စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







စိတ်ညစ်ရင်....ဘာလုပ်မလဲ

                                 

စိတ်ညစ်ရင် ခါးကို ဖြောင့်ဖြောင့်ထား ...

မျက်လုံးလေးမှိတ် ...လက်အုပ်ကလေးချီပြီး ငါးပါးသီလကို ယူလိုက်ပါ ...

တစ်ဆက်တည်းပဲ -

“မြတ်စွာဘုရား၊ ဘုရားတပည့်တော် ခန္ဓာကိုယ်ထဲကို သီတင်းသုံးတော်မူ ပါဘုရား”

လို့ ပင့်လိုက်ပါ ...

ကိုယ်က အမျိုးသမီး ဖြစ်နေလို့ ပင့်ရမှာ အားနာနေရင်လည်း ဦးခေါင်းထက် ကို ပင့်လိုက်ပါ ...

စိတ်ထဲမှာလည်း မြတ်စွာဘုရား ကိုယ့်ခန္ဓာကိုယ်ထဲ၊ ကိုယ့်ဦးခေါင်းထက်မှာ ရှိနေတယ်လို့ နှလုံးသွင်းထားပါ ...

မြတ်စွာဘုရား ကတော့ ပရိနိဗ္ဗာန် စံပြီးပြီဆိုတော့ တကယ်တော့ဘယ်ကြွလာ မှာ လဲ ?

စိတ်ဓာတ် အင်အားကို ယူတာပါ ... စိတ်ထဲမှာ မြတ်စွာဘုရားတကယ်ကြွလာ တယ်လို့ နှလုံးသွင်း ထားရမှာပါ ...

အားလုံးပြီးရင် လက်အုပ်ချီ ထားတာလေးချပြီး အရဟံ ဂုဏ်တော်ကို ငါးမိနစ် ... မေတ္တာကို ငါးမိနစ် ... ၀ိပဿနာကို ငါးမိနစ် ပွားနေလိုက်ပါ ...

ဒါဆိုရင် စိတ်ချမ်းသာ လာပါလိမ့်မယ် .....

မယုံရင်စမ်းကြည့်ပါ .....

စာရေးသူလည်း စိတ်ညစ်လာရင် ဒီနည်းအတိုင်းပဲ လုပ်တာပါ ...

ဒါဆို စိတ်ညစ်တာ ပျောက်သွားတာ များပါတယ် ... ကိလေသာ မကင်း သရွေ့တော့ စိတ်တွေက အခါအားလျှော်စွာ ညစ်နေရဦးမှာပါ ...

စိတ်ညစ်တာကို ညစ်တဲ့ အတိုင်းမထားဘဲ ကိုယ်နှစ်သက်တဲ့ နည်းတစ်ခုခုနဲ့ ပယ်ပစ်လိုက်နိုင်ဖို့ပါ ...

ဒီနည်းလေးကို ကိုယ်က အထုံအကျင့်လေးတစ်ခုလုပ်ထား လိုက်ဖို့ပါ ...

"ဂုဏ်တော် မေတ္တာလေး ပွားလိုက်စိတ်ညစ်လာတာနဲ့ဂုဏ်တော် မေတ္တာလေး ပွားလိုက်”နဲ့ကျင့်ပါများသွားရင် အထုံ ဖြစ်သွားပါလိမ့်မယ် ...

အထုံဖြစ်သွားရင် စွဲသွားတာများပါတယ် ...ကောင်းတဲ့ အထုံလေးတွေဆို စွဲနေအောင် လုပ်ထားရပါတယ် ...

အဲဒီလိုမှ မဟုတ်ဘဲ စိတ်ညစ်လာရင် ထွက်ပေါက် အနေနဲ့ အကုသိုလ် မကင်း တဲ့ တခြားတစ်ခုခုကို သွားလုပ်မယ် ဆိုရင်တော့ ကိုယ်ပြုတဲ့ အပြုအမူက စွဲ သွား တတ်ပါတယ်...

မကောင်းတာ စွဲသွားရင် ဖြတ်ရတာ ခက်ပါတယ် ... စိတ်ညစ်တာကို အကြောင်းပြုပြီး အကုသိုလ် မကင်းတဲ့ အပြုအမူတွေ စွဲသွားတဲ့ သူတွေ အများကြီးပါ ...တွေ့ဖူး မြင်ဖူးကြမှာပါ .....

တချို့ကျတော့ စိတ်ညစ်လာရင် တစ်ယောက်ယောက်ဆီကိုဖုန်းဆက် ပြောေ လ့ ရှိပါတယ် ...

ကိုယ်ဖုန်းဆက် ပြောတဲ့သူက ကောင်းမြတ်တဲ့ အကြံပေးရင် တော်ပါရဲ့ .....

“ဘယ်လို ကဲလိုက်ပါလား၊ ဘယ်လိုလုပ်လိုက် ပါလား”

စသည်ဖြင့် အကုသိုလ် မကင်းတဲ့အကြံတွေပေးလိုက်ရင် ကိုယ့်အတွက် အများကြီး နစ်နာ သွားနိုင်ပါတယ် ...

ကဲထားပါတော့ ............

တစ်ယောက်ယောက်ဆီ ဖုန်းဆက်အကြံဉာဏ်တောင်းလို့ကိုယ်အကြံတောင်း တဲ့ သူက

“လာခဲ့၊ ဘယ်ဆိုင်မှာ ဘယ်ကလပ်မှာ သွားကဲရအောင်၊ လုံးဝ လန်းသွားစေ ရမယ်”ဆိုပြီး လှမ်းခေါ်ပါပြီတဲ့ .....

ခေါ်တဲ့အတိုင်း နေရာတစ်ခုခု မှာ ကဲပါပြီတဲ့ ...ကဲနေတုန်းမှာ လန်းတယ် လို့ ထင်ရပေမယ့် ကဲပြီးတော့လည်း ညစ်လက်စ စိတ်က ပြန်ညစ်ရဦးမှာ ပါ ...

နောက်ဆုံး ကိုယ့်မှာ အကုသိုလ် အပိုဖြစ်ရတာပဲ အဖတ်တင်တာပါ ... စိတ် ညစ်တဲ့အခါ ထွက်ပေါက် မျိုးစုံတော့ ရှိနေကြမှာပါ ...

အဲဒီအထဲကမှာ ကောင်းတဲ့ ထွက်ပေါက် လည်းဖြစ်၊ ကိုယ်နဲ့ သပ္ပါယသင့်တဲ့ ထွက်ပေါက်လည်း ဖြစ်တဲ့ ထွက်ပေါက် တစ်ခုကို အလေ့အကျင့် လုပ်ထား လိုက်ဖို့ပါ ...

စိတ်ညစ်ရင် အခြား တစ်ဖက်မှာ ဆိုးကျိုးတွေ ရှိနေတဲ့အတွက် ကောင်းတဲ့ ထွက်ပေါက် လေးတွေကို အထုံတစ်ခု အနေနဲ့ စွဲနေအောင် လေ့ကျင့် ထားနိုင်ရပါမယ် ...

တကယ်တော့လည်း တရား သဘောအရ -

ဘယ်အရာမှ မမြဲပါဘူး ...စိတ်ညစ်တာလည်း အမြဲတည်မနေနိုင်ပါဘူးးး ကာလတစ်ခုပါပဲ ...

ကိုယ်က မမြဲတဲ့ သဘော တရားလေးကို သေချာ သဘောပေါက်ပြီး စိတ်ညစ် တာကို အကြောင်း ပြုပြီး ထွက်ပေါက် အနေနဲ့ အကုသိုလ် မပြုလိုက်မိဖို့ပါ ...

စိတ်ညစ်နေတဲ့ ကာလတိုလေးမှာ ကုသိုလ်တွေကို လုပ်ချင်သည် ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ ပေတေလုပ် နေလိုက်ပါ ...

ဘုရား ပန်းအိုးလဲတာ ဘုရား သောက်တော် ရေလဲတာ ကိုယ်ကြိုက်တဲ့ အစားအစာလေး တွေကို မြတ်စွာဘုရားကို ကပ်တာ စသည်ဖြင့် လုပ်လို့ လည်း ရပါသေးတယ် ...

စိတ်ညစ်တာကို အမှီပြုပြီး ကုသိုလ် အမြတ်ထွက်အောင်လုပ်ပစ် ရမှာပါ ...

ကာလ တစ်ခုကြာလို့ စိတ်ညစ်တာလည်း ပျောက်သွားရော၊ ကိုယ့်ရင်ထဲ ကို ပြန်ကြည့်လိုက်တဲ့အခါ ကုသိုလ်တွေ တစ်လှေကြီး ဖြစ်နေတော့တာပါ ...

ဒီ ကုသိုလ်တွေဟာ နောက်ဘ၀အထိ အထုံဓာတ် တွေအနေနဲ့  ပါသွားတော့ မှာပါ ...

အထုံဝါသနာဆိုတာနောက်ဘ၀အထိလိုက်တတ်တာဆိုတော့ နောက်ဘ၀မှာလည်း ကုသိုလ် ပါရမီတွေ ပြုဖြစ်နေဦးမှာပါ ...

ဒါဆိုရင် နိဗ္ဗာန်နဲ့လည်း တဖြည်းဖြည်း နီးသွားတော့မှာပါ ...

အဓိကကတော့ ဘယ်လို အာရုံပဲ ကြုံလာကြုံလာ၊ ကြုံလာတဲ့ အာရုံကို အကြောင်းပြုပြီး ကုသိုလ် ဖြစ်သွား ဖို့ပါ ...

ဒါကို ကို


https://www.facebook.com/photo.php?fbid=656155631091745&set=a.572785052762137.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...