စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဂျပန်နိုင်ငံမှ ရေပြာကန်





Mac OS X Mountain Lion အသုံးပြုဖူးသူတို့ ယခု မြင်တွေ့နေရတဲ့ ပုံကို စိမ်းမှာ မဟုတ်ပါဘူး။ ယင်းဟာ ပန်းချီဆွဲ၊ ပြုပြင်ဖန်တီးထားခြင်း မဟုတ်ပဲ တကယ့် အပြင်မှာ ရှိတဲ့ ကန်နေရပြင် တစ်ခု ဖြစ်ပါတယ်။ The Blue Pond လို့ အမည်ရပြီး ဂျပန်နိုင်ငံ Hokkaido ကျွန်းက Biei အမည်ရ မြို့ငယ်လေးမှာ ရှိနေတဲ့ မြစ်ကြောစပ် ကန်တစ်ကန် ဖြစ်ပါတယ်။

Tokachi ရေခဲတောင်နဲ့ နီးပါတယ်။ သူဟာ ရှေးယခင်တွေကတည်းက သဘာဝ အတိုင်း ပြာနေတာ ဖြစ်ပါတယ်။ ရေထဲမှာ ပါဝင်တဲ့ aluminum hydroxide ဒြပ်ကြောင့်မို့ ပြာနေခြင်း ဖြစ်ပြီး ရာသီဥတု အလိုက် အရောင် ပြောင်းပါတယ်။ အပြာရင့်ရောင်၊ အနုရောင်၊ အစိမ်းပုပ်ရောင်၊ အစိမ်းရောင် အစရှိသဖြင့် ရာသီဥတုပေါ် မူတည်လို့ အရောင်ကွဲပြားသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဂျပန်ကို အလည်လာရောက်သူ ကမ္ဘာလှည့်ခရီးသည်များဟာ သဘာဝအတိုင်း ထူးဆန်းလှပ နေတဲ့ ယင်း ရေကန်ကို သွားရောက် လေ့လာလေ့ ရှိကြ ပါတယ်။

ရေဟာ မီးတောင်နဲ့ နီးပြီး မီးတောင်မှ ချော်ရည်များကြောင့်လည်း ယခုလို ဖြစ်ရခြင်း ဖြစ်ကြောင်း အချို့က ခန့်မှန်းပြောဆိုပါတယ်။ ကန် နဲ့ ကန်မှာ အလေ့ကျ ပေါက်နေတဲ့ သစ်ပင်များကြောင့် ပန်းချီကား တစ်ချက်လို လှပနေခြင်း ဖြစ်ပါတယ်။ ဓာတ်ပုံများကို http://www.amusingplanet.com/2012/08/blue-pond-in-hokkaido-japan.html ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...