စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျန်းမာဖို့ ရယ်ကြစို့ 



ရယ်မောပျော်ရွှင်ခြင်းဟာ ကိုယ်/စိတ် နှစ်ဖြာ ကျမ္မာချမ်းသာစေပြီး၊ ငွေမကုန်စေတဲ့ အကောင်းဆုံး သဘာဝဆေးစွမ်းတစ်လက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း လွန်ခဲ့သောရှေးနှစ် ရာပေါင်းများစွာကတည်းကပင် နိုင်ငံတကာဆေးသုတေသီများက “ရယ်မောခြင်းဟာအကောင်းဆုံး ဆေးတစ်ခွက်” လို့  ဆိုခဲ့ကြပါတယ်။ အထူးသဖြင့် အမေရိကန်၊ အင်္ဂလန် နှင့် အိန္ဒိယနိုင်ငံတွေမှာ ရယ်မောခြင်းစင်တာ (၀ါ) ရယ်မောခြင်း သင်တန်းကို အထူးတလည်ဖွင့်လှစ်ထားကြပါတယ်။ အဲဒီသင်တန်းရဲ့  ဆောင်ပုဒ်ကတော့ “ LOL ကိုမမေ့ကြနဲ နော့်” တဲ့။ သူတို့ ပြောတဲ့ LOL (Laugh Out Loud) ဆိုတာကတော့ “အားရပါးရ ရီကြည့်စမ်းပါ” တဲ့ရှင်။

အဲဒီလို ရယ်မောဖို့ ဘာ့ကြောင့် ဆရာဝန်များက တိုက်တွန်းကြပါသလဲ? အဖြေကတော့ လူသားတစ်ဦး အတွက် မရှိမဖြစ် (၁) ကာယသုခ (၀ါ) ကိုယ်ကျမ္မာခြင်း (၂) စိတ္တသုခ (၀ါ) စိတ်ချမ်းသာခြင်း (၃) မိတ္တသုခ (၀ါ) ချွေရံသင်းပင်းပေါများခြင်း …. စသည့် အကျိုးကျေးဇူးများကို တပြိုင် တည်း ရရှိစေမှာ ဖြစ်လို့ ပါဘဲ။

(၁) ကာယသုခ

ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားလာစေပါတယ်။
cortisol နှင့် adrenaline စသည့် မကောင်းသောဟိုမုန်းပမာဏများ လျော့ကျစေပါတယ်။
Endorphins (ခေါ်) ခန္ဓာကိုယ်တွင်း ကောင်းမွန်သော သဘာဝဓာတ်ပြုမှုတို့ ကြောင့် နာကျင်ခြင်းဝေဒနာများမှ ယာယီ သက်သာလာ စေပါတယ်။
အားရပါးရ ရယ်မောပြီးနောက် ၄၅မိနစ် ကြာသည်အထိ ကြွက်သားများကိုပြေလျော့စေပါတယ်။
နှလုံး နှင့် ရင်ခေါင်းရောဂါပြသနာများ မဖြစ်စေပါ။
သွေးတိုးကျုစေပါတယ်။


သွေးထဲတွင်အောက်စီဂျင်ဓာတ်တိုးပွားပြီး ကောင်းစွာသွေးလည်ပတ်စီးဆင်းစေပါတယ်။
Gamma-interferon နှင့် T-cells စသော အကျိုးမပြု ဆဲလ်များကို သတ်ပေးပါတယ်။
တံတွေးမှတဆင့် အအေးမိကူးစက်ဖျားနာခြင်းတို့ မှ ကာကွယ်ပေးပါတယ်။
သက်ရှည်ကျမ္မာစေပါတယ်။ နှစ်ခြိုက်စွာ အိပ်မောကျစေပါတယ်။

(၂) စိတ္တသုခ

စိုးရမ်ကြောင့်ကျမှုမှ ပြေလျော့စေပါတယ်။

· ရယ်မောနေစဉ်အတွင်း အလုံးစုံပျော်ရွှင်ရသော ဘ၀ကိုပိုင်ဆိုင်သလို ခံစားရပါတယ်။

ရယ်မောခြင်းဖြင့် စိတ်ဆင်းရဲခြင်းမှ ယာယီသက်သာစေသလို၊ မကြာခဏဆိုသလို ရယ်ရွှင်ပေးခြင်းဖြင့် စိတ်ထောင်း ကိုယ်ကျေ မဖြစ်စေတော့ပါ။
ကိုယ့်ကိုကိုယ် ယုံကြည်မှုတိုးပွားလာစေပါတယ်
စိတ်ကူးစိတ်သန်း နှင့် အတွေးသစ်ကောင်းများ ဖန်တီးလာစေနိုင်ပါတယ်။
စိတ်ပျိုကိုယ်နုလာစေပါတယ်။
မှတ်ဥာဏ်စွမ်းအားတိုးတက်ကောင်းမွန်လာပြီး၊ စာမေးပွဲတွင်ရမှတ်ကောင်းစေနိုင်ကြောင်း Johns Hopkins ဆေးတက္ကသိုလ်မှ အတည်ပြုထားပါတယ်။
အားရပါးရရယ်မောပြီးနောက် အနည်းဆုံးနာရီဝက်ကြာသည်အထိ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကို သက်သာစေနိုင်ပါတယ်။

(၃) မိတ္တသုခ

· လူမှုပေါင်းသင်းဆက်ဆံရေး ခိုင်မြဲစေပါတယ်။

· ဟာသညဏ်ရွှင်ခြင်းက လူအများရဲ့ အာရုံကို ကိုယ့်ဘက်ပါလာအောင် ဆွဲဆောင်နိုင်ပါတယ်။

· အသင်းအဖွဲ့ (စည်းလုံးညီညွတ်) စိတ်ဓာတ် တိုးပွားစေပါတယ်။

· တပါးသူအခက်အခဲကို ကူညီဖြေရှင်းလိုစိတ် တဖွားဖွားဖြစ်ပေါ်လာစေပါတယ်။

· အရာရာကိုအကောင်းမြင်အကြည့်နဲ့ ကြည့်တတ်လာပါတယ်။

ဇ၀နဥာဏ် (ခေါ်) ဟာသဥာဏ်ကွန့် မြူးခြင်းကလည်း လူချစ်လူခင်ပေါစေတာ ဧကန်မုချပါ။ ဒါပေမယ့် အူလှိုက်သည်းလှိုက် အရီလွန်ရင်တော့ ဗိုက်အောင့်ဗိုက်နာတတ်တာမို့ သတိထားကြနော်။

ဘာသာပြန်သူ (ပေါက်ပေါက်)

ကိုးကား။ Mr.William Fry, M.D., of Stanford University
--
promise.pauk
(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို့ သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)

7-10-2013 နေ့ ထုတ် ပြည်ထောင်စုနေ့ စဉ်သတင်းစာ (စာမျက်နှာ-၁၀) မှာ ဖော်ပြခံရ တဲ့ဆောင်းပါးလေးပါ။ FB မိတ်ဆွေများ ကျမ္မာသုတရကြပါစေကြောင်း မျှဝေလိုက်ရပါတယ်ရှင်။ (စေတနာများစွာဖြင့်.....ပေါက်ပေါက်)


https://www.facebook.com/MyawadyNews/photos/a.351047714993066.76926.35101

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...