စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျောက်ခဲတွေစုတတ်တဲ့ ငှက်ကလေးလို



ငှက်ကလေးတစ်ကောင် ရှိပါတယ်။ အခြားငှက်တွေနဲ့ မတူတဲ့ သူ့ရဲ့ ထူးခြားချက် တစ်ခုက ကျောက်ခဲလေးတွေကို စုတတ်ခြင်း ဖြစ်ပါတယ်။ နေ့စဉ် မနက်တိုင်း အသိုက်ကနေ အစာရှာထွက်တဲ့အခါ အစာ အရင် မရှာပဲ ကျောက်ခဲလေးတွေ အရင်ရှာလေး ရှိပါတယ်။ ကျောက်ခဲလေးတွေကို စုပြီး သူ့ဘဝ သက်တမ်း တစ်လျှောက် အကောင်း အဆိုး အတိတ်တွေကို အမှတ်ရစေဖို့ ဖြစ်ပါတယ်။

စုစုပြီးရင် တစ်လုံးချင်းစီကို ရေတွက်ပြီး အတိတ်ဖြစ်ရပ်များကို သတိရစေပါတယ်။ ဒီတော့ တစ်ကောင်တည်း ငိုလိုက် ရယ်လိုက်နဲ့ နေရှာပါတယ်။ ဒီလိုနဲ့ နေ့စဉ် ဘဝ ဖြတ်သန်းလာရာ သူ့ ကျောက်ခဲဟာ အသိုက်မှာ ပြည့်လာနေပါပြီ။ တစ်နေ့တစ်နေ့ ကျောက်ခဲတုံးလေးတွေ ရေတွက်တဲ့ အလုပ်ကလည်း အချိန်ပိုပို ကြာလာပါတယ်။ ခေါင်းမာတဲ့ ငှက်ကလေးဟာ ဗိုက်ဆာတာကိုပါ မမူပဲ ရေတွက် ပါတယ်။ တစ်နေ့တော့ အဆာလွန်ပြီး ကွယ်လွန်သွားရှာပါတယ်။ သူ့ရဲ့ အမှတ်ရ စရာ အများစုကလည်း ငိုကြွေးစရာများနေတော့ အသက်ရှင်စဉ်ကလည်း ဝမ်းနည်းစွာ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။

သင်ခန်းစာ -

လူသာားတို့ ဘဝမှာလည်း ဒီလိုပါပဲ။ အတိတ်ဆိုး ကနေ၊ ပြီးခဲ့တဲ့ ကိစ္စ အရာတွေကနေ သင်ခန်းစာဆိုတာ ယူရ ပါတယ်။ နောင်တတွေ၊ ပျော်စရာတွေ၊ ဝမ်းနည်းစရာတွေ အစရှိတဲ့ စိတ်ခံစားချက် ကတော့ သယ်မလာ သင့်ပါဘူး။ လူတိုင်း ဘဝကိုယ်စီမှာ အမှားတွေ လုပ်ခဲ့တယ်။ အမှန်တွေ လုပ်ခဲ့တယ်။ ပျော်စရာတွေ ရှိတယ်။ ဝမ်းနည်းခဲ့တာတွေ ရှိတယ်။ ဒါတွေကို နောင်တ တစ်ဖန် ပြန်ပူပန်ခြင်းက ဒေါသကို ဖြစ်စေပြီး၊ ပျော်ရွှင်မူ ကို ပြန်လိုခြင်းက လောဘ စေတသိတ်ရဲ့ ဦးစီးမှု ဖြစ်ပါတယ်။ ဒါကြောင့်မို့ အတိတ်ကို လွမ်းဆွတ်ပူဆွေးခြင်း၊ ပြန်နောင်တရခြင်းကလည်း အကုသိုလ်ဖြစ်စေပါတယ်။ ဘဝဆိုတာ တိုတောင်းလှပါတယ်။ အတိတ်ကို ပြန်ခံစား၊ အနာဂတ်ကို လောဘစိတ်ဖြင့် မျော်မှန်းနေခြင်းထက် လက်ရှိ ပစ္စုပ္ပန်မှာ အကောင်းဆုံး အသက်ရှင်နေထိုင်ခြင်းဟာ ဘုရားဟော နည်းလမ်းပဲ ဖြစ်ပါတယ်။


အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com


https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...