စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကားလမ်းမကြီးများ နှင့် မီတာ (၁၀၀) အတွင်း နေထိုင်သူများ သွေးတိုးရောဂါ ခံစားရနိုင်ခြေ ပိုများ


 

ကားလမ်းမကြီးများ အနီးတွင် နေထိုင် သူများတွင် သွေးတိုးရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများကြောင်း လေ့လာ တွေ့ရှိရသည်။
အမေရိကန် သုတေသီများက အဝေးပြေး လမ်းများ၊ အဓိက လမ်းမကြီးများ နှင့် မီတာ (၁၀၀) အတွင်း နေထိုင်သည့် အမျိုးသမီး များသည် အနည်းဆုံး မီတာ (၁၀၀၀) အဝေးတွင် နေထိုင် သူများထက် သွေးတိုး ရောဂါ ဖြစ်နိုင်ခြေ (၂၂) ရာခိုင်နှုန်း ပိုများကြောင်း လေ့လာ တွေ့ရှိခဲ့သည်။

လမ်းမကြီးများ အနီးတွင် နေထိုင်သည့် အသက် (၅၈) နှစ် အရွယ် အမျိုးသမီးသည် လမ်းမကြီးများ နှင့် အလှမ်း ကွာသည့် နေရာတွင် နေထိုင်သည့် အသက် (၆၀) အရွယ် အမျိုးသမီးနှင့် တန်းတူ နီးပါး သွေးတိုး ဖြစ်ပွား နိုင်ကြောင်းလည်း သုတေသနက ထောက်ပြသည်။
သွေးတိုး ရောဂါသည် နှလုံးရောဂါနှင့် လေဖြတ်ခြင်း အပါအ၀င် နှလုံး သွေးကြောဆိုင်ရာ ရောဂါများနှင့် ဆက်စပ်မှု ရှိကြောင်း သိရသည်။

လမ်းမကြီးများ အနီးတွင် နေခြင်း နှင့် သွေးတိုးရောဂါ မည်သို့ ဆက်စပ်သည်ကို အတိအကျ ဖော်ထုတ် နိုင်ခြင်း မရှိသေး သည့်တိုင် လမ်းမကြီးများ အနီးတွင် နေထိုင်ခြင်းကြောင့် လေထု ညစ်ညမ်းခြင်း နှင့် ဆူညံသံ ခံစားရခြင်း တို့သည် နှလုံးရောဂါ ဖြစ်စေသည့် အချက် များထဲတွင် ပါဝင်ကြောင်းကား ထင်ရှားသည်။

စစ်တမ်းတွင် ဆန်တီယေဂို မြို့ရှိ အသက် (၅၀) အထက် အမျိုးသမီး (၅၄၀၀) ပါဝင်သည်။ လေ့လာ သုတေသနကို ဘရောင်း တက္ကသိုလ် မှ ဒေါက်တာ ဂရီဂိုရီဝဲလီနတ်စ်နှင့် အဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဝေးပြေးလမ်းများ အနီးတွင် စီမံကိန်းသစ်များ ဖော်ဆောင်သည့် အခါ ထိုစီမံကိန်းများက အနီး ၀န်းကျင်တွင် နေထိုင် သူများ၏ ကျန်းမာရေးကို မည်ကဲ့သို့ ထိခိုက် စေကြောင်းကို ထည့်သွင်း စဉ်းစား သင့်ကြောင်း ဒေါက်တာ ၀ဲလီတ်နတ်စ် က ပြောသည်။



 http://www.searchmyanmar.com/link/frame/cid/42534
https://www.facebook.com/lyhealthcare/photos/a.345112345631447.1073741828.344732

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...