့သြ.........။ ပြိုင်ပွဲဝင် ခုနှစ်ယောက်လုံးမှာ စိတ်ကျန်းမာရေး ဆေးရုံမှ ဝေဒနာရှင်လေးများဖြစ်သည်။ သူတို့ကို ပျော်ရွှင်စေ ရန် ထိုပွဲလေးကို ကျင်းပပေးခဲ့ခြင်းသက်သက်သာ

ထို့ကြောင့် သူတို့မှာရှိတာက -

-အသင်းလိုက် ချစ်ခင် စည်းရုံးမှု
-အဖွဲ့အစည်း စိတ်ဓာတ်
-လူသားဆန်တဲ့ စိတ်ဓာတ်
-အားကစားသမား တစ်ယောက်ရဲ့ စိတ်ဓာတ်
-ချစ်ခြင်း မေတ္တာတ၇ား
-စောင့်ရှောက်မှု
-ဂရုစိုက်မှု
-သာတူညီမျှ တန်းတူ အခွင့်အရေး

ဒီမှာ သာမန်လူတွေဟာ ဒီပြိုင်ပွဲမှာ ပြိုင်ခဲ့ရင်

-လွန်ကဲနေတဲ့ အတ္တတွေ
-တစ်ဖက်စွန်းရောက်နေတဲ့ ခံယူချက်တွေ
-မျက်နှာဖုံးအောက်က ခန့်မှန်းလို့ မရတဲ့ စစ်မှန်မှုတွေ

ကဲ အဲ့တာတွေနဲ့ ပြည့်နေတဲ့ ပြိုင်ပွဲ အဆုံးသတ်က ခန့်မှန်းရလွယ်သွားပါပြီ
တစ်ယောက်မဟုတ် တစ်ယောက်တော့...............

.................
မမဖူးဖူး

www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164776

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...