
ကမ္ဘာ့အရပ်အရှည်ဆုံးပုဂ္ဂိုလ်
ကမ္ဘာ့အရပ်အရှည်ဆုံး တူရကီ အမျိုးသား စူတန်ကိုစင်သည် ဆီးရီးယား အမျိုးသမီး တစ်ဦးနှင့် အောက်တိုဘာ ၂၇ ရက်က လက်ထပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အရပ် ၂ ဒသမ ၅၁ မီတာရှည်သော အသက် ၃၁ နှစ်အရွယ် ကိုဆင်သည် အရပ် ၁ ဒသမ ၇၅ မီတာမြင့်ပြီး အသက် ၂၀ အရွယ်ရှိသော မာဗီဒီဘိုအား လက်ထပ်လိုက်ခြင်းဖြစ်ကြောင်
"ကျွန်တော့်ရဲ့ ခံစားမှုတွေကို စကားလုံးတွေနဲ့ မဖော်ပြနိုင်ပါဘူး။ ကမ္ဘာပေါ်မှာ ကျွန်တော်က အပျော်ဆုံးသူ ဖြစ်သွားပါပြီ" ဟု တူရကီနိုင်ငံ အရှေ့တောင်ပိုင်းရှိ ကိုဆင်၏ ဇာတိမြို့ဖြစ်သော မာဒင်၌ ပြုလုပ်ခဲ့သည့် မင်္ဂလာပွဲ အခမ်းအနားတွင် ကိုဆင်က ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် အနာလိုတီယာ သတင်းအေဂျင်စီ၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။
ဟာဆာကာ မြို့သူဖြစ်သော မာဗီဒီဗိုက "ဒီပျော်ရွှင်မှုဟာ တစ်သက်လုံး ဖြစ်ပါစေလို့ ကျွန်မမျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့သည်။ မင်္ဂလာပွဲ အခမ်းအနားတွင် ချည်အရှည်ရှိသော ရက်ထည်ဖြင့် ပြုလုပ်ရသည့် ရိုးရာဝတ်စုံအား ကိုစင်က ၀တ်ဆင်ခဲ့ကြောင်း သိရသည်။ တူရကီနိုင်ငံ အရှေ့တောင်ပိုင်းရှိ လယ်သမား မိဘများမှ မွေးဖွားလာခဲ့သူ ကိုစင်သည် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းများ စာအုပ်တွင် ကမ္ဘာပေါ်၌ အရပ်အရှည်ဆုံးဖြစ်ကြောင်း ၂၀၀၉ ခုနှစ်က သတ်မှတ်ခံခဲ့ရပြီးနောက် လူသိများလာ ခဲ့သည်။ ထိုအချိန်က ကိုဆင်၏ အရပ်အမြင့်မှာ ၂ ဒသမ ၄၇ မီတာသာ ရှိသေးသည်။
ဦးနှောက်အတွင်းရှိ ခန္ဓာကိုယ် ကြီးထွားမှုနှင့်ဆိုင်သော ပစ်ကျူထရီ ဂလင်းအား သက်ရောက်စေသော အသားပို တစ်ခုကြောင့် ၎င်း၏အရပ် ထပ်မံရှည်ထွက်လာခြင်းဖြစ်ြေ
Gamma Knife ဟုခေါ်သည့် ခွဲစိတ်ပစ္စည်း အသုံးပြုပြီး ကြိမ်နှုန်းမြင့် ဓာတ်ရောင်ခြည်နှင့် ပစ်ခတ်ကာ ကိုစင်၏ အသားပိုအား အမေရိကန် ဆရာဝန်များက ၂၀၁၀ ပြည့်နှစ် သြဂုတ်လ၌ ကုသပေးခဲ့သည်။
အရပ်ဆက်လက် ရှည်စေသည့် ဟိုမုန်းဖောက်ပြန်မှု ရောဂါ ကိုဆင့်တွင် မရှိတော့ကြောင်း ဆရာဝန်များက ၂၀၁၂ ခုနှစ်အတွင်းက ပြောကြားခဲ့သည်။ ကိုစင်သည် ချိုင်းထောက်အသုံးပြု၍ သွားလာနေရသည်။
Ref:AFP
http://
No comments:
Post a Comment