စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆီမလိုသည့်ကား အနာဂတ်မှာ ဘယ်လိုထုတ်မလဲ




အောင်ခမ်း ( TSJ Team )

နိုင်ငံတကာမှာ ခေါ်ဆိုတဲ့ ကားနာမည်ကတော့ Green ကား ဖြစ် ပါတယ်။ မြန်မာလိုတိုက်ရိုက်ဘာသာပြန်တော့ အစိမ်းရောင်ကားပေါ့။ သို့ပေမယ့် အမှန်တကယ် အနက်ကတော့ စိမ်းစိမ်းဆိုဆို အေးချမ်းတဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှု ရှိသော ကားလို့ ဆိုလိုခြင်း ဖြစ်ပါတယ်။

စိမ်းဆိုတဲ့ ပတ်ဝန်းကျင်နဲ့ လိုက်တယ်ဆိုတာကလည်း အခြားမဟုတ်ပါဘူး။ စိမ်းဆိုတဲ့ ပတ်ဝန်းကျင်ရဲ့  ဇီဝနဲ့ ဖြစ်စဉ်တွေကို အနည်းနိုင်ဆုံး ထိခိုက်မှုလျော့ချပေးတဲ့ ကားလို့ဆိုလိုခြင်း ဖြစ်ပါတယ်။ ကားရယ်လို့ ဖြစ်လာ ကတည်းက ပတ်ဝန်းကျင်ကတော့ ထိခိုက်မှာပါပဲ။ ယနေ့ရန်ကုန်မှာပဲ ကြည့်ရင်မြင်နိုင်ပါတယ်။ နေရာတိုင်း ကားတွေပိတ်နေပြီး ဟွန်းတီးသံတွေ၊ စက်နိုးသံတွေ၊ မီးခိုးငွေ့တွေနဲ့ အလိမ့်လိုက်တက်နေတာ ပတ်ဝန်းကျင် ဘယ်လောက်ထိ ထိခိုက်တယ်ဆိုတာ တော်တော်များများ သတိမထား မိပါဘူး။ သတိမထားမိဆိုတာထက် သတိမထားအား တာလည်းဖြစ်ရင်ဖြစ် မယ်၊ မသိတာလည်း ဖြစ်ရင်ဖြစ်ပါမယ်။ တရုတ်ပြည်က ချယ်ရီကားတွေ ကျောက်ဂွမ်းပါတယ်ဆိုတုန်းကတော့ အသက်ရှူ လမ်းကြောင်းနဲ့ ဆက်စပ်ရောဂါဖြစ်မယ်လို့ သတိထားမိလိုက် ကြသေးတယ် ဆိုတော့ မြန်မာပြည် ခေတ်မနောက်ကျသေးပါဘူး။ ဒီတော့ ထပ်ပြီး ခေတ် မနောက်ကျအောင် အစိမ်းရောင်ကားများဆိုတာ သိဖို့လည်း အကြမ်းဖျင်း ရေးသားမျှဝေ လိုက်ရပါတယ်။


ကားတစ်စီးမှာ

- လောင်ကျွမ်းဓာတ်ငွေ့ ခေါ် မီးခိုးတွေ အထွက်နည်းမယ်။ (သို့တည်းမဟုတ်) မထွက်သလောက်နည်းမယ်။
- လောင်စာဆီ အသုံးပြုမှု နည်းမယ် (သို့မဟုတ်) လောင်စာဆီအစား အခြားစွမ်းအင် အသုံးပြုမယ်။

အကြမ်းဖျင်း ဒီနှစ်ချက် ရှိယုံနဲ့တင် ယင်းကားကို အစိမ်းရောင်ကား လို့ ခေါ်လို့ရပါတယ်။ အစိမ်းရောင် ကာလာ၊ ဆေးတွေသုတ်ထားလို့ အစိမ်းရောင်ကားလို့ ဆိုလိုခြင်း မဟုတ်ပါ။ အထက်ပါနှစ်ချက်နဲ့ ပတ်ဝန်းကျင်ကို ဆိုးကျိုးနည်းအောင်ဖန်တီးပေးတဲ့အတွက် အစိမ်းရောင်ကားလို့ဆိုလိုခြင်း ဖြစ်ပါတယ်။


လောင်ကျွမ်းဓာတ်ငွေ့ နည်းအောင်လုပ်မယ်

ဒီမှာ အရေးကြီးဆုံး အချက်ပါပဲ။ လောင်ကျွမ်းဓာတ်ငွေ့ဆိုတာ မထွက်ပါနဲ့လို့ တားလို့မှ မရတာလေ။ ဓာတ်ဆီ၊ ဒီဇယ်ဆီ အင်ဂျင်တွေသာ အသုံးပြုမယ် ဆိုရင်ပေါ့။ ဒီတော့ ယင်းဆီတွေ သုံးနေသရွေ့  မီးခိုးအထွက်နည်းအောင် လုပ်မယ့်နည်းက အကြမ်းဖျင်း ၂ နည်းရှိပါတယ်။ အဆင့်မြင့် အသန့်ရှင်းဆုံး ဆီကိုသုံးမယ်။ နောက်တစ်နည်းကတော့ ဆီလျော့သုံးမယ်။ ဒါပါပဲ။

အသန့်ရှင်းဆုံးဆီကတော့ထားလိုက်တော့ ဆီလျော့သုံးမယ်ဆိုတော့ ကား Performance မကျအောင် ဘယ်လိုလုပ်ရမလဲဆိုတာက စဉ်းစားစရာ တစ်ချက် ဝင်လာပြန်ပါပြီ။ ဒါလည်းလွယ်ပါတယ်။ ဆီစားအင်ဂျင် သေးသေးလေးနဲ့ လျှပ်စစ်မော်တာကိုမောင်းပေးမယ့် ဘက်ထရီတပ်ဆင်ပေးခြင်း ဖြစ်ပါတယ်။ ဒါကို ဟိုင်းဘရစ်လို့ခေါ်ပါလေရော၊ စက်တစ်မျိုးတည်း မဟုတ်ပဲ နှစ်မျိုးသုံးတဲ့ကားကို ဟိုင်းဘရစ်လို့ခေါ်တယ် ဆိုပေမယ့် ဆီအင်ဂျင်နဲ့ ဘက်ထရီအသုံးပြု မော်တာတို့ ပေါင်းတဲ့ကားကို ဟိုင်းဘရစ် (Hybrid) ကားလို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။


မီးခိုးမထွက်သလောက် နည်းအောင်လုပ်မယ်

ဒါဆိုရင်တော့ ကြိမ်းသေ ဆီသုံးလို့မရတော့ပါဘူး။ ဒီတော့ ဆီအင်ဂျင်တွေ ဖယ်ပြီး သူ့နေရာမှာ အစားထိုး အင်ဂျင်များ ထည့်ရပါမယ်။ လက်ရှိ ခေတ် စားတာကတော့ လျှပ်စစ်ကားများ ဖြစ်ပါတယ်။ လျှပ်စစ် ဓာတ်အားကို အသုံးပြုလို့ မော်တာကိုလည်ပတ်စေပြီး ယင်းမော်တာက ဘီးအူတိုင် ကိုလည်စေတဲ့အခါ ကားက တစ်ရွေ့ ရွေ့ နဲ့ သွားတော့ ဘာပဲဖြစ်ဖြစ် ဒါဟာ လျှပ်စစ်ကားလို့ လက်မထောင်ကုန်ကြ ပါတယ်။ မှန်ပါတယ်။ လျှပ်စစ်ဓာတ်အားချည်း သီးသန့်သုံးရင်တော့ လျှပ်စစ်ကားလို့ ကြိမ်းသေခေါ် မှာပါ။ ကမ္ဘာမှာ ဒီနည်းပညာကိုပဲ အာရုံစိုက်နေကြပြီမို့ ဖြစ်ပါတယ်။ ဆီ (ရေနံဆီ) က နောင်အနှစ် ၅၀ မှာ

အရေခံလုနီးနီးကုန် သွားမယ်လို့ ဗေဒင်ဟောထားကြပါတယ်။

ဗေဒင်မဟုတ်ပါဘူး။ ကမ္ဘာ့မြေထု နဲ့ သယံဇာတကို အမြဲစောင့်ကြည့်နေတဲ့ အဖွဲ့တွေက လေ့လာပြီးဟော ထားတဲ့စကား ဖြစ်ပါတယ်။ ဒီတော့ အားလုံးက လျှပ်စစ်ဓာတ်အားကို အာရုံစိုက်ကြပါလေရော။ ရေနံဆီကနေ ဆက်ထွကမယ့် ဓာတ်ဆီ၊ ဒီဇယ်ဆီဆိုတာ မရှိတော့ရင် မှီခိုစရာက လျှပ်စစ်စွမ်းအင်ဖြစ်လာမှာ အမှန်ပါပဲ။ ဆိုလာပယ်နယ်နဲ့ထုတ် မလား၊ ရေကနေထုတ် မလား၊ လေကနေထုတ်မ လား သတ္တုဘက်ထရီအိုး ကနေပဲ ထုတ်မလား အစရှိသဖြင့် အားလုံးခေါင်းစား ၊ကြိုးစားနေကြပါတယ်။

လောင်စာဆီ အသုံးပြုမှု နည်းမယ် ဒါက အထက်မှာ ပြောပြီး သွားပါပြီ။ လောင်စာဆီ လို့ခေါ်တဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဂက်ဆိုလိုင်း အစရှိသဖြင့်တို့ကို နည်းအောင်လုပ်ဖို့က ဘက်ထရီပေါင်း မယ်၊ မော်တာပေါင်းမယ်၊ ကားအူတိုင်ကို အတူလှည့်ချင်လှည့်မယ်။ မော်တာ တစ်လုံးတည်းက လက်စွမ်းပြလို့ လှည့်ချင်လှည့်မယ်၊ ဘာပဲဖြစ်ဖြစ် ကားရွေးနေတာလေး မြင်ရတော့ ဟိုင်းဘရစ်ဆိုတာလေးက မျက်နှာပန်းလှလာပါတယ်။ မြန်မာပြည်မှာတောင် ဟိုင်းဘရစ်တွေ များလာပါပြီ။ နောက်တစ်နည်းကတော့ ဆီအချိုး၊ လေအချိုး ကစားတာပါပဲ။ ဒါက လူတိုင်းကစားလို့မရပါဘူး။ အနောက်တိုင်း နဲ့ ဂျပန်က ကိုရွှေ အင်ဂျင်နေယာများက ဆီအချိုး၊လေအချိုး ကစားလို့ ဆီအသုံးပြုမှု နည်းအောင် အတတ်နိုင်ဆုံး ကြိုးစားပါတယ်။ ဒီတော့ နောက်ပိုင်း မှာ ခေတ်စားလာတာက Ecoboost လို့ခေါ်တဲ့ အကုန်ကျ သက်သာ အင်ဂျင်အမျိုးအစားပါပဲ။ ဒါကလည်း ဖြေရှင်းနည်း တစ်မျိုးပဲ ဖြစ်ပါတယ်။


လောင်စာဆီအစား အခြားစွမ်းအင် အသုံးပြုမယ်

ဒါကလည်း အထက်မှာ ဆွေးနွေးခဲ့ပြီးပါပြီ။ လက်ရှိ အများစု အာရုံစိုက်နေတာက လျှပ်စစ်ဓာတ်အားဖြစ် ပါတယ်။ နေရောင်ခြည်က ထုတ်မလား၊ ရေကထုတ်မလား၊ လေကထုတ်မလားဆိုတာပါပဲ။ အပင်တွေ၊ အသီးတွေကနေ ထုတ်တဲ့ စွမ်းအင်ကလည်းရှိနေပါသေးတယ်။ ဒါကလည်း တစ်ကဏ္ဍပါ။ သူက ဆီအစားထိုးပေမယ့် ပတ်ဝန်းကျင် ထိခိုက်မှုက သိပ်မကွာလေတော့ မထူးပါဘူး။ သို့ပေမယ့် ပညာရှင်တွေက ပိုတော်လေေ တာ့ ပတ်ဝန်းကျင်ကို မထိအောင် ပိုတီထွင်နိုင်ရင်တော့ အားလုံး လိုက်အသုံးပြုလာကြမှာပါပဲ။ အခုဆို ပေါက်ပေါက်ရှာရှာ ကြင်ငယ်ရေ နဲ့မောင်းတဲ့ မီးစက်တွေရော၊ လေအိုး နဲ့ မောင်းတဲ့ ကားရော၊ ရေသက် သက်နဲ့ မောင်းတဲ့ကားရော စုံနေအောင် ပေါ်လာပါတော့တယ်။ ]

ဘယ်လိုပဲ ဖြစ်ဖြစ် ဒါတွေအားလုံးက အစိမ်းရောင်ကား ဖြစ်လာဖို့ ဆိုတဲ့ ခေါင်းစဉ်အောက်ကို သွားဝင်ပါတယ်။ ဒီတော့ အစိမ်းရောင်ကား ဆိုတာ ဆယ်စုနှစ်မကြာပဲ ကမ္ဘာမှာ ရေပန်းစားလာမှာမို့ အကြမ်းဖျင်း သဘာလေး သိအောင် မိတ်ဆက်ပေးလိုက် ရပါတယ်။

https://www.facebook.com/photo.php?fbid=487754204655749&set=a.35104771499

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...