စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အားကစား လိုက်စားရန်လိုအပ်



 

နိုင်ငံရပ်ခြားရောက်ဖူးတဲ့ မြန်မာတိုင်း တိုင်းတစ်ပါးသားတို့ ဘယ်လောက် အားကစား လုပ်ကြတယ်ဆိုတာကို သိမြင်ကြမှာပါ။ ရန်ကုန်မှာလည်း ပြေးလွှား လှုပ်ရှား အားကစားလုပ်နေတဲ့ နိုင်ငံခြားသား မြောက်များစွာကို မြင်တွေ့ရမှာပါ။ အးကစား ဆိုတာ အားကစား သမားတွေချည်း မဟုတ်ပဲ လူတိုင်း လေ့ကျင့် သင်ယူ လိုက်စားသင့်တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။

အားကစားနည်းလမ်း အားလုံးလိုက်စားရန် မဟုတ်ပါဘူး။ မိမိ နှစ်သက်တဲ့ အားကစား နည်းလမ်း တစ်ခုကို စွဲမြဲ လေ့ကျင့် လိုက်စားရန် ဖြစ်ပါတယ်။ ဥပမာ အပြေး၊ ရေကူး၊ ဝိတ်မ၊ လှေလှော်၊ ကြက်တောင်၊ ဘောလုံး၊ ဘက်စကတ်ဘော၊ ပြေးခုန်ပစ် အစရှိသဖြင့် ကိုယ်ခန္ဓာ ကြွက်သားကို အသုံးပြုရတဲ့ အားကစား နည်းလမ်းများ ဖြစ်ပါတယ်။ မိမိရဲ့ ပတ်ဝန်းကျင်နဲ့ နီးစပ်ပြီး ပြုလုပ်ရန် လွယ်ကူတဲ့ အားကစားနည်း တစ်ခုကို ရွေးချယ်နိုင်ရင် အဆင်ပြေ ပါတယ်။ အားကစားလုပ်တဲ့ အခါမှာလည်း ရက်အပိုင်းခြား မှန်ကန်ဖို့ လိုအပ်ပြီး အချိန်ကာလ အကြာကြီး မပြုလုပ်ပဲ နေတာမျိုးလည်း မလုပ်ရ ပါဘူး။ မိမိရဲ့ အလုပ်ချိန်ကို ကည့်ပြီးတော့ အဆင်ပြေတဲ့ အချိန်တစ်ခုကိုတော့ အားကစား လုပ်ဖို့ အတွက် ပေးထားရန် လိုအပ် ပါတယ်။

အားကစား လိုက်စားခြင်းဖြင့် စိတ်ဓာတ်တက်ကြွစေပါတယ်။ ဒါကြောင့်မို့ အားကစား ပြုလုပ်ခြင်းက စိတ်ဓာတ်ကျဆင်းမှုနဲ့ စိတ်ဖိစီးမှုကို ပျောက်စေခြင်း ဖြစ်ပါတယ်။ နှလုံးအား ကောင်းစေခြင်း၊ ကိုယ်ခံအား ကောင်းစေခြင်းတို့ လို ကောင်းကျိုးတွေလည်း ပေးပါသေးတယ်။ ဒါကြောင့်မို့ အသက်အရွယ် မရွေး အားကစား ပြုလုပ်ခြင်းဖြင့် အသက်ရှည်၊ ကျန်းမာစွာ နေထိုင်နိုင်ကြောင်း သတင်းကောင်း ပေး လိုက်ရပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)

http://www.innewsmyanmar.com/2014/10/blog-post_8.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...