စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အထီးကျန်သူများအတွက် ကုလားထိုင်





ဂျပန်နိုင်ငံမှာ အသက်ကြီးပိုင်း လူကြီးများကြား ကြုံတွေ့ရတဲ့ ပြဿနာ တစ်ခု ကတော့ အထီးကျန်ခြင်း ဖြစ်ပါတယ်။ အချို့ အသက်ကြီး လူကြီးများဟာ ဆိုရင် အထီးကျန် တဲ့ ဒဏ်ကို မခံစားနိုင်လို့ မိမိကိုယ်ကို သေကြောင်းကြံတဲ့ အဆင့်အထိတောင် ရောက်ရှိကြ ပါတယ်။ ဒီအတွက် အဖြေ အမျိုးမျိုး ရှာပေမယ့် လူငယ်ပိုင်း လူတွေဟာ အလုပ်ကလွဲလို့ လူမှုရေးကိစ္စ ခေါင်းထဲ သိပ်မထည့်ကြ ပါဘူး။

ဒါကြောင့်မို့ အဖြေ တစ်ခု အနေနဲ့ အထီးကျန်ခြင်း မရှိအောင် လူဖက် ကုလားထိုင် တစ်မျိုးကို ထုတ်လုပ်ဖန်တီးခဲ့ပါတယ်။ Home Care ကုန်ပစ္စည်း ပြပွဲမှာ ပြသထားတဲ့ Tranquility chair လို့အမည်ရတဲ့ လူဖက် ကုလားထိုင်ဟာ အရွယ်ကြီးပါတယ်။ ကြည့်လိုက်ရင် လန့်စရာ ဖြစ်နေပေမ့် ထိုင်ပြီးတော့ လက်ကို တင်ထားလိုက်ရင် နွေးထွေးမှု ရစေမည် ဖြစ်ကြောင်း ထုတ်လုပ်တဲ့ ကုမ္ပဏီက ဆိုပါတယ်။ ဒီတော့ နွေးထွေးတဲ့ မိသားစု အငွေ့အသက် အရသာ မျိုးကို ပေးလို့ လုံခြုံမှု ရှိတာမျိုးလည်း ခံစားစေမှာ ဖြစ်ကြောင်း ဆိုပါတယ်။

ဖော့၊ ဆိုဖာတို့နဲ့ ပြုလုပ်တဲ့ အရုပ်က ကုလားထိုင်မှာ ခင်းထားပြီး မှီစရာအဖြစ်လည်း ရှိနေမှာ ဖြစ်ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး) 
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...