စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပိန်းဥ (Yam)၏ ကောင်းကျိုးများ

                      
 

   ပိန်းဥတွင် ကြွယ်ဝစွာပါဝင်သော vit B6 သည် သွေးကြောနံရံကို damage ဖြစ်စေသော homocysteine ကို ချေဖျက်ပေးသည်။ homocysteine များခြင်းသည် Heart Attack နှင့် Stroke လေဖြတ်ခြင်းကို ဖြစ်စေသဖြင့် Vit B6 ကြွယ်ဝစွာ ပါဝင်သော ပိန်းဥ သည် နှလုံးရောဂါကို ကာကွယ် ပေးသည်။

Potassium မြောက်မြားစွာ ပါဝင်သောကြောင့် သွေးပေါင်ကို ကျစေသည်။ ၄င်းတွင်ပါဝင်သော dioscorin သည်လည်း ကျောက်ကပ် သို့ သွေးစီးအားကောင်းစေသဖြင့် သွေးပေါင်ကို ကျစေသည်။
ခန္ဓာကိုယ်၏ကြွက်သားနှင့်အာရုံကြောများအတွက်လည်း Potassium လို အပ်ပါသည်။
Vit C ပါဝင်သဖြင့် ဓာတ်တိုး ပစ္စည်း များကို တိုက်ဖျက်သောကြောင့် ကင်ဆာကို ကာကွယ်ပေးသည်။ vit E ထုတ်လုပ်ရန်အတွက်လည်း vit C ကို လိုအပ်သည်။


fibre ကြွယ်ဝစွာပါဝင်သဖြင့် ဗိုက်နှင့် ခါးတွင် အဆီမစုစေပါ။
၎င်း၌ပါဝင်သော ကာဗိုဟိုက် ဒြိတ်မှ သကြားဓာတ်သို့ ဖြည်းဖြည်း ချင်းသာ ပြောင်းလဲသဖြင့် သွေးချို တက်လွန်းခြင်း၊ ကျလွန်းခြင်းမဖြစ် စေပါ။
ကြွယ်ဝစွာပါဝင်သောမဂ္ဂနီး(စ)က ကာဗိုဟိုက်ဒြိတ်ချေဖျက်မှုကို ကူညီပေးသည်။ ခန္ဓာကိုယ်မှ စွမ်း အင် ထုတ်လုပ်သောအခါ၌လည်း အင်ဇိုင်းအပြင် မဂ္ဂနီး(စ)ကိုပါ တွဲ ဖက်လိုအပ်သည်။

ကံ့ကော်
Source: healthdiaries
Health Updates Journal
Vol.2, No.24


https://www.facebook.com/photo.php?fbid=434412463323257&set=a.351047714993066

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...